Subscribe News Feed Subscribe Comments

တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ..။



ခီခန့်လေးခုတလော စာအုပ်တွေလိုချင်လို့ လိုက်ရှာနေတာ.. ရှမ်းလူမျိုးနဲ့ပက်သက်တဲ့ စာအုပ်တွေလိုချင်နေတာဗျ..။ အဲဒါ အစ်မတယောက်နားကနေ တိုင်းရင်းသား နဲ့ ပက်သက်တဲ့ စာအုပ်တော့ရလာတယ်.. လိုချင်တဲ့စာအုပ်တော့ မရသေးဖူးရယ်..။ သူငယ်ချင်းနားဓါးပြတိုက်ရမဲ့ပုံပဲ.. ဓါးပြတိုက်ဖို့လဲ သူက တရားစခန်းဝင်နေတာနဲ့ မတိုက်ရသေးဖူး..။ အခု ဒီစာအုပ်ကို တောင်ကြီးက ကျတော့်အစ်မက သူကိုယ်တိုင် ၂ ရက်လောက် အပ်လုဒ် လုပ်ပေးတာဗျ.. မြန်မာပြည်က ကော်နက်ရှင်က သိတဲ့အတိုင်းပဲလေ.. ။ အဆင်မပြေလို့တဲ့ဗျာ.. ၃ နာရီတောင် ကြာတယ် ။ ပို့ပေးတဲ့ အစ်မကို ဒီကနေပဲ ကျေးဇူးတင်စကားပြောနိုင်ပါတယ်ဗျာ... ။ တောင်ကြီးပြန်မှ မှန့်ဝယ်ကျွေးမယ်လို့ပြောထားတယ်..။ စာအုပ်နံမည်က ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများတဲ့..။( ရှမ်း ဆိုပြီး အမဲကွက်ထဲမှာရေးထားသေးတယ် မြင်တဲ့အတိုင်းပါပဲ.. :P)
ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဇန်န၀ါရီလ၊ ၁၉၆၈ ခုနှစ်က ထုတ်တာပါ..။

ဆိုရှယ်လစ်လမ်းစဉ်ပါတီ အကြောင်းတော့ ကျတော်မသိဖူးရယ် ဒါပေမဲ့ စာအုပ်ကို ဖတ်တော့ မမှားသင့်တဲ့ စာလုံးပေါင်းအမှားတွေနဲ့ တချို့အကြောင်းအရာတွေ တော့တွေ့တယ် ။ ကျတော်က ရှမ်းလူမျိုးဆိုတော့ ရှမ်းနဲ့ပက်သက်တာပဲဖတ်လိုက်ပါတယ်.. ကျတော် မသိတဲ့အမှားတွေလဲရှိမှာပါ.. ကျတော်သိသလောက်ကတော့..
သံလွင်မြစ်ကို ရှမ်းများက နမ့်ခေါင် ဟုခေါ်သည် (စာမျက်နှာ ၇ )
အဲ့နေရာမှာ.. စာလုံးပေါင်းမှားတာလို့ထင်ရပေမဲ့ သံလွင်မြစ်ဟာ ရှမ်းပြည်ရဲ့ အကြီးဆုံးမြစ်တစင်းပါ၊ အထင်ရှားဆုံးမြစ်ကြီးတခုပါ.. နမ့်ခုံး ကို နမ့်ခေါင်လို့ မှားရေးတာလို့ပဲ တချို့လူမျိုးတွေ ထင်ကြမယ်လို့ ထင်ပါတယ်.. ။ ကျတော်ကတော့ စာလုံးပေါင်းမှားတယ်လို့ မယူဆပါဖူး..။ ရေငန် လို့ ရွာငန် ကိုလဲမှားရေးထားပါတယ်.. (စာမျက်နှာ ၁၇) နဲ့ ပအိုဝ်း ကိုလဲ ပအို့ဝ် လို့ပဲရေးထားပါတယ်..။
ကျတော်မသိတဲ့ တချို့အမှားတွေလဲရှိမှာပါ.. တခြားတိုင်းရင်းသားတွေတော့ မသိဖူး ကျတော်ကရှမ်းဆိုတော့ ရှမ်းနဲ့ပက်သက်တာပဲ ဖတ်တယ်... ရှမ်းလူမျိုးနဲ့ပတ်သက်တာပဲသိတယ် ဒါတောင် ကျတော်မသိတဲ့ တချို့အကြောင်းအရာတွေလဲရှိမှာပါ..။
နောက်တခုကတော့.. မိသားစုအမျိုးတော်စပ်ပုံမှာ..
မဲ့ထောက် = အဖွား
ပေါ့ထောက် = အဘိုး လို့ရေးထားတယ်
မဲ့ထောက် ဆိုတာ အမယ်အို
ပေါ့ထောက် ဆိုတာ အဘိုးအို လို့ကျတော်တို့ခေါ်တယ်ဗျ...။
ပူ = အဘိုး
နှိုင်း = အဖွား လို့ခေါ်ပါတယ်ခင်ဗျာ.. ။ ကျတော်မှားတာလား သူတို့မှားတာလားတော့ မသိဖူးရယ်... :P

လန်ထိန်း တဲ့ တူမကို လန်ယိင်း လို့ကျတော်တို့ခေါ်တယ်..။ နောက်ပြီး..
နဆန် = ဦးလေး ဒီနေရာမှာ အဖေဘက်ကတော် တာနဲ့ အမေဘက်က တော်တာ အခေါ်အဝေါ်ကွဲပြားပါတယ်..။ အခေါ်အဝေါ်ကိုကြည့်ပြီး ဘယ်ဘက်ကတော်တယ်ဆိုတာ ခွဲခြားနိုင်ပါတယ်..။
နဆန် = ဦးလေး (အမေဘက်) အနောက်က ဆန် ကို ချန်ပြီးတော့လဲ ခေါ်နိုင်ပါတယ်
ဥပမာ ။ ။ “နဆန်အိုက်စိုင်း”ပေါ့ အဲဒါကို “နအိုက်စိုင်း” လို့လဲခေါ်နိုင်ပါတယ်..။
အာ = ဦးလေး (အဖေဘက်) အဖေဘက်ကတော်တာကို “အာ” လို့ခေါ်ပါတယ်..။
(သူတို့မသိဖူးထင်ပါရဲ့.. :)နောက်ပြီး ဦးကြီးကို ကျတော်တို့က လုံး လို့ပဲခေါ်တယ်ဗျာ..။ အနောက်က လုံကို ထည့်မခေါ်ဖူး..။ အဲ့ဒါတွေ တွေ့ပြီးတော့ စာအုပ်ကို ဆက်ဖတ်ချင်စိတ်ကိုမရှိတော့ဖူး... တင်ဖို့လဲ စဉ်းစားပါသေးတယ်... ။ ကျတော်တင်လိုက်ရင် တခြားတိုင်းရင်းသားတွေ ကျတော်တို့ ရှမ်းလူမျိုးအကြောင်း လာဖတ်မိမယ်ဆိုရင် အဲ့အမှားတွေကိုမှတ်ယူသွားရင်ဘယ်လိုလုပ်မှာလဲဗျာ... တခြားတိုင်းရင်းသားမှာလဲ အမှားတွေရှိမယ်လို့ထင်ပါတယ်...။ ဒါပေမဲ့ ရှိတာလေးကို မျှဝေချင်တဲ့အတွက် ကျတောင်တင်ပေးလိုက်ပါတယ်ဗျာ.. ချင့်ချိန်ပြီးဖတ်ပေါ့ဗျာ.. ။ ဒေါင်းချင်ရင ဒီမှာ ယူလိုက်ပါ... စာမျက်နှာ ၃၉၄ ရှိပါတယ်..။

ခီခန့် (လူပျင်းလေး)

ဆက်လက်ဖတ်ရှူရန်...

 
လူပျင်းလေး | TNB