ကဲ့.. အဆိပ်ရေ.. ငါပျင်းလို့မရေးတာ အခုတော့ နင်ငါ့ကိုစိတ်ကောက် နေလောက်ပြီထင်တယ် ။ မနေ့က ငါပြောထားတာ နင်မှ ပြန်မပြောတာ ငါ့ကိုစိတ်ကောက်နေတာလား.. ။ အင်း.. အခုတော့ ဒီပိုစ့်နဲ့ပဲ ပြန်ချော့တော့မယ် ဘာမှမဟုတ်ပါဖူးကွာ.. ငါလေနေတာ စိတ်လေနေတာ ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေပေါ့..။ အခုတော့ နင့်ကိုချော့ဖို့ ငါပိုစ့်တင်လိုက်ပြီနော်..။ အမှတ်တရ nick name..... တဲ့ ငါက ဒီဘလော့ဂ် လုပ်ခဲ့တဲ့ လူပျင်းလေး ကိုရေးခိုင်းမလို့ သူကမအားလို့တဲ့ နင်နားလည်ပေးနော်..။ အခုတော့ ခီခန့်ရေးလိုက်တော့မယ်..။ ငါက ဒီဘလော့ကို စလုပ်ခဲ့တာမဟုတ်ဖူးလေ.. အဲဒါကို ဒီမှာ ပြောပြထားတယ် ။ သူရေးထားတာနဲ့တင် ငါပြန်ရေးဖို့မလိုတော့ဖူးထင်တယ် အဟီး... နင့်ကိုချော့ဖို့ဆိုတော့လဲ ငါနဲနဲ အာချောင်လိုက်ဦးမယ် အဟဲ..။
http://blazy-ngapyin.blogspot.com/ ကိုနဲနဲ ပြောပြမယ် အဟီး..။ blazy ဒါကတော့ကွာ.. busy နဲ့ lazy ကိုပေါင်းထားတာကွ..။ အလုပ်လဲများတယ်ကွာ.. ပျင်းလဲပျင်းတယ်ကွာ... အဲဒါကို ဉာဏ်တော် စူးရှတဲ့ လူပျင်းလေးက busy နဲ့ lazy ကို blazy လို့ပေါင်းရေးလိုက်တာကွ ။
နောက် ngapyin ကတော့ ငပျင်းပေါ့ကွာ..။ အဲဒါနဲ့ “blazy-ngapyin” ဖြစ်လာရော... လူပျင်းလေးပေါ့ကွာ... အဲဒါပါပဲ..။ ငါ့အနေနဲ့ ပြောရရင်တော့ ခီခန့်ပေါ့ ။ အဟီး လူပျင်းလေးနဲ့ ငါနဲ့ကတော့ ပျင်းတာလဲတူတယ်ကွာ.. ချက်တင်မှာလဲ .. တော်တော်ခင်တယ်ကွာ..။ တန်ဆောင်တိုင်ကနေ အခုထိ တွဲလာတာပေါ့..။ အဲတုန်းက ys myo ပေါ့ကွာ.. သူ့နံမည်က အရှေ့ က y နဲ့ s က ထားခဲ့ဖူးတဲ့ ရည်းစားနံမည်လိုလို ဘာလိုလိုပေါ့ကွာ..။ အဟီး.. ငါဖွလိုက်ဦးမယ်.. မေးကြည့်တော့ ဟုတ်တယ်တဲ့ သူများတွေလိုပေါ့တဲ့.. အဲတုန်းက သူဖြေတာနော်..။ နောက်တော့ ငါမေးကြည့်တော့ မဟုတ်ဖူးတဲ့ ys က သူ့ ကိုမွေးခဲ့တဲ့မြို့နံမည်ဆိုပဲ<3<3 အလကားနံမည်ယူတာ သိလား ရည်းစားလဲ မရှိပဲနဲ့ ထားခဲ့ဖူးတဲ့ ရည်းစားနံမည် ဆိုပြီးလုပ်သေးတယ်..။ အနောက်က myo ကတော့ သူ့နံမည် မျိုး ပေါ့ကွာ.. ဒါပဲ သူ့အကြောင်း ငါဖွသလောက်တော့ ကြည့်နေ.. သူပိုစ့်မတင်လို့ကတော့ ထပ်ဖွ ဦးမယ် အလုပ်ပင်ပန်းနေတယ်ဆိုလို့ပေါ့ကွာ..။
ငါ့ nick name တွေကတော့ ချရေးရရင်တော့ ပြီးမှာမဟုတ်ဖူး...
(၁) တောင်ကြီးမိသားစု မှာကတော့ အိုက်ချီခန့် တဲ့ ဒီမှာတော့ ခီခန့် ပေါ့ကွာ..။
အိုက်ချီခန့်ကတော့ ရှမ်းလိုရေးထားတာ.. နားဝင်ချိုအောင်ပြောရရင်တော့ လူပျင်းလေးပေါ့ အဟီး..။ လူငယ်စကားနဲ့ဆိုရင်တော့ သောက်ကောင်ငပျင်း ပေါ့ကွာ.. အဲဒါကတော့ ငါ့အဖေ ပေးထားတာ.. အဟီး.. ကျုရှင်က ဆရာမတွေလဲ ငါ့ကို သောက်ပျင်းလို့ ခေါ်တယ် အဟီး.. ငါကလဲ တကယ်ပျင်းတာ.. စာဆိုစိတ်မပါဖူး အဲတွက်စာတော့ရတယ်ဟ အဲဒါကြောင့် ငါ့ကိုရိုက်လို့မရဖူးလေ.. စာတွက်ခိုင်းရင်တော့ ငါကတွက်တတ်တယ်ဆိုတော့ ငါ့ကို ဆူပါလေရော.. အဟီး... ရှမ်းတမျိုးလုံး ငါ့ကြောင့် အပြောခံလိုက်ရသေး ရှမ်းလူမျိုးတွေက သောက်ပျင်းတွေ ဆိုဖီး ပြောလိုက်တယ်.. အဟီး .. အဲဆရာမလဲ ရှမ်းလူမျိုးပဲ.. အဟီး..။
(၂) toiletwall မှာတော့ အိုက်ချီခန့်( ချယ်ဆီးမ ) ပေါ့ကွာ..
ဒါကတော့ ငါကမိန်းခလေးပုံတင်ထားတာကိုး အဲတုန်းက ငါက ချယ်ဆီး ကိုအားပေးတော့ ငါ့ကိုမိန်းခလေး ထင်ပြီး ချယ်ဆီးမ လို့ခေါ်ကြတာ.. ငါလဲသောက်မြင်ကတ်ဖီး ရှင်းမပြတော့ဖူး ချယ်ဆီးမ ဆိုပြီး မိန်းခလေးဂိုက်ဖမ်းလိုက်သေး နောက်တော့ ယောက်ကျားလေးတွေက ငါ့ကိုလာလာ ပြီးကော်မန့်လာပေးလွန်းလို့ အဲတော့မှ ငါက အိုက်ချီခန့် (ချယ်ဆီးမ) လို့ပြောင်းလိုက်တာ.. အဟီး တခါတည်းပြေးကြရော..အဟီး..။
(၃) နတ်သဘင် မှာတော့ လူပျိုရှမ်းနတ်ပေါ့..
လူပျိုရှမ်းနတ်လို့ပေးဖြစ်တာကတော့ ချက်တင်မှာကွာ မိန်းခလေးတွေက asl ကိုလာလာမေးရင် ငါက 18 လူပျို တောင်ကြီးသား ဆိုပြီး ပြန်ပြောတတ်တယ်ဟ... နတ်သဘင်ကိုဝင်တော့ ငါက ရှမ်းလူမျိုးဆိုတာလဲ ပါချင်တယ် လူပျိုဆိုတာလေးကြွားချင်တာနဲ့ လူပျိုရှမ်းနတ် ဆိုပြီးပေးလိုက်တယ်.. ပိုင်တယ်မလား.. အဟီး..။ ရှမ်းကြီး လို့လဲ တချို့ကခေါ်ကြတယ်.. ကိုလူပျို ဆိုလဲ ချစ်စနိုးနဲ့ခေါ်ကြသေးတယ်..။ အဲတချို့ကျတော် ကိုလူပြိုတဲ့.. ရရင့်နဲ့ ပြို လိုက်တယ်.. အဟီး.. အဲလောက်ချစ်ကြတာ...။
(၄) Real Myanmar Hip Hop မှာတော့ $ H K ပေါ့..
Real Myanmar Hip Hop မှာတော့ နံမည် အရင်းကို အတိုကောက်ပဲ ပေးလိုက်တယ် အဟီးး... K H $ ကိုကြိုက်လို့လဲပါတယ်.. ဆင်တူလေး ရွေးလိုက်တယ်.. အဟီး.. ပိုင်တယ်နော်...။
(၅) ပီအိုက် ၊ ပီ.. တဲ့ အဟီး... ဒါကတော့ မိန်းခလေး နှစ်ယောက်ခေါ်တာ ကျတော့်ကို.. အဟီး.. ပီအိုက် ဆိုတာကတော့ ကျတော့်ညီမလေး ခေါ်တာ.. ကျတော့်ကို ပီအိုက် ဆိုပြီးအမြဲတမ်းခေါ်တယ်.. နံမည်ကိုမခေါ်ဖူး.. ကျတော်ကလဲ အဲလိုခေါ်တာကိုပဲကြိုက်တယ်.. ကျတော့်ကို အစ်ကိုဆိုပြီးသတ်မှတ် ပြီးမှအဲလိုခေါ်တာ.. ကျတော်က သူ့ကို အီနန်း လို့ခေါ်တယ်.. အဟီး.. ကျတော်တို့ မောင်နှမ ငယ်ငယ်တုန်းက ခွဲနေရတယ်ဟ ကျတော်ကျောင်းသွားတက်တာလေ.. အဲမှာ အိမ်ပြန်လာတော့ ပါးဖောင်းဖောင်းနဲ့ ကလေးလေး တယောက် ကိုအိမ်မှာတွေ့တယ် အမေကလဲ သူ့ကိုအရေးပေးလွန်းတယ် မေးကြည့်လိုက်တော့ “အဲဒါသားညီမလေးလေ အီနန်းလို့ခေါ်ကြည့်” တဲ့ အဲတုန်းက ကျတော် ညီမလေးဆိုတဲ့ အဓိပ္ပါယ် ကိုနားမလည်သေးဖူး.. သူ့ကိုလဲ အမေက “ဒါ သမီးရဲ့အစ်ကိုလေ.. ပီအိုက်လို့ခေါ်လိုက်” လို့ပြောတယ်အဲတုန်းက တော့ တယောက်နဲ့တယောက် စိမ်းနေကြတယ်.. သူ့ကိုအမေက အရေးပေးလွန်းတော့ ကျတော်ဆို “အမေငါ့ကိုမချစ်တော့ဖူးလား” ဆိုပြီး အတွေးတွေဝင်သေးတယ် ။ နောက်ပိုင်းညီမလေးဆိုတာကို နားလည်တော့ အဲလိုအတွေးမျိုးမတွေးတော့ သလိုသူ့ကိုလဲ ပိုပြီးချစ်လာတယ် မောင်နှမ တွေဆိုတာကိုနားလည်ပြီးချိန်ပေါ့ အဲတုန်းက ကျတော် (၆) နှစ်လောက်ပဲရှိဦးမယ်ထင်တယ်..။ သူလဲ ကျတော့်ကို ပီအိုက် ဆိုပြီး အမြဲတမ်းစခေါ်လာသလို ကျတော်ကလဲ “အီနန်း” ဆိုတာပဲခေါ်ဖြစ်တယ် အခုအချိန်ထိပဲဆိုပါတော့ နံမည်ကိုမခေါ်ဖူးသေးဖူး... “အီနန်း” နဲ့ “ပီအိုက်” ဆိုတာပဲ ကျတော်တို့မောင်နှမသုံးတယ်..။
အဲ ပီ ဆိုတဲ့တခုကတော့.. အဟီး... ကျတော့်ချစ်သူကောင်မလေး ကခေါ်တာပေါ့.. ဖုန်းဆက်တိုင်း သူက ပီ ဆိုပြီးအမြဲတမ်းခေါ်တယ် ။ အပြင်မှာတွေ့လဲ အဲဒါကိုပဲ သူခေါ်တယ်.. အဟီး... အဲလိုခေါ်တာကိုပဲ ကျတော်သဘောကျတယ်.. အဟီး..။
(၆) အိုက်စိုင်း.. တဲ့ ဒါကတော့ အမျိုးတွေနဲ့ အဖေ အမေ တို့ခေါ်ကြတာ.. ရှမ်းလို ခေါ်ကြတာပေါ့.. အဲလိုခေါ်တာပဲကျတော်ကလဲ သဘောကျတယ်။ အဲလိုပဲတမျိုးလုံးခေါ်ကြတာ.. နံမည်အရင်းကိုတော့ သိပ်မခေါ်ဖူး.. နံမည်အရင်းလဲများပါ့.. ငယ်ငယ်တုန်းက ပထမ ဆုံးနံမည်က စိုင်းတန်းလှူ တဲ့ နောက်တော့ နေမကောင်းလို့ ဆိုလားပဲ စိုင်းလှုခ်ေခမ်း ဖြစ်သွားရော.. အဲဒါလဲ ကျောင်းထားခံနီး နေမကောင်းထပ်ဖြစ်တယ် လို့ပြောတာပဲ နံမည်ထပ်ပြောင်းလိုက်ရော.. အဟီး.. အဲဒါကတော့ မိန်းခလေးနံမည်ကြီး.. သိချင်ရင်တော့ ဂျီတော့မှာလာမေးနော်.. အဟီး... ကိုရင်ဝတ်တော့လဲ ကိုယ်ရင်နံမည်ခေါ်ကြတယ် ရှမ်းတွေကတော့ ကိုယ်ရင်ဝတ်တုန်းက နံမည်ကိုပဲ ခေါ်ကြတယ် ကျတော့်ကိုကြတော့ ဘာလို့မခေါ်ကြလဲမသိဖူး.. အဟီး..
ဝိကျင်တာ တဲ့ ကိုယ်ရင်နံမည်တော့...။
ကဲ့ အဆိပ် အခု ၁၁ နာရီလဲ ထိုးပြီ ငါလဲမအိပ်ရေသေးဖူး အခုအိပ်တော့မယ်နော်... နင့်ကိုကျေးဇူးတင်တယ် ဒီပိုစ့်ထဲမှာ ငါရေးချင်တဲ့ အကြောင်းအရာအချို့ကိုလဲ ချရေးလိုက်တယ်... ကျေးဇူးပဲကွာ... အခုတော့..စိတ်သိပ်မလေ တော့ဖူးလို့တော့ထင်တာပဲ.. ကဲ့ကျေနပ်တော့နော်.... ဘယ်သူ့ကိုမှ ထပ်မတဂ့်တော့ပါဖူးကွာ... တော်ပါပြီ..။
အမှတ်တရ nick name
ထားခဲ့ဖူးသော ရည်းစားများ ။
ဟူး... ခက်ပါ့တောက်ဆိပ်ခွက် ပေါ့ ကျတော့်ကို မညာမသာတဂ့်ထားတာ ဘယ်လိုရေးရင်ကောင်းမလဲလို့ စဉ်းစားနေတာ ချရေးဖို့လဲ ၀န်လေးနေမိတယ် ဘော်ဒါအရင်းခေါက်ခေါက်ဆိုတော့လဲ မရေးရင်လဲ မရဖူး အဲကောင်က လာသတ်မှာ :D ။ အင်းလေ.. ဖြစ်လာသမျှ ကံကိုပဲပုံချရတော့မှာပေါ့ အမှန်အတိုင်းပဲချရေးလိုက်တော့မယ် ။ “ယောက်ကျားကောင်းမောင်းမတထောင်” ပေါ့ကွာ လို့ နှလုံးမူပြီးချရေးလိုက်ပေတော့မယ် ။ မှောက်ဖော်သောက်ဖက် ချစ်ဦးလေးခီလောက် လဲဖြစ်လာသမျှကို ရင်ဆိုင်မယ်ဆိုပြီး ချရေးလိုက်ပြီ ။ အဟီး ဖွရင်ကောင်းမလားလို့ အဟီး အကြောင်းအရာ တခုကိုချန်ထားတယ်လို့တော့ ကျတော်ခီခန့်လေးက ထင်တယ် အင်းလေ.. မဖွတော့ပါဖူး သူလဲရေးပြီးပြီဆိုတော့ ခီခန့်လေးလဲရေးရတော့မှာပေါ့ ။
ငယ်ငယ်တုန်းကတည်းက ရွာပြန်သွားလိုက် တောင်ကြီးပြန်တက်လာလိုက် ဆိုတော့ နေရာနဲနဲ စုံတယ် ကျောင်းလဲ ဟိုကျောင်းပြောင်းလိုက် ဒီကျောင်းပြောင်းလိုက်ဆိုတော့ သူငယ်ချင်းလဲစုံတယ် အဲ.. အဲ.. ရည်းစားလိုလို ဘာလိုလို မိန်းခလေး သူငယ်ချင်းတွေလဲ များတယ်ပေါ့ ဒါကိုပြောချင်တာပါ အဟီး :D ။ တကယ်တမ်းချစ်တာကတော့ မိန်းခလေးတယောက်ကိုပဲ တကယ်ချစ်ခဲ့တာပါ ။ ဒီလိုပဲ သူငယ်ချင်းတွေက “အဲကောင်မလေးမိုက်တယ် မင်းလိုက်မလား မင်းနဲ့ဆိုလိုက်တယ် မင်းမလိုက်ရင် ငါလိုက်မယ်” ဆိုပြီးလက်တို့ပြီးပြော ဘာလိုလိုနဲ့ သူတို့မြောက်ပေးတာတွေကို ရည်းစားဆိုပြီး ချရေးလိုက်ရလို့ကတော့ ပြီးမှာမဟုတ်တော့ဖူး ။ ဦးရှင်ကြီးပြောသလို ရင်ခုန်တုန်း ခဏ ဖြစ်လာတဲ့ ခံစားမှုကို မှားယွင်းစွာ “အချစ်”လို့ အမည်တပ်ခဲ့တာတွေကိုပဲ ချရေးလိုက်တော့မယ် အဟီး ။
စပြီနော်…
(၁) ။ ။ ချစ်တယ်ဆိုတာကိုတော့ ငယ်ငယ်ကတည်းကပြောတတ်ခဲ့တယ်ဟ မလွယ်ဖူးနော် စိတ်ထဲကမပါပဲ ပြောရတာတော့ နဲနဲခက်တယ် ဒါပေမဲ့ ငယ်တုန်းကတော့ ပြောလိုက်တာပဲ အခုတော့ လွယ်လွယ်မပြောတော့ဖူး..။ အင်း… စရမယ်ဆိုရင်တော့ ကလေးလေးဘ၀ကတည်းက စရမယ်ထင်တယ် ပထမတန်းတက် တာကနေစပြောရမယ် ထင်တယ် အဲမှာ မိန်းခလေး သူငယ်ချင်းတယောက်ရှိတယ်ဟ သူ့ကိုပဲ ကျတော်နဲ့လိုက်လိုက်စကြတယ် ကြာလာတော့ သူနဲ့တွေ့ရင်ရှက်သလိုလို ဘာလိုလိုဆိုတော့ သူများတွေက ပိုစကြရော.. ဒါနဲ့ရှုပ်လာတော့ ချစ်တယ်လို့ပြောလိုက်တယ် ပြီးရော..။ အဲဒါကနေ စလိုက်တာ.. ကျောင်းပိတ်လဲ ကျတော်ရွာပြန်ရင် ကျတော်နဲ့ အဲမိန်းခလေးနဲ့ ပဲစကြတယ် အဟီး.. ပွဲမှာတောင်တွဲကလိုက်ရသေးတယ် အဟီး..။ အခုတော့ ယောက်ကျားယူသွားတာ (၄)နှစ်လောက်ရှိပြီ ခလေးတောင်မွေးပြီထင်ပါ့ ။
(၂) ။ ။ ကျတော်(၂)တန်းလောက်ကပေါ့ အမျိုးလဲမကင်းတဲ့မိန်းခလေးသူငယ်ချင်းရှိတယ်
သူတို့ မောင်နှမ (၃) ယောက် သူ့အစ်ကိုက ကျတော်တို့ထက် အသက် (၄) နှစ်လောက်ကြီးမယ်ထင်တယ် ကျတော်နဲ့ အလတ်တယောက်နဲ့ကတတန်းထဲ အငယ်မ ကတော့ ကျတော်ထက် (၁)တန်းငယ်တယ် ။ အလတ်မရယ် ၊ ကျတော်ရယ် ၊ နောက် ယောက်ကျားလေး သူငယ်ချင်းတယောက်ရယ် တခန်းထဲပေါ့ အစကတော့ တူတူဆော့ကြတာပဲ အမျိုးတွေလဲမကင်းဖူးဆိုတော့ အရမ်းခင်တယ် ကျတော်နဲ့ နောက်ပြီး သူက စာတော်တယ်လေ ကျတော်က အခန်းထဲမှာစာအရမ်းညံတယ် စာကျက်လဲတူတူပဲ သူနဲ့သူကစာတော်တော့ ကျတော့်ဒေါ်လေးက သူနဲ့နိုင်းနိုင်းပြီး ကျတော့်ကိုအမြဲဆူတယ် နောက်ပြီးအငိုသန်လို့ သူ့ထမိန်ကိုဌားပြီး ကျတော့်ကိုဝတ်ခိုင်းခဲ့သေးတယ် အဟီး အရင်တချိန်ကတော့ ရင်နှာစရာပေါ့ ခုအချိန်တော့ပျော်စရာအဖြစ်ပြန်တွေးတယ် သြော်.. ငါဘယ်လောက်စာညံလဲ..? ဘယ်လောက်အငိုသန်ခဲ့လဲ..? ပေါ့ မိန်းခလေးထမိန်ကိုတောင် ၀တ်ရတော့မလို့ လို့ပေါ့ အဟီး..
ကျတော့်ကိုရိုက်တဲ့ ပေတံတောင် ကွေးသွားတယ် ဒေါ်လေးက သူအပ်ချုပ်သင်တဲ့ ဒန်ပေတံနဲ့ ရိုက်တော့ ကြာတော့ ပေတံက ကွေးသွားတယ် အဟီး ကျတော်ကတော့ မထူးဖူး အဟီး.. အဲလောက်တော်တာ… ခီခန့်လေးက… အဲမှာပေါ့ ယောက်ကျားလေး သူငယ်ချင်းက ထဖောက်တယ် အလတ်မကို သူကချစ်နေပါတယ်ဆိုပြီး ကျတော့်ကို လာပြောရော ကျတော်က ဘယ်ရမတုန်း ဒါငါ့အမျိုးကွ မင်းကဘာလဲ ညာလဲပေါ့.. ဟိုကောင်ကလဲ ငါချစ်လို့ချစ်တယ်ပြောတာ ဘာဖြစ်လဲပေါ့ အဲဒါ ထရန်ဖြစ်ကြပါရော.. မရဖုး ငါ့အမျိုး ငါချစ်တာ ဆိုပြီး .. ဖိုက်ကြတယ်.. အဟီး..အဲလောက်အမျိုးချစ်တာနော့.. အဲဒါ အလတ်မ သိသွားတော့ ငိုပါလေရော.. ဘာမှမဆိုင်ဖူး ကျတော်တို့ရန်ဖြစ်တာ သူကငိုတယ်တဲ့ အငယ်မက လာပြောတာပေါ့ ငါ့အစ်မငိုနေတယ် နင်တို့ရန်ဖြစ်လို့တဲ့ ဆိုတော့ အဟီး.. ချက်ချင်း ရပ်သွားတယ်.. အဟီး… သူနဲ့ကတော့ သူငယ်ချင်းသံယောဇဉ်ပါပဲ အမျိုးမကင်းဘူးလေ.. နောက်တော့ ကျတော်ကျောင်းပြောင်းသွားတယ်
သူကတော့ အခုဆေးကျောင်းတက်နေတယ် အဆက်သွယ်တော့မရှိဖူး ကြီးလာတော့ ရှက်သလိုလို ဘာလိုလိုနဲ့ မခေါ်ကြတာ… အဲလိုနဲ့အနေစိမ်းသွားတယ်ဟ..။ ဘာလို့လဲမသိဖူးနော် မိန်းခလေးငယ်သူငယ်ချင်းတွေဆို အဲလိုဖြစ်သွားကြတယ်ဟ..။ အဲမှာ မိန်းခလေး သူငယ်ချင်းကိုချစ်တယ်လို့ဖွင့်ပြော ခဲ့ပြန်တယ်..။
(၃) ။ ။ နောက်ကျောင်းက အ.မ.က (၂၂) ပေါ့ ကျတော့်ဒေါ်လေး အိမ်နဲ့နီးတယ်လေ အဲမှာတော့ ချစ်တယ်လို့တော့မပြောခဲ့ဖူး သူနဲ့လည်း သူငယ်ချင်းပါပဲ တခုံထဲထိုင်တာဆိုတော့။ သူ့မှာ အစ်ကိုအမွှာ ရှိတယ် ကျတော်နဲ့ ကသူငယ်ချင်းပေါ့ သူ့အစ်ကိုနဲ့ ကျတော်က အရမ်းခင်ကြတယ် ။ အဲမှာ သူနဲ့ သူ့အစ်ကို နှစ်ယောက်နဲ့ ကျတော်နဲ့ တတွဲပေါ့ အဟီး.. ဘာမှန်းမသိဖူး သူမနဲ့တော့ ပိုတွဲဖြစ်သလိုပဲ သူ့အစ်ကိုတွေကလည်း ကျတော်နဲ့အရမ်းခင်တော့ သူများတွေက လိုက်စ ဘာညာ ဆိုတော့ အဟီး.. “ယောက်ဖမင်းညီမကို ငါချစ်တယ်ကွာ” လို့ပြောလိုက်တယ် ဟိုကောင်တွေကလဲ “အင်းရတယ်တဲ့ မင်းနဲ့ ငါတို့ ကအခင်ဆုံးသူငယ်ချင်းတွေပဲ” တဲ့ ကြည့် ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ကောင်တွေလဲ အဟီး.. အဲလိုနဲ့ နှစ်ယောက်သား ကျောင်းက မျက်ခင်းစိမ်းလေးပေါ်မှာ လက်မတွဲယုံတမယ် နှစ်ကိုယ်ယှဉ်လျှောက်လိုက်သေးတယ်.. အဟီး တရက်ထဲပါ ကျောင်းနောက်ဆုံးနေ့မှာလေ.. အဟီး..။ နောက်နှစ် နောက်ကျောင်းပြောင်းတော့ ကွဲသွားတယ် မေ့လိုက်ရော ဒါပေမဲ့ အခုအချိန်တော့ ပြန်သတိရပါတယ် သူငယ်ချင်းတွေကိုပေါ့ ငယ်သူငယ်ချင်းတွေကိုတော့ ပြန်တွေ့ချင်မိပါတယ်..။ ဟိုယောက်ဖ နှစ်ယောက်ကိုပေါ့ အဟီး..။
(၄) ။ ။ အင်း ကျတော် (၅) တန်းမှာတော့ အ.လ.က (၄) မှာတက်တယ် (၅) တန်းမှာ ကျောင်းသားသစ်ဆိုတော့ နဲနဲငြိမ်လိုက်တယ် အဟီး… စာညံတာကိုး.. အဟီး..
(၆)တန်းနှစ်ရောက်တော့ မိန်းခလေး သူငယ်ချင်းတယောက်ကို သံယောဇဉ် ဖြစ်မိတယ် စတွေ့တာတော့ (၅) တန်းကတည်းကပဲ သူက ကျန်းမာရေးမကောင်းဘူးလေ ကျုရှင်မတက်ပဲနဲ့ ကျုရှင်လခ လာလာပေးလို့ သူ့ကို သတိထားမိတာ ။ နောက်တော့ ...
လှတယ်ဆိုတော့ အဟီး.. နဲနဲရင်ခုန်သလိုလိုဖြစ်လာတယ်ပေါ့ အဲဒါနဲ့ သူ့ကိုတော့ အရူးမူးဖြစ်ခဲ့တာ အမှန်ပါ ကျတော်က လိုချင်ရင် အရူးမူးဆိုတော့ အဟီး.. မျက်ရည်လေးတောင် ကျပြလိုက်သေးတယ် ကဗျာစာအုပ်မှာ ကဗျာတွေတောင်ကူးပေးလိုက်သေးတယ် သီချင်းလေးတောင်ဆိုပြလိုက်သေးတယ် အဟီး... အရုပ်လေးတွေ
လဲဝယ်ပေးလိုက်သေးတယ် သူကတော့ (၁၀) တန်းအောင်စာရင်းထွက်တဲ့ နေ့မှာအဖြေပေးမယ်တဲ့ အဲတုန်းက
သူပြောတာ (၇)တန်း တုန်းကပြောတာ နောက် (၃) နှစ်စောင့်ဆိုတဲ့ သဘောပေါ့ အဟီး.. ခီခန့်လေးလဲ မစောင့်နိုင်တော့ ဖူး.. နောက်ကျောင်းပြောင်း မေ့.. အဟီး.. အခုသူနဲ့တော့ အွန်လိုင်းမှာပြန်တွေ့ပါတယ် သူငယ်ချင်းပါပဲ တခါတလေ စနောက်တာကလွဲလို့ပေါ့ အဟီး.. အခုတော့ ရင်ခုန်တော့ဖူး အဲဒါကြောင့် ချစ်တယ်လို့ ထပ်မပြောတော့ဖူး ..။သူကပြောတယ် ကျောင်းပြီးရင် လက်ထပ်တော့မယ်တဲ့ သူ့အမေရဲ့ သူငယ်ချင်းသားတဲ့ အဟီး.. အိမ်ထောင်ရေးအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးလိုက်တယ်။ အဟီး ..ဒီမှာလဲ မိန်းခလေးသူငယ်ချင်းကို ချစ်တယ်လို့ ဖွင့်ပြောမိပြန်တယ် ။
(၅) ။ ။အဟီး.. ဒါတော့ အရှုပ်လေးတွေ ပေါ့ အဟီး.. ရွာမှာ ပေါ့ ကောင်မလေးတယောက် “ဆံညပ်” လေးနဲ့အရမ်းလှတာ သူနဲ့လဲ အမျိုးမကင်းဖူး အဟီး.. တရွာလုံး အမျိုးတွေပဲ အဟီး... သူ့ကိုတော့ တော်တော်ရူးရူးမှုးမှုး လိုက်ခဲ့ပါတယ် အဟီး.. ထင်သလိုတော့မဖြစ်လာဖူး သူက ကျတော့်ကို ပက်ပက်နဲ့စက်စက် ဖြစ်အောင် ပြောလွတ်လိုက်တယ်.. အဟီး အဲ့တုန်းက စိတ်နာခဲ့တယ် ထင်တာပဲ ကျတော်ကတော့ ဘာမှပြန်မပြောပါဖူး မျက်နှာလေး ပြုံးပြီး အပြုံးနဲ့ပြန်လှည့်လာတယ်ပေါ့ အဟီး... နောက်တော့ ကျတော် (၁၀) တန်းပြီးတော့ သူက ပြန်လာဆက်ချင်တယ် ခီခန့်လေးတို့ကတော့ အကျန်မစားဖူး အဟီး.. အလိမ်မာနည်းနဲ့ ခါချလိုက်တယ်အေးရော.. အီစီကလီလေး တွေတော့ပြောတာပေါ့ ဒါပေမဲ့ ချစ်တယ်လို့ ထပ်မပြောဖြစ်တော့ဖူး အင်းလေ ... ကျတော်ပြောတုန်းက သူပြန်တုံပြန်တာ နဲနဲ ယဉ်ကျေးနေမယ်ဆိုရင်တော့ ကျတော်လဲ မစိမ်းကားပါဖူး အဲတခါပဲ ကျတော် ပက်ပက်နဲ့ စက်စက်ဖြစ်အောင် အပြောခံရတာ.. အဟီး..။ အခုသူလဲ ယောက်ကျားယူလို့ ကလေးမွေးနေလောက်ပြီ အဟီး (၂) နှစ်လောက်ရှိပြီပေါ့ သူယူတာ ကျတော် ဒီကိုလာတာနဲ့ ယူလိုက်တာပဲ.. အဟီး..။
(၆) ။ ။ အဟီး.. ဒါလဲ အရှုပ်ထုပ်ပဲ အဟီး... ဒါကတော့ (၈)တန်း နွေရာသီကျောင်းပိတ်တုန်းကပေါ့ (၁၀) ရက်လောက်ရွာပြန်ရတယ်လေ.. အဟီး.. တပေါင်းဘုရားပွဲပေါ့ ဒါကို အိုက်ခီလောက်က ဒီလိုရေးထားပါသေးတယ်
အင် ထပ်ကြောင်ကျိန် နဲ့ ထပ်ကြောင်ပင်း (ရှမ်းအခေါ် ) ကိုတော့ ကျတော်ကတော့ (၂) ပွဲစလုံးလည်တာပဲ မရဖူး ။ ထပ်ကြောင်ကျိန် ကပွဲခင်းတခု လုံးအမျိုးတွေပဲ အဟီး.. ဆော် အီလို့မရဖူးလေ.. ထပ်ကြောင်ပင်း ကိုပြေးတာပေါ့ အိုက်ခီလောက်မသိအောင် သူကမရဖူး သိရင် ည(၁၁) နာရီသူများ အီလို့ကောင်းတုန်းဆိုရင် လာလာ ခေါ်ပြီအိမ်ပြန်ရအောင်တဲ့လေ..။ သူ့ကိုအဲ့တုန်းက သိပ်မကျေနပ်ဖူး တွေ့မယ်ပေါ့ ...။ အဟီး ဘီယာသောက်ရင်း အီတယ်ဆိုတော့ အေးဆေးပဲလေ... နောက်တရက်ရောက်တော့ သူက စာစပေးတယ် အဟတ်..အဟတ်.. ခီခန့်လေး တို့ကတော့ ..ဒီလိုမျိုးဆော်ကြည်တာ.. အဖြေကိုပေးရော.. အဆင်ပြေချက်.. အဆင်မပြေတာကတော့ ..သူ့ဆိုင်မှာ အဟီး.. ညတိုင်းမှုးနေတာပဲ.. မှုးပြီး သူတို့တဲထဲ အိပ်ခဲ့သေးတယ် မိုးလင်းမှ ထပြန်တာ အဟီး.. ဒါကြောင့် အိုက်ခီလောက်က ကျတော့်ကို ည(၁၁) နာရီဆို အိမ်ပြန်ဖို့လာခေါ်တာ မဟုတ်ရင် ပြန်မှာမဟုတ်ဖူး မိုးလင်းပေါက်နေမှာ.. နောက်ပြီး မှုးပြီး ဆိုင်ကယ်မောင်းရင် မှောက်မှာဆိုးလို့ပေါ့ လမ်းတွေက တောင်ထိပ်မှာပဲလေ.. မှောက်ပြီး တောင်အောက်ကျသွားလို့ကတော့ သွားပြီပဲ.. ။ သူက အဲဒါတွေကိုစိုးရိမ်လို့ လိုက်လိုက်ခေါ်တာပါ ။ ဒါပေမဲ့ ခီခန့်လေးက အီလို့ကောင်းတုန်းဆိုတော့ သိပ်မကြည်ဖူး သူ့ကိုပေါ့.. အဟီး.. ။ ဒါလဲ (၁၀) ရက်လောက် ရည်းစားဖြစ်လိုက်သေး.. အဟီး..။ ဒါကလဲ အရှုပ်ထုပ် တခုပေါ့..။
(၇) ။ ။ အဟီး.. ဒါကတော့ ကျတော် (၁၀) တန်းပြီးတုန်းကပေါ့.. အဟီး.. မြိုကပြန်လာတယ်ဆိုတော့ ဆော်ကြည်တာပေါ့ အဟီး... ဒါပေမဲ့ ခီခန့်လေးက တည်ငြိမ်နေပါပြီ.. သိပ်မကျုတော့ပါဖူး အထက်တန်းမှာ ချစ်သူတယောက်ရခဲ့လို့လေ.. သိပ်မကျုဘူးလို့ပြောတာနော်.. ဒါပေမဲ့ရင်ခုန်သံ ကိုတော့ အလိုလိုက်မိတယ် အဟီး.. ကျတော့်နဲ့အရမ်းခင်တဲ့ သူငယ်ချင်း၇ဲ့ ညီမ၀မ်းကွဲ သူက ကျတော်စာဖတ်နေတုန်း.. မိုးက နဲနဲရွာနေတယ်ဟ.. သူက သူ့မောင်လေး ကျောင်းဆင်းချိန် ကြိုဖို့ ဆိုင်ကယ်နဲ့ သွားတာထင်တယ် ပြန်လာတော့ ကျတော်က ဖြတ်ခနဲ့တွေ့လိုက်တယ် ။ အဟီး.. ပါးလေး.. နဲနဲ နီရဲနေသလိုပဲ.. မဖြင်ဖူးဘူးတော့ ဆိုင်ကယ်ဦးထုပ်နဲ့ကိုး.. နဲနဲ ချောတယ်ပေါ့ ဘယ်သူတုန်း.. ဆိုပြီးသူ့ကိုအဲမှာ စိတ်ဝင်စားသွားတာ..။ သေချာစဉ်းစားလိုက်တော့ ကျတော့် သူငယ်ချင်း၇ဲ့ ညီမ၀မ်းကွဲဖြစ်နေတယ်.. ဒါတော့ အမျိုးမဟုတ်ဖူး ကင်းတယ် ဆိုပြီး အကောင်ထည်ဖော်လိုက်တယ်.. အဟီး.. သူငယ်ချင်းနဲ့ အကြောင်းမရှိအကြောင်းရာပြီး သူတို့အိမ်ကိုတက်လည်တယ်..အဟဲ.. ဒါတော့ ရွာစလေ့နဲ့ပဲဆိုင်မယ်ထင်တယ် ကျတော်တို့ရွာ စလေ့ကတမျိုး..ဟ..။ နောက်မှ ပိုစ့်တပ်တပ်တင်တော့မယ်.. အဲစလေ့အကြောင်းကိုတော့ အဟီး.. ဒါနဲညည သူ့ဆီကိုသွားလည်တယ်ဆိုပါတော့.. ဒုတိယမြောက် ည အဆင်ပြေပါတယ် ကျတော်က စာစပေးလိုက်တယ်လေ။ အဟီး.. သူငယ်ချင်းရေးပေးတာ ကျတော်က ရှမ်းစာရေးတတ်ဖူး အဟီး.. နောက်နေ့ရောက်တော့ စာပြန်မယ် ပြန်မယ်နဲ့မစာမပြန်ဖူးဟ.. နောက်တော့ ကျတော် တာချီလိတ်ကို သွားရမယ် စာပြန်ဆိုပြီး တော့.. ရစ်လိုက်တယ် စာမပြန်ရင် ဒီနေ့အိမ်မပြန်ဖူး ဒီနေရာမှာ ဒီအတိုင်းထိုင်နေမှာ ဆိုပြီး ပြောလိုက်တယ် ဘယ်ဖြစ်မတုန်း.. ကျတော်ထိုင်နေတာ သူတို့အိမ်ပေါ်မှာလေ.. အဟီး.. ။ ဒါနဲ့ပြန်စာရပါလေရော.. အဟီး.. အဲလောက်ပိုင်တာနော့် ခီခန့်လေးက.. အဟီး...။ တာချီလိတ်က ပြန်လာတော့ ပွဲနဲ့တိုးတယ်ဟ.. ၀ါးတွင်းလေ.. သီတင်းကျွတ် ဘုရားပွဲလားသိဖူး.. အဲမှာအနေနဲနဲ စိမ်းသွားတယ်ဟ..။ ကျတော်ကတော့ သူတို့ဆိုင်မှာ နေ့တိုင်းမူးပါတယ်.. နံနက် (၄ ) နာရီမှ အိမ်ပြန်ရောက်တယ် အမေကတော့ ဘာမှမပြောပါဖူး “အမလေး ဘုရား..ဘုရားတဲ့” အဲလိုလေးပဲပြောတယ် အဟီး.. အိုက်ခီလောက်လဲ လိုက်မခေါ်နိုင်တော့ဖူးလေ..။ သူကမလေးရောက်နေပြီကိုး..။ အနေစိမ်းသွားတာကတော့ သူနောက်တယောက်နဲ့ တွေ့လို့နေမှာပေါ့ ထားပါတော့လေ.. ကျတော်လဲ ရင်ခုန်တုန်း ဖြစ်ခဲ့ကိစ္စပဲလေ...
အဲဒါနဲ့ ပြတ်သွားရော.. အဟီး... ရည်းစားသက်တမ်း (၁၀) ရက်ပဲ ကြာလိုက်ပါတယ်။ အဟီး.. ကျတော်ဒီကိုလဲလာရော.. သူလဲအိမ်ထောင်ပြု ယောက်ကျားယူရော.. တော်သေးတယ် ပြတ်သွားလို့ မဟုတ်ရင် သတို့သားက ကျတ်ာဖြစ်မလားပဲ.. ဘုရားမလို့.. အဟီး..။အိမ်ထောင် သက်တမ်း (၃) လလောက်ပဲကြာတယ်ဟ
ပြန်ကွဲသွားကြတယ်တဲ့ အဟီး.. ရွာပြန်ရင် သတိထားမှာ.. တော်ကြာ.. ပြန်လာဆက်နေဦးမယ်..အဟီး ။ ဒါကတော့ အပြင်မှာ နောက်ဆုံး ရည်းစားရှုပ်ခဲ့တာပဲ.. အဟီး..။
ကဲ့ တောက်ဆိပ်ခွက် ငါလဲ အကုန်ချရေးလိုက်ပြီ.. နောက်ဖြစ်လာတဲ့ ပြသနာပေါ်မှုတည်တယ်နော်..။ ငါကွဲဗြဲ.. တုတ်ဆွဲ ဓါးကိုင်ဖြစ်လာလို့ ကတော့် နင်လဲမလွယ်ဖူးမှတ်.. ငါဖွလိုက်မယ်.. ဘုရားတထားတော့.. ဟုတ်ပြီလား..။
ဟင်း..ဟင်း.. သက်သေတွေ.. ရှိတယ်နော်.. ငါဖွဖို့အဆင်သင့်ပဲ ဘီယာ (၂) ၀ိုင်းစာဆိုလို့ပေါ့ကွာ.. အရုပ်လေးက (၃) ၀ိုင်းပေးရင်တော့ ငါဖွလိုက်တော့မယ်..ဟင်း..ဟင်း.. ဒင်းကိုမကျေနပ်တာ.. တဂ့်လွန်းလို့..
ကြည့် သူ့အကြွေး.. နောက် တာ ခု ကျန်သေးတယ်.. ။ အဟီး.. သူ့ကြောင့်လဲ.. ခီခန့်လေး အရှုပ်ထုတ်ကို ထုတ်ပြလိုက်ရပြီ.. အဟီး.. ။ ဒါက ထားခဲ့ဖူးသောရည်းစားပဲလေ.. အဟီး..။ ချစ်သူ လို့မှမပြောတာ.. ကျတော့ ချစ်သူအကြောင်းမရေးထားဖူး.. နောက်မှသူ့အကြောင်းရေးမယ်..။ကဲ့.... အဆိပ်ရေး.. ကျေနပ်တော့..နော်...။
ခီခန့်(လူပျင်းလေး)
ဒါကဒီလိုရှိတယ်
အဟီး ဒီနေ့တော့ပိုစ့်တင်လိုက်ဦ
.။ ဒီလောက်လေးပဲချရေးလိုက်တော့မယ် အကုန်သာချရေးရင်ပြီးတော့မှာမဟု
သူများသိကုန်ရင်လဲရှက်စရာကြီး လမ်းမှာတွေ့လို့ နင့်က ဟိုတုန်းက ဟိုလိုရေးထားတာမလား..? ဆိုပြီးလူအလည်မှာ လာမေးရင်သွားပြီ.. အဟီး
..။
(၁) အပျင်းကြီး
အဟတ် အပျင်းကြီးတာကတော့မပြောနဲ့တော့..။ ထမင်းစားနေတုန်း တခုခုကို(ငရုတ်သီး ဘာညာ ကွိ ကွပေါ့ )ယူခိုင်းရင် ဆင်ခြေအမျိုးမျိုးပေးတတ်တယ် ထမင်းစားနေတုန်းတင်မဟုတ်ပါဘူး တခုခုခိုင်းတိုင်းပဲ ဆင်ခြင်ပေးတတ်တာ “ဒီထမင်းလေးစားပါရစေဦး စားပြီးရင်ယူပေးမယ် ပြတ်တိပြတ်ထောင်း ဟိုထဒီထနဲ့ဆိုစားရတာ သိပ်မ၀င်ဘူးစားမကုန်ရင်လွင့်ပစ်
အမေကတော့ဘာမှမပြောပါဘူး ပြောလဲဒီအတိုင်းပဲလေ ချီခန့်တို့ကတော့အမေ့ကိုပိုင်
(၂)ကစ်ကန်ကန်
အပျင်းလဲကြီးတယ် နောက်ပြီးကစ်ကန်ကန်ကြီး ကျတော်ကအဖေအမေရှေ့မှာဆို “ဟုတ်ကဲ့ဗျာ” ပဲ အဟီး နောက်ကွယ်မှာလုပ်ချင်တာလုပ်တော့
အဖမ်းတော့မခံရဘူး။ မစီးနဲ့ဆိုမရဘူးထုတ်စီးတယ် သော့သိမ်းထားလဲ ထုတ်စီးတာပဲ ဆီကုန်တော့ သော့ဖျက်ရတယ် ဆီထည့်ဖို့သော့မှမထုတ်ပေးတာ ဖျက်လိုက်တာပေါ့ အဟီး
ချီခန့်တော့အဖမ်းမခံရဘူးလွတ်တယ်
..။
(၃)နောက်ကျတတ်
အဟီး ဒါတော့မယိုနဲ့တူတယ်ဟ နောက်ကျတတ်တယ် အိမ်မှာတုန်းကအိပ်ယာထနောက်ကျ ၊ အဆောင်မှာလဲစာသင်ခန်းထဲဝင်လဲနော
၊ အခုအလုပ်ထဲမှာလဲ နောက်ကျမှဝင်တယ် အမြဲတမ်း(၁၅)မိနစ်နောက်ကျတတ်တယ် ။ အိမ်မှာတော့အဖေအမြဲတမ်းဆူတယ် အိပ်ယာထနောက်ကျလို့ အမေကတော့သားတော်မောင်ကိုလွတ်လပ်
.။ အဆောင်မှာလဲစာကျက်ခန်း စာသင်ခန်းထဲနောက်ကျမှဝင်တတ်တယ် ဆရာမကစာသင်ချိန်မရှိလို့ဆဲမနေေ
။ အဟီး စာကျက်ခန်းထဲကိုတော့(၃၀)မိနစ်ေ
.. ဂိုက်ဆရာမကိုတော့ပိုင်တယ်အေးဆေး ။ ဂိုက်ဆရာမကကျတော်တို့နဲ့မတိမ်း
တိုးတော့တာပဲ
ဲ အဲတုန်းက မျက်နှာနီပြီးထွက်သွားတာ နောက်တခါသူ့အသံပဲဝင်လာတော့တယ် “နောက်၁၅ မိနစ်ဆိုစာကျက်ခန်းထဲရောက်နေပေ
သူလေးရှက်သွားတယ် ထင်ပါ့ အဟီး
။
(၄)အစားရွေး
အဟ.. အစားကလဲရွေးပါ့ အိမ်မှာနေတုန်းကတော့ ပြသနာမရှိဘူးဟ အမေကမကြိုက်တာကိုမချက်ကျွေးဘူးအေဆောင်မှာငါးဟင်းချက်တော့အခက်ေ
ကစ်ကန်ကန်ကောင်ဆိုတော့ ထမင်းပန်းကန်ထဲကို ငါးဟင်းလေးထည့် ဟင်းရည်လေးထည့် တလုတ်လောက်စားပြီးသူတို့ရှေ့မှာ သွန်ပစ်လိုက်တယ် သူတို့က“ဟဲ့ ဘာလို့သွန်ပစ်လိုက်တာတုန်း” ဆိုရင် “မကုန်လို့ ငါးဟင်းမကြိုက်လို့” ပြောလိုက်တယ် အဲဆိုဆရာမငယ်က ကလေးကိုကြက်ဥကြော်ပေးလိုက် လို့အမြဲတမ်းပြောတယ် နောက်ပိုင်းငါးဟင်းမစားတဲ့သူအတွ
..။တခါတလေအငတ်ခံလိုက်တယ် ဆရာမငယ်မရှိရင်ပေါ့။ အဟီး အဲ့လောက်အစားရွေးတာ
အဟီး ။
ဟူး မကောင်းတဲ့အကျင့် ပြန်ပြင်သင့်တာတွေကိုချရေးရင်ေ
ကဲ့မယို ကျတော်ရေးလိုက်ပြီးပြီနော် နောက်လဲတဂ်ဦး မဟုတ်ရင်ပိုစ့်တင်ဖြစ်မှာမဟုတ်


