Subscribe News Feed Subscribe Comments

ဒါကဒီလိုရှိတယ်

အဟီး ဒီနေ့တော့ပိုစ့်တင်လိုက်ဦးမယ်။ မယိုတဂ်ထားတာကြာနေပြီ မရေးရသေးဘူး ပျင်းလို့.. အဟီး.။ ဒီလောက်လေးပဲချရေးလိုက်တော့မယ် အကုန်သာချရေးရင်ပြီးတော့မှာမဟုတ်ဘူး များလွန်းလို့.. အဟီး သူများသိကုန်ရင်လဲရှက်စရာကြီး လမ်းမှာတွေ့လို့ နင့်က ဟိုတုန်းက ဟိုလိုရေးထားတာမလား..? ဆိုပြီးလူအလည်မှာ လာမေးရင်သွားပြီ.. အဟီး..။

(၁) အပျင်းကြီး
အဟတ် အပျင်းကြီးတာကတော့မပြောနဲ့တော့ဗျာ။ အိုက်ချီခန့်ဆိုတာတခြားသူပေးထားတာမဟုတ်ဘူး မွေးဖခင်ပေးထားတာ အဟီး..။ ထမင်းစားနေတုန်း တခုခုကို(ငရုတ်သီး ဘာညာ ကွိ ကွပေါ့ )ယူခိုင်းရင် ဆင်ခြေအမျိုးမျိုးပေးတတ်တယ် ထမင်းစားနေတုန်းတင်မဟုတ်ပါဘူး တခုခုခိုင်းတိုင်းပဲ ဆင်ခြင်ပေးတတ်တာ “ဒီထမင်းလေးစားပါရစေဦး စားပြီးရင်ယူပေးမယ် ပြတ်တိပြတ်ထောင်း ဟိုထဒီထနဲ့ဆိုစားရတာ သိပ်မ၀င်ဘူးစားမကုန်ရင်လွင့်ပစ်ရမှာ နှမျောစရာကြီးအဖေရ ခဏလေးနော်ယူပေးမယ်” ဆိုတာမျိုးတွေပေါ့ အဖေက “ ဒီကောင်သောက်ပျင်းကြီးနေတာ ဘာမှသုံးစားလို့မရတဲ့ကောင် အလကားကောင် အိုက်ချီခန့်” ဆိုပြီးဟောက်လိုတယ်ပြီးရင်အမေ့ကိုယူခိုင်းပေါ့ အဟီး အမေကတော့ဘာမှမပြောပါဘူး ပြောလဲဒီအတိုင်းပဲလေ ချီခန့်တို့ကတော့အမေ့ကိုပိုင်တယ်..။

(၂)ကစ်ကန်ကန်
အပျင်းလဲကြီးတယ် နောက်ပြီးကစ်ကန်ကန်ကြီး ကျတော်ကအဖေအမေရှေ့မှာဆို “ဟုတ်ကဲ့ဗျာ” ပဲ အဟီး နောက်ကွယ်မှာလုပ်ချင်တာလုပ်တော့တာပဲ လာလာပြောရင်လဲလုံးဝကိုနားမထောင် လုပ်ပြီးသားတွေကိုပြန်မပြင်တတ်ဘူးဟ။ကစ်ကန်ကန်လုပ်တတ်တယ် ကျတော်(၁၀)တန်းပြီးတုန်းက တောင်ကြီးမှာလိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းတယ်လေအစီး(၄၀၀)လောက်ဆိုလားမသိဘူး ပါသွားတယ်လို့ကြားတယ် ။ အဟီး အဲ့တုန်းကဆို(၁၀)တန်းပြီးခါစလေ မစီးနဲ့ဆိုမရဘူးထုတ်စီးတာပဲမရဘူး အဟီး အဖမ်းတော့မခံရဘူး။ မစီးနဲ့ဆိုမရဘူးထုတ်စီးတယ် သော့သိမ်းထားလဲ ထုတ်စီးတာပဲ ဆီကုန်တော့ သော့ဖျက်ရတယ် ဆီထည့်ဖို့သော့မှမထုတ်ပေးတာ ဖျက်လိုက်တာပေါ့ အဟီး ချီခန့်တော့အဖမ်းမခံရဘူးလွတ်တယ်။ အဲတုန်းကကစ်ကန်ကန်ကောင်ဆိုပြီး နံမည်ပေးလိုက်တယ် ပြောမရလို့တဲ့ အဟီး..။

(၃)နောက်ကျတတ်
အဟီး ဒါတော့မယိုနဲ့တူတယ်ဟ နောက်ကျတတ်တယ် အိမ်မှာတုန်းကအိပ်ယာထနောက်ကျ ၊ အဆောင်မှာလဲစာသင်ခန်းထဲဝင်လဲနောက်ကျ ၊ ကျောင်းမှာလဲစာသင်ခန်းထဲဝင်လဲနောက်ကျ ကျောင်းသွားတာစောနေတာပဲ စာသင်ခန်းထဲတော့ဆရာမနောက်မှဝင်တယ် တချိန်ပြီးတိုင်း“အောက်ဆင်း သေးပေါက်” ဆိုပြီးဆင်းနေတာပဲ အဟီး ၊ အခုအလုပ်ထဲမှာလဲ နောက်ကျမှဝင်တယ် အမြဲတမ်း(၁၅)မိနစ်နောက်ကျတတ်တယ် ။ အိမ်မှာတော့အဖေအမြဲတမ်းဆူတယ် အိပ်ယာထနောက်ကျလို့ အမေကတော့သားတော်မောင်ကိုလွတ်လပ်ရေးပေးထားတယ် မပြောတော့ဘူးပြောလဲမရမှန်းသိလို့.အဟီး.။ အဆောင်မှာလဲစာကျက်ခန်း စာသင်ခန်းထဲနောက်ကျမှဝင်တတ်တယ် ဆရာမကစာသင်ချိန်မရှိလို့ဆဲမနေတော့ဘူး ဆရာမကြီးနဲ့တိုင်လိုက်တာပဲ ဒါလဲနောက်ကျတာပဲ အဟီး ။ အဟီး စာကျက်ခန်းထဲကိုတော့(၃၀)မိနစ်နောက်ကျပြီးမှဝင်နေကျ စာအုပ်ရှာနေသလိုလို၊ အ၀တ်အစားလဲသလိုလိုနဲ့ လုပ်နေတာ အဟီး.. ဂိုက်ဆရာမကိုတော့ပိုင်တယ်အေးဆေး ။ ဂိုက်ဆရာမကကျတော်တို့နဲ့မတိမ်းမညိမ်းဆိုတော့ အိပ်ခန်းထဲမ၀င်ဘူး တခါကလာဖမ်းတာလေ စာကျက်ချိန်မှာစာကျက်ချိန်အခန်းထဲမ၀င်လို့ဆိုပြီး ကျတော့်သူငယ်ချင်းအ၀တ်အစားလဲတာနဲ့တိုးတော့တာပဲ အဲတုန်းက မျက်နှာနီပြီးထွက်သွားတာ နောက်တခါသူ့အသံပဲဝင်လာတော့တယ် “နောက်၁၅ မိနစ်ဆိုစာကျက်ခန်းထဲရောက်နေပလေ့စေ” ဆိုပြီးလူကိုမ၀င်လာတော့ဘူး အဟီး. သူလေးရှက်သွားတယ် ထင်ပါ့ အဟီး

(၄)အစားရွေး

အဟ.. အစားကလဲရွေးပါ့ အိမ်မှာနေတုန်းကတော့ ပြသနာမရှိဘူးဟ အမေကမကြိုက်တာကိုမချက်ကျွေးဘူးလေ။ အဆောင်ရောက်တော့သွားရောအဲမှာအခက်တွေ့တာပဲ ကျတော်က ငါးမစားဘူးဟ ဆွေစဉ်မျိုးဆက်မစားတာ အိုက်ခီလောက် ၊ ခီခန့် ၊ နောက် ကျတော့်တူလေး လဲမစားဘူး အဟီး အဆောင်မှာငါးဟင်းချက်တော့အခက်တွေ့တော့တာပေါ့ ဟဲဟဲ ကစ်ကန်ကန်ကောင်ဆိုတော့ ထမင်းပန်းကန်ထဲကို ငါးဟင်းလေးထည့် ဟင်းရည်လေးထည့် တလုတ်လောက်စားပြီးသူတို့ရှေ့မှာ သွန်ပစ်လိုက်တယ် သူတို့က“ဟဲ့ ဘာလို့သွန်ပစ်လိုက်တာတုန်း” ဆိုရင် “မကုန်လို့ ငါးဟင်းမကြိုက်လို့” ပြောလိုက်တယ် အဲဆိုဆရာမငယ်က ကလေးကိုကြက်ဥကြော်ပေးလိုက် လို့အမြဲတမ်းပြောတယ် နောက်ပိုင်းငါးဟင်းမစားတဲ့သူအတွက် ဟင်းထပ်လုပ်ခိုင်းတယ် ဟဟ ဆရာမငယ်ကကျတော့်ကိုချစ်တယ်လေ အဟီး..။တခါတလေအငတ်ခံလိုက်တယ် ဆရာမငယ်မရှိရင်ပေါ့။ အဟီး အဲ့လောက်အစားရွေးတာ အဟီး ။

ဟူး မကောင်းတဲ့အကျင့် ပြန်ပြင်သင့်တာတွေကိုချရေးရင်တော့ပြီးမှာမဟုတ်တော့ဘူး အဟီး သူများသိကုန်ရင်ရှက်စရာကြီးနော့် ဒါလောက်လေးပဲ ချရေးလိုက်တော့မယ်။ ဒါတွေကမကောင်းမှန်းပြန်ပြင်သင့်မှန်းသိတယ်။ခက်တာကပြင်ဖို့ခက်နေတာပဲ.. အင်းလေ.. ပြင်တော့ပြန်ရမှာပဲလေ.. ဟုတ်တယ်မလား..။
ကဲ့မယို ကျတော်ရေးလိုက်ပြီးပြီနော် နောက်လဲတဂ်ဦး မဟုတ်ရင်ပိုစ့်တင်ဖြစ်မှာမဟုတ်လို့..။
(ခီခန့်)

4 ဝေဖန်ချက်များ ။ ။:

Anonymous said...

အောင်မလေးနော် မောင်နှမလို့ မပြောရဘူး။ တော်တော်များများ လာတူနေတယ်။ ခေါင်းစဉ်လေးပဲ ကွဲတယ်။ ကောင်းတယ် ဆက်လုပ်မောင်လေး။ အားပေးတယ်။

ခင်တဲ့
မကြီး

အဆိပ်ခွက် said...

ပျင်းတာလဲတစ်ခုကောင်းတယ်နော်... လူသက်သာတယ် ကောင်းတယ် ဆက်ပျင်း အဲလေးမှားလို ကောင်းတယ် ဆက်ရေး ဟီး)

ဘော်ဒါကြီး
အဆိပ်ခွက်

တောင်ပေါ်သား said...

အင်း တူနေပါ့ကောလား အဟား ဟုတ်နိုင်တယ် သွေးချင်တူလို့နေမှာပေါ့နော့်။ ကျနော်လဲ အစားအသောက် အရင် အမေ့အိမ်မှာတုန်းက အရမ်း ရွေးတာ ဟိုဟာမစား ဒီဟာမစားနဲ့ ခုတော့လဲ ရသလိုတာ တွယ်နေရတယ်ဗျာ.. (ခရမ်းသီးကတော့ လုံးဝမစားဘူးဗျ)


လေးစားလျက်
တောင်ပေါ်သား

desertraindrops said...

အဟဲ..အေသွေးချင်းတူနေပြန်ပြီ။ တောင်ပေါ်လဲ အေသွေး။။ကောင်းလိုက်တာ ။Tag လိုက်မှပဲ ရေးတော့တယ်တဲ့ ။တော်တော်အပျင်းကြီး..ဟိဟိ ဒါပေမဲ့ အဆိပ်ခွက်ပြောသလိုပဲ နာမည်သာဆိုးတာ လူသက်သာတယ်။။Tag ပိုစ့်လေးရေးပေးလို့ ကျေးဇူးပါ

 
လူပျင်းလေး | TNB