
ဒီနေ့ အမေနဲ့ ဖုန်းပြောရတယ်ဗျာ....။ အရင်နေ့ကလည်း ပြောရပါတယ်... ဒီနေ့ ဘာလို့ အိပ်လို့မရတာလဲ.. မသိဘူးဗျာ...။
အမေလေ နဲနဲ အိုလာပြီ... ။ အမေက နင့်အဖေလဲ အိုနေပြီ ဆိုပြီး... ပြောပြီး.. ရီ(ရယ်)နေတာ.. အမေ့ရီ(ရယ်) သံလေး ကြားရတာ.. စိတ်အရမ်းချမ်းသာတယ်...။
အမေရယ်... အားအရင်က ဆိုးခဲ့တာကို ဗွေမယူခဲ့ဘူးနော်...။ နောက်ပိုင်းသား ဆင်ခြင်ပါ့မယ်..။
သားတခုပြောချင်တယ်... သားအမေ့ကို ချစ်တယ်!!!!!!!!!
အမေ့ ကိုလွမ်းတယ်...။
အမေမွေးနေအတွက့် အမှတ်တရလေး
ဒီနေ့ ဟာဖေဖော်ဝါရီ ၂၄မှာကျရောက်တဲ့  မေ့မေ့ရဲ့ အသက်၅၀ ပြည့် မွေးနေ့ လေးပါ .......
မေမေ သာအသက်၅၀ပြည့်သွားတာ မေ့မေ့ကို အမှတ်တရလေးအနေနဲ့  မွေးနေ့ လက်ဆောင်လေးတောင် တခါမှ မပေးဘူးခဲ့ ဘူးနော် မေမေ ကသာကျွန်တော့ မွေးနေ့ တိုင်း(သားသမီးတွေရဲ့ မွေးနေ့ ) အိမ်မှာ ဖြစ်ဖြစ် တနေရာရာမှာတော့ မွေးနေ့ အလှူ ကို မှတ်မိသလောက် တနှစ်မှ မပျက်မကွက် လုပ်ပးခဲ့ တယ်......ဒီတနှစ်တော့ အမှတ်တရလေး ဖြစ်သွားအောင် လို့ ကြိုတင်စီစဉ်ထားခဲ့ ပေမဲ့  မေ့မေ့မွေးနေ့ အမှီ မလုပ်ပေးနိုင်ခဲ့ ဘူး အကြောင်းကြောင်း ကြောင့် နောက်ကျ သွားခဲ့ ပါတယ် ....ဒါပေမဲ့ မေမေ သာသိသွားခဲ့ ရင် အဆူခံရမလား တော့မသိဘူး .....ဘာပဲဖြစ်ဖြစ် မေမေ ၀မ်းသာမှာပါနော်...ဘာလိုလဲဆိုတော့ ကျွန်တော့ကိုယ်တိုင်ရှာထားတဲ့  မဖြစ်စလောက် ငွေလေးနဲ့  မေ့မေ့ ကိုမွေးနေ့ လက်ဆောင် ၀ယ်ပေးခဲ့ လို့ ပါပဲ ......အဖေကတော့်ဘယ်လိုတွေးမလဲမသိဘူး အရင်တလက တော့အဖေ့ မွေးနေ့  ရှိတာသိရက်သားနဲ့  ဘာမှ မလုပ်ဖြစ်ခဲ့  လို့ လေ .......ဒါပေမဲ့  ခုဝယ်ထားတဲ့  လက်ဆောင်လေးကတော့ မေမေ့မွေးနေ့ အတွက်ဆိုပေမဲ့  ဖေဖေရော မေမေရော နှစ်ယောက်လုံးအတွက် အသုံးဝင်တော့ အဆင်ပြေမယ်ထင်တာပဲ......ဘယ်လိုပဲဖြစ်ဖြစ်ပါ ဖေဖေနဲ့ မေမေ .....အရင်တုန်းကတော့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ပြောနေကျ အကျင့်က လဲမရှိတော့ မျက်နှာချင်းဆိုင်ပီး မပြောဖူးခဲ့ ဘူး....ငယ်ငယ်တုန်းကတော့ ကလေးသဘာဝ လုပ်ချင်တာမလုပ်ရ ရင်စိတ်ဆိုးစိတ်ကောက် တာတွေကို အမှတ်ရရင် တော်တော်ကိုစိတ်မကောင်းဖြစ်မိပါတယ်(အထူးသဖြင့် ထစ်ကနဲဆို ဒေါသထွက်ဖို့ ချောင်းနေတတ်တဲ့  ကျွန်တော့အကျင့်ကြောင့်ပါ) ခုတော့ဒါတွေအားလုံး က ဖြတ်သန်းလာရတဲ့  ဘ၀အတွေ့ အကြုံ တွေကြောင့် ရင်ကျက်တတ်လာပါပြီ အမေ.....ဒါတွေအားလုံးကလဲ အဖေနဲ့ အမေရဲ့  သွန်သင်ဆုံးမမှုတွေ အများကြီးပါပါတယ်...........အဓိကတော့ သူများတွေလို ငွေကိုရေလို သုံးနိုင်လောက်အောင် မချမ်းသာကြပေမဲ့  ဘာမဆို သူများထက် တန်းတူ ဘယ်တော့မှမျက်နှာ မငယ်ရအောင် ကျွေးမွေး စောင့်ရှောက်ခဲ့  တာတွေအတွက် ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ.............. ဖေဖေနဲ့ မေမေ ဖြစ်စေချင်တာတွေ မျော်လင့်ထားတာတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး တနေ့ တော့ ဖြစ်လာရစေပါမယ်..........................(ခုတော့ အရမ်းလွမ်းတယ် ပြန်လာချင်တယ် ဒါပေမဲ့  ဒါပေမဲ့ ..........................)


