Subscribe News Feed Subscribe Comments

ကံကြမ္မာ




ကံကြမ္မာက ဖန်တီးပေးလို့ အကြည့်ချင်းဆုံခဲ့ရတယ်...
မျက်လုံးဝိုင်းဝိုင်းနဲ့ အရမ်းချစ်စရာကောင်းတဲ့
ကောင်မလေးတယောက်နဲ့ပေါ့....

ကံကြမ္မာကြောင့်ပဲ.. အဲ့ကောင်မလေးနဲ့...
မကြာခဏ အကြည့်ချင်းဆုံခဲ့ပြန်တယ်...
မျက်လုံးချင်းစကားပြောတယ်ဆိုတာ.. အဲ့ဒါကိုခေါ်တာလား....။
သို့မဟုတ်.. ထူးဆန်းတဲ့တိုက်ဆိုင်မှုတခုပေပဲလား.....။

အဲ့ကံကြမ္မာကြောင့်... အကြည့်ချင်းဆုံခဲ့ရင်...
သူမက စပြီး.. မျက်နှာလွဲသွားတတ်တယ်...
“သြော်... သူမ အနေရခက်ရပြန်ပြီ.. ဘာလို့အကြည့်ချင်းဆုံမိတာပါလိမ့်.....။

ဒီတခါကံကြမ္မာက... ရက်စက်လွန်းခဲ့တယ်...
သူမနဲ့ဝေးရာကို ခေါ်ဆောင်သွားတယ်... “ဘ၀” ဆိုတဲ့
အကြောင်းပြချက်နဲ့ပေါ့.. ဘ၀ကိုကျောင်းရင်း......
အနာဂတ်ကိုမျှော်ကြည့်မိတတ်လာတယ်...
“သြော်.. အရာရာဟာ... မှုန်ဝါးဝါး ပါပဲလား...။”

ငါတို့နှစ်ယောက်ကိုကံကြမ္မာက မျက်နှာသာပေးခဲ့မယ်ဆိုရင်လေ...
မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးရယ်... ငါ့ရင်ထဲမှာ.. မျှော်လင့်နေဆဲပါ....
တနေ့နေ့ တချိန်ချိန်မှာ.. နင်နဲ့ပေါင်းဖက်နိုင်ပါစေလို့ပေါ့....
ကံကြမ္မာက မျက်နှာသာပေးခဲ့ရင်ပေါ့လေ....။
(အိုက်ချီခန့်)



1 ဝေဖန်ချက်များ ။ ။:

မေလေး said...

ကံကြမ္မာ မြန်မြန် မျက်နှာသာပေးပါစေ။

 
လူပျင်းလေး | TNB