Subscribe News Feed Subscribe Comments

အချစ်တဲ့...

အဆိပ်ခွက်တော့လုပ်ပြန်ပြီသူ့ဟာသူဆော်နဲ့အဆင်မပြေတာခီခန့်ကို အချစ်အကြောင်းလေးလုပ်ပါဦးလို့အမိန့်ပေးလိုက်ပြီ..။ အင်းလေသူကအမိန့်ဆိုတော့ရေးရပြန်တာပေါ့ နိုင်နိုင်(စနေသား)က စားချင်လို့စောင့်နေတာနိုင်နိုင်ရေနောက်ရက်မှစား ဟုတ်ပြီလား။ ဒီနေ့အဆိပ်ကအချစ်အကြောင်းရေးဦးဆိုလို့ မိန်းခလေးတယောက်ကိုချစ်ခဲ့တဲ့ငါ့ကိုအကြပ်ကိုင်နေတယ်။ အင်းလေအချစ်ဆိုတာကိုတော့အဓိပ္ပါယ်မဖွင့်တတ်ဘူးဟ ဒါပေမဲ့မိန်းခလေးတယောက်ကိုချစ်မိတယ် သံယောဇဉ်ဖြစ်မိတယ်။ အချစ်ဆိုတာကိုတော့ အဓိပ္ပါမဖွင့်တတ်သေးဘူးဟ စတွေ့တာကလဲသူငယ်ချင်းကဟိုစဒီစနဲ့ပါ နောက်ပိုင်းနဲနဲစိတ်ပါတော့လိုက်ကြည့်တယ်လေ အချဉ်တော့မထင်နဲ့ဗျာ (၁)နှစ်ခွဲကျော်ကျော်လောက်လိုက်ရတယ်လွယ်တော့မလွယ်ဘူးဟ အဲကနေအခုအချိန်ထိဆိုပါတော့ သံယောဇဉ်ကြိုးဆိုတာကလဲဝေးလေပိုခိုင်မာလေ ဆိုသလိုပါပဲသူမအပေါ်ပိုပြီးသံယောဇဉ်တွယ်မိ ပိုပြီးချစ်လာမိတယ်လို့ပဲပြောရမလားဗျာ..မေ့လို့မရတာအမှန်ပဲ အဟီး နိုင်နိုင်(စနေသား)ကတော့လုပ်ချလိုက်ပြီ “ငလျင်”တဲ့ အဟီး ခီခန့်ကတော့ ပင်လယ်ရေလို့ပဲပြောလိုက်တော့မယ် သောက်လေသောက်လေအငတ်မပြေ ဆိုသလိုပေါ့ဘယ်လောက်ချစ်ချစ် ချစ်လို့မ၀ဘူးဟ။ ဝေးလေလွမ်းလေတဲ့သူများတွေကပြောတာ ခီခန့်တို့ကတော့ဝေးလေချစ်လေပဲဟေ့။ နောက်ပြီးကိုအငဲလိုလဲခါးခါးလို့တော့မပြောဘူးလက်ဖက်ရည်ဖြစ်မယ်ဆိုရင် ခါးဆိမ့်လို့ပဲပြောမယ်ဗျာ ခါးတော့ခါးတယ်ဒါပေမဲ့ဆိမ့်တယ်ဗျစွဲလန်းနေပြန်ရော..ခါးခါးလေးနဲ့ဆိမ့်တယ်ပေါ့ လက်ဖက်ရည်ခါးဆိမ့်ကြိုက်တဲ့သူတွေပို သိမယ်ထင်တယ်ဗျ အချစ်အစကတော့ သံယောဇဉ်ကြိုးကနေလာတယ်လို့ထင်တယ်ဗျ ကျတော်ကအရင်သံယောဇဉ်တွယ်မလို့လေ နောက်မှသူမကိုချစ်တယ်လို့သိလာတာအဲဒါချစ်တယ်လို့ပဲပြော လိုက်တော့တာပေါ့ဘာခက်တာမှတ်လို့..
စိုင်းစိုင်းကတော့..“တခါတရံမှာအချစ်ကဒုက္ခ တခါတရံမှာပစ္စည်းဥစ္စာ တခါတရံမှာအချစ်ကတွက်လို့မရတဲ့ ပုဒ်စာတခါတရံမှာ မုန်းတခါတရံမှာပြုံးအချစ်ကိုယုံကြည်ကိုးစားခဲ့လို့ ငါ့အတွက်ရှံး” တဲ့ဗျာ ပထမအနမ်းကိုထဲမှာအဲလိုပြောတာ သူကတော့အမျိုးမျိုး ပြောနေတာပဲများများထားဖူးလို့နေမှာပေါ့ ခီခန့်ကတော့တယောက်ပဲထားခဲ့ဖူးတယ် တယောက်နဲ့တင်ရင်လေးနေပြီ အဲ..အဲ အချစ်ကိုပင်ပန်းတယ်လို့လဲပြော ချင်သေးတယ်ချစ်ရတာကိုပေါ့ ဒါပေမဲ့စိတ်ပျက်လားဆိုတော့မပျက်ဘူးဟ အဲလိုဖြစ်နေတာလေးကို ပဲပျော်နေတာနားလည်ရခက်သားနော်..။ တယောက်ထည်းဟိုလိုတွေးလိုက် ဒီလိုတွေးလိုက်နဲ့..ဟုတ်နေရော.. ဟိုလိုတွေးမိလို့စိတ်ပူရင်ဖုန်းလေးဆက်လိုက် ဖုန်းဆက်လို့မရရင်ဒေါသထွက်လိုက် ဖုန်းဆက်လို့ရတော့လည်းဒေါသထွက်တာလေး ကိုပြောပြလိုက်သူကပြန်ချော့လိုက် နဲ့အဆင်ပြေနေတာပဲ အဟီး.. ဘယ်တွေရောက်ကုန်ပြီလဲမသိဘူး ပြောရင်ပြီးမှာမဟုတ်တော့ ဘူးဟ.. အဲ ..အဲ သူကကျန်းမာရေးမကောင်းဘူးဟ (၈)ပိုင်းတုန်းကဘန်ကောက်မှာ ဆေးရုံတက်ရတယ်တဲ့ ဆေးတွေစားလို့ဝလာတယ်တဲ့ အဟီး ခီခန့်တော့ဆန်အိပ်ပိပြီ ပိန်တုန်းကကျောပိုးတာမနိုင်ဘူး ၀လာတယ်ဆိုတော့ပိုဆိုးပြီပေါ့ ဒါနဲ့သူနဲ့တွေ့ရင်နင်ဝလာတယ် ဘာညာဆိုပြီးစရမယ်ဆိုပြီးတွေးပျော်နေသေးတယ် ဘယ်လိုကောင်လဲမသိဘူးနော် ဘီဘာပုံးလိုဝလာတာကို ပျော်နေတယ် ခီခန့်ရူးနေပြီထင်တယ် အဟီး..ဒီအချိန်မှာဆိုအချစ်ကို ဘီဘာပုံးလို့ပြောရမှာပေါ့နော့်.. အမျိုးမျိုးပါပဲ လူလူချင်းမှမတူတာ အဓိပ္ပါယ်ဖွင့်တာခြင်းဘယ်တူမှာတုန်း တူနေရင်ခက်ပြန်ရော မိန်းခလေးတယောက်ကို ၀ိုင်းလုနေကြမှာပေါ့ ဖိုက်နေကြရင်ဒုက္ခ.. မတူတာပဲကောင်းပါတယ်နော့်.. ဒီလောက်လေးပဲပြောတတ်တယ်ဟ...
ခီခန့်


ဆက်လက်ဖတ်ရှူရန်...

ကျွန်တော်ရဲ့  ပြောပြချင်သော..အကြောင်းတချို့ 

ကဲ သူငယ်ချင်းများအားလုံး... ကျနော် ငပျင်းတယောက် ပျင်းရာကနေ ဖျားသွားတာ အပျင်းဖျားလေးပေါ့.. အဲ.. ဒီနေ့ မှပဲ နဲနဲ နေသာထိုင်သာလေးရှိလာလို့ .... ဘလော့ လေးကိုလာကြည့်ရင်း ဘာလေးရေးရင်ကောင်းမလဲလို့ စဉ်းစားရင်က .နောင်တော်အပေါင်းအသင်းများကို မပြောဖြစ်သေးတဲ့ ငပျင်း အကြောင်းလေး နဲနဲ ပြောပြလိုက်တယ်နော်......အမှန်ကတော့ဒီလိုဗျာ ဒီဘလောက်ကလေးဖြစ်လာတဲ့ အကြောင်းပေါ့..ကျွန်တော်က ရှင်းရှင်းပြောရင်..အနုပညာနဲ့ စာပေဆိုလို့ ကောင်မလေးလှတာ လေးတွေကိုအနုပညာမျက်စိနဲ့ ခံစားပြီး ရည်းစားစာ ဆိုတဲ့ စာပေလေးရေးတတ်တာကလွဲလို့  ဘာမှကို ၀ါသနာမပါ စိတ်လဲမ၀င်စားတဲ့  ကောင်ပါ..(ကျောင်းစာ ဆိုတာကလဲ မဖြစ်မနေမို့ သာ လုပ်နေရတာပါ).အဲဒါကြောင့် လူတကာကြားမှာရေပန်းစာနေတဲ့  ဘလော့တွေဆိုတာ ဆိုဝေလာဝေး လုပ်ဖို့ မပြောနဲ့  သူများဘလော့ကိုတောင် ယောင်လို့ ဝင်လည်တာတောင်မဟုတ်ပါဘူး...အဲတနေ့ တော့ဗျာ..ကျွန်တော့ရဲ့်ကြီးချင်းတယောက်.(.ကြီးမှခင်လို့ ပါ.)ဒီကောင်က သူဘလော့လုပ်ထားတယ်ပေါ့ အဲဒါ ဟိုဟာလေးပြောင်းချင်တယ်..ဒါလေးပြောင်းချင်တယ် မလုပ်တတ်လို့  လုပ်ပေးပါ တဲ့ ....မတတ်ဘူးပြောတဲ့ ကြားက အပ်ပါတယ် ဆိုတော့...ဘယ်ရမလဲ ငပျင်းပဲ ပျင်းပဲပျင်းတာ အညံ့တော့ဘယ်ခံမလဲ...ငါတော့မသိဘူး စမ်းကြည့်တာပေါ့ ဆိုတော့ ဒီကောင်ကလဲ လုပ်ချင်တာလုပ်တဲ့  ....အမှန်တော့ဒီကောင့်ဟာက လှပြီးသားဗျ.....အဲ.ဂလိုနဲ့  လျှောက်ကလိလိုက်တာ တခုကနေနှစ်ခုထိတော့ ဟုတ်သား နောက်တခုလဲလုပ်ပြီးရော..ဆေ့ဖ် လုပ်ပီး ပြန်ဗျူး လိုက်ရော အဟား ဘလောက်တခုလုံးဘာမှမရှိတော့ဘူး ဗလာကြီးကိုဖြစ်လို့ ...ဘယ်ပြောကောင်းမလဲ -5 ဆိုတဲ့ ရာသီဥတုကြီးမှာ လေ့ကျင့်ခန်းလုပ်စရာမလို ဘဲ ချွေးပြန်နေတာ ကျွန်တော် ငပျင်းတယောက်ပဲရှိတယ်...သူများဟာကြီးဆိုတော့ ဘာလုပ်ရမှန်းမသိတော့ဘူးလေ ..အဲဒါနဲ့ ပဲ သူဟာလေး ဘယ်လိုပြန်လုပ်ရမလဲ သိချင်လို့ ...ဘလော့အသစ် လုပ်လိုက်ရတာပါ....ဒါပေမဲ့ အချည်မထင်နဲ့ နော်...အစကနေလုပ်ကြည့်မှ ဘာတွေဘယ်လိုလုပ်ရတယ်ဆိုတာ...သိသွားတော့မှ...ဒီကောင့်ဟာလဲ နဂိုတိုင်းလေးပြန်ရသွားတော့တာပဲ.....ကာလာလေးတွေပဲပြောင်းပေးလိုက်တာ......ဟာဟေ့ကောင် မိုက်တယ် မင်းလုပ်ထားတာတဲ့ ......ဟဲဟဲဟဲ.......အော်ဒါနဲ့ နောက်ဆက်တွဲ ပြသနာလေးကဘာလဲဆိုတော့ ကျွန်တော့ကစာမှမရေးတတ်တာဗျာ.လုပ်သာလုပ်ထားတာ...ကျွန်တော်စဉ်းစားတာက..လူပျင်းလေး ဆိုတော့ ပျင်းတဲ့ အကြောင်းတွေပဲထိုင်ရေးမလားလို့ ပေါ့ ...ဒါနဲ့ စကားစပ်မိလို့ .အသိညီလေးကို ဘလော့အသစ်လုပ်ထားကြောင်းပြောပြပြီး မင်းဝင်ရေးမလား ဆိုတော့ သူလဲကူရေးမယ်တဲ့ ....အဲဒါနဲ့ ပဲ ဒီဘလော့ကို ကျွန်တော်တို့ ညီကို နှစ်ယောက်ရေးဖြစ်သွားတာပါ....... ကျွန်တော်က ဘလော့ကာဆိုပေမဲ့ ...ကျွန်တော်မှာ လာရောက်အားဖြည့်ပေးတဲ့  ညီလေး တယောက်ရှိကြောင်း သိစေချင်လို့ ပါ..ပြီးတော့ ဘော်ဒါအားလုံးကိုလဲ တောင်းပန်ချင်လို့ ပါ.....ဘလော့ကာအားလုံးက ပညာပေးဆောင်းပါးလေးတွေနဲ့  အသိပညာပေးစာ လေးတွေကို ဦးစားပေး ရေးနေတဲ့ အချိန်မှာ...ကျွန်တော်ရဲ့  ဘလော့လေးကတော့....အပျော်သဘောလေးလုပ်ထားတဲ့ အတွက်......စိတ်ထဲရှိတာလေးကို မစဉ်းစားဘဲ...စနစ်တကျမရှိတဲ့  တောင်စဉ်ရေမရ စကားလုံးတွေကို လက်တမ်း ချရေးထားတဲ့ အတွက် အားလုံးပဲ နားလည်ပေးပါလို့ .....တလက်စတည်း....ဒီလို အဓိပါယ်မရှိတဲ့  ကျွန်တော့ရဲ့  ဘလော့လေးကို နေရာပေးပြီး Link လုပ်ထားပေးသူများ နဲ့  အကျိုးမရှိတဲ့  စာလေးတွေကို အချိန်ကုန်ခံလာရောက် ဖတ်ရှုပေးကြတဲ့ ...ဘော်ဒါအားလုံးကိုလဲ အမှန်တကယ်ကျေးဇူး တင်ရှိပါကြောင်း ကျွန်တော့ငပျင်း က ဒီစာလေးကနေ.....အသိပေးလိုက်ပါတယ်......လူသားအားလုံးကို လေးစားလျှက်ပါ.....(ကျော်ဟိန်းမဟုတ်ဘူးနော်.....ကျွန်တော်ငပျင်းပါ<3<3)>


ကျတော်က ခီခန့်ပါ ဗျာ....
ဘာမှဖတ်လို့မကောင်းတဲ့စာတွေကိုရေး တတ်တယ်ဗျကျတော့်အစ်ကိုက သူဘလော့လုပ်ထားတယ်ဝင်ရေးချင်လားဆိုတော့ ကျတော်ကရေးချင်တာရေးမှာနော် ဆိုပြီးဝင်ရေးခဲ့ပါတယ်ရင်ထဲမှာရှိတာလေးကို ရေးတတ်သလောက်လေးဝင်ရေးလိုက်တာပါ ကျတော့်အစ်ကိုဘော်ဘော်တွေလာရောက်ဖတ်တာသိပါတယ် ဒါကြောင့်ကျတော့်စာတွေက အများအတွက်အဆင်မပြေတာတွေ ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်ဗျာ အကျိုးမရှိတဲ့စာတွေကိုလာရောက်ဖတ်ရူပေးကြလို့ကျေးဇူးတင်ပါတယ်ဗျ။ (ခီခန့်)

ဆက်လက်ဖတ်ရှူရန်...

“ HIP HOP”နဲ့ နင်..

“ HIP HOP” သီချင်းကို ...
“ဘာတွေ အော်ဆိုနေမှန်းမသိဘူး” လို့ နင်ပြောတတ်ပေမဲ့....
ငါနားထောင်ရင် ငါ့ပုခုံးလေး မှီပြီးနင်ငါနဲ့ အတူတူလိုက်နားထောင်တတ်တယ်နော်....။

“ HIP HOP” အခွေတခွေထွက်တိုင်း....
“လာပြန်ပြီ နောက်တခွေ ဘာတွေအော်ဦးမယ် မသိဘူး” လို့နင်ပြောတတ်ပေမဲ့..
ငါ့ကိုဖက်ပြီး အိမ်ပြန်လက်ဆောင်အဖြစ် ငါ့ကိုပြုံးအောင်ပေးတတ်တယ်နော်.......။

“ HIP HOP” သီချင်းစာသားကြမ်းတွေကို....
“ဘာတွေမှန်းကို မသိဘူးဆဲနေတာပဲသိတယ်” လို့နင်အမြဲပြောတတ်ပေမဲ့....
“နဲနဲနားထောင်ကြည့်မယ်” ဆိုပြီးငါ့နဲ့အတူတူနားထောင်ပေးတတ်တယ်နော်...။

ကောင်မလေးရယ်.....
နင့်ထက် “ HIP HOP” ကိုငါပိုချစ်တာမဟုတ်ပါဘူး...
“ HIP HOP” ဂီတ က ငါနှစ်သက်တဲ့ ဂီတ တခုသက်မဲ့ အရာပါ...
နင်သာငါ့ ရဲ့“ဘ၀” ပါ နင့်ကိုငါ့အသက်ထက်ပိုချစ်ပါတယ်....။

(သိပ်ချစ်သောကောင်မလေးသို့)

ဒီနေ့ကတော့ အရင်ရက်ကရေးထားတဲ့ကဗျာ ကိုပဲပြန်တင်လိုက်တယ် ဗျအခြားဆိုက်မှာတင်ပြီးသားပါဘလော့မှာမတင်ရသေးလို့ ဒီနေ့တင်လိုက်တာ အိမ်ပြန်ပြီးတော့အချိန်ရတာနဲ့ တင်လိုက်တာဝါး... မမယ်ပျင်း ကလဲအွန်လိုင်းကိုမတက်လာဘူးသူ့ကိုဒုတ်ခပေးချင်လို့ပါဆိုနေမှ သိမယ်ခီလောက်ကိုတော့ ချက်တယ် သူ့မောင်လေးကိုတော့ လုံးဝမခေါ်ဘူးသိမယ်..။


ဆက်လက်ဖတ်ရှူရန်...

ပျင်းလို့ နှပ်နေတာ..

ဟူး... ကျတော်ဘာမှမလုပ်ပဲ ငြိမ်နေတာကြာပြီ..
ပျင်းလို့.. အဟီး...
တခြားဆိုက်တွေကိုလဲ.. နဲနဲကြည့်နေတာ..
ဘယ်ကောင်မလေးချောလဲပေါ့.. အဟီး..
အဲဒါနဲ့ ရေးဖို့.. အချိန်မရဘူးဆိုပါစို့.. အဲ..အဲ..
အလုပ်မှာအားရင်တော့ ကဗျာလိုလို ဘာလိုလိုတွေတော့
ရေးထားတယ်ဗျ.. စာတပုဒ် နှစ်ပိုဒ်လောက်ပေါ့..
ဒီနေ့ကစပြီး... ပြန်ရေးတော့မယ်ဗျာ...။


ဆက်လက်ဖတ်ရှူရန်...

ငါ့အတွက် မနက်ဖြန်...။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ့ကိုငိုကြွေးစေခဲ့တဲ့ မနက်ဖြန် ဖြစ်ခဲ့သလို..
ငါ့ကိုအတွေးစိတ်ကူးတွေနဲ့ ပျော်ရွင်စေခဲ့ဖူးတယ်....။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ ကြောက်လန့် ပြီးမုန်းတီး မိခဲ့ သလို...
ငါ ပျော်ရွင်စွာ ရူးသွပ်ပြီး မျှော်လင့်စောင့်စားခဲ့ဖူးတယ်..။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါတို့ နှစ်ယောက်ကိုဝေးကွာ စေခဲ့သလို...
မနက်ဖြန်များစွာက ငါတို့နှစ်ယောက် ကိုပြန်လည်ဆုံစည်းစေမှာပါ...။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ဝေးကွာစေမဲ့ မနက်ဖြန်ကို မုန်းတီးမိသလို...
ပြန်လည်ဆုံစည်းစေမဲ့ မနက်ဖြန်များစွာ ရူးသွပ်စွာမျှော်လင့်နေဆဲပါ...။

ငါ့အတွက်တော့ မုန်းတီးမိတဲ့ မနက်ဖြန်ဟာ...
နင့်ကိုငါ့ရဲ အဝေးဆုံးကို ထွက်ခွာသွားစေခဲ့ သလို...
ငါလဲ နင်နဲ့အဝေးတနေရာကို ရောက်လာခဲ့ပါပြီ...။

ငါရူးသွပ်စွာ မျှော်လင့်နေသော မနက်ဖြန်ဟာ....
ငါမုန်းတီးမိတဲ့ မနက်ဖြန်လိုပဲ တနေ့ရောက်လာမှာပါ...
ငါမျှော်လင့်နေသော မနက်ဖြန်ရယ်... မျှော်လင့်နေပါတယ်..ရောက်လာပါတော့....။


အဟီး သင်္ကြန်နဲ့တော့ ဘာမှ မဆိုင်ပါဘူး ရင်ထဲရှိတာ ရေးလိုက်တာပဲ ပထမဆုံးကဗျာ ပေါ့ ဒါက
သင်္ကြန်ဆိုတော့ တောင်ကြီးကိုလွမ်းမိလို့ တူပါ၇ဲ့ .....

ဒီကနေပဲ ဘလော့လာဖတ်တဲ့ သူငယ်ချင်းတွေကို ရေလောင်းလိုက်တယ်နော်
မှုန့်လုံးရေပေါ်လဲကျွေးတယ် အဟီး...အရင်စားကြ ပြီးမှ ရေလောင်းကြတာပေါ့ ..
မမ ရေ ဧည့်သည်တွေကိုကျွေးလိုက် ကျတော် ခီခန့် ကတော့ ရေလောင်းဖို့ပြင်လိုက်ဦးမယ်.. အဟီး...။

ဆက်လက်ဖတ်ရှူရန်...

“ဟိုက်...”

ဒီနေ့ဖြစ်ပျက်ခဲ့ တာာကိုပြန်ဖောက်သည်ချလိုက်ဦးမယ်ဗျို့.. အမလေးလေး ပြန်တွေးမိရင် ရင်တုန်လိုက်တာ ။ ရှက်လဲရှက်မိတယ် (အဟီး :D ) အမေကိုလဲ ပြန်တမ်းတမိတယ်ဟ “အမေရယ် သားအဖြစ်ကိုလာကြည့်ပါဦး” ဆိုပြီးတော့လေ “သားဘာပုံပေါက်နေလို့လဲ အမေရယ်” ဆိုပြီးတော့ပေါ့ ။ အဟီး ဖြစ်ပျက်ပုံက ဒီလိုဗျ ထုံးစံအတိုင်းပဲ ည (၈) နာရီဆို ကျတော်က အလုပ် ဆင်းတယ်လေ အခု တလော ညပိုင်းလူ သိပ်မကျတာ အမှန်ပဲ ပုံမုန်လာနေကြ လူတွေပဲရှိတယ်လေ အဲ ပုံမှန် လူတွေထဲက အင်တိုနီးရှား ကောင်လေး (ကျတော့်အသက်ထက်တော့ နဲနဲကြီးမယ်) တယောက်လဲပါတယ် အဲပုံမှန်မဟုတ်တာက သူ့ဘေးမှာလာ ထိုင်တဲ့ ကောင်မလေးပဲ သူ့ထက်ငယ်မယ် ကျတော့် ထက်တော့ ငယ်တယ် အင်တိုနီးရှား မိန်းခလေးပေါ့.။ ကျတော်က သူ့ကောင်မလေး လို့ ထင်တယ် သူ့ဘေးမှာလာ ထိုင်တာကိုး ထင်မှာပေါ့ ။ ကျတော့်အလုပ်က ငယ်ရွယ်တဲ့ မိန်းခလေး သိပ်မလာ ဘူးဟ ။ ဒါကြောင့် ကျတော်က သတိထားမိတယ် ။ ကျတော် တောင်တွေးမိသေးတယ် ဒီကောင် ဒီအရွယ် နဲ့မိန်းမယူနေပြီပေါ့ အဟီး ဒီက သမီးရည်းစားတွေက သိတဲ့ အတိုင်းပဲလေ မဆီမဆိုင် အဲကောင် ကို အပြစ်တင်လိုက်သေးတယ် လူက (၁၉)နှစ်ပဲရှိသေးတယ် မိန်းမယူနေပြီ ဆိုပြီးတော့လေ ။ အဟီးပြောသာပြောရသာရွာ မှာကျတော့် သူငယ်ချင်းတွေလဲ အိမ်ထောင်ကျကုန် ကျပြီ ချစ်လို့ပဲလား ဘာလားတော့ မသိဘူး ယူကုန်ကြပြီ ကျတော်က ရှားရှားပါးပါး လူပျိုပေါ့ ရွာမှာဆို အဟီး တချိန်က အိုက်ခီလောက် လိုပေါ့ သူလဲရှားရှားပါးပါး လူပျိုဖြစ်ခဲ့ဖူးတယ်လေ အဟီး ။

ဒါနဲ့ ကျတော်လဲ ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်လိုက်တယ် အဲ (၁၂) နာရီလောက်ရောက်တော့ ဟိုကောင်က ဆက်မထိုင်ပဲ ထလာတယ် ။ ကျတော့်နား ကပ်လာတော့ ဘာလဲပေါ့ ဒီကောင်ဘာပြောမလို့လဲပေါ့ ဒီကောင်ကနားရွက် နားကပ်လာပြီးပြောတယ် အမလေးလေး ကျတော် တော် တော်စိတ်ကုန်သွားတယ် ကြောင် သွားသေးတယ် ကိုယ့်နား ကို မယုံလို့ နောက်ခါ “ဘာကြီး” ဆိုပြီး နောက်တခါထပ်မေး လိုက်မှပိုဆိုးတော့မယ် အမလေးလေး အမေ့သားတော့ ကိုယ်ကျိုးနဲပါပြီ နောက်တခါထပ်မေးတာက မှားတာပဲ အဟင့် အမေရယ်...။ သူကဘာပြောလဲ ဆိုတော့ “ အိုက်စိုင်း ( အလုပ်က ကျတော့်ကို အိုက်စိုင်း လို့ခေါ်ကြတယ် ) နင်ဟိုမှာ ထိုင်နေတဲ့ကောင်မလေး ကိုဘယ်လိုသဘောရလဲ တဲ့ နင်သဘောကျလားတဲ့ သူနဲ့ အပေါ်ထပ် ( အဟီး...သိမှာပါ ) သွားလို့ရတယ် ငါနင့်ကို ခေါ်လာပြတာ” တဲ့ သေပါလေရောလား (အမလေးလေး အမေ့သားကို လူပျို ပျက် အောင်လုပ်နေတယ်) အမေ့ ကိုတောင် တမ်းတလိုက်မိသေးတယ် ။ ကိုယ့်ကိုယ်ကို “ငါဘာပုံပေါက်နေလို့လဲ ” ဆိုပြီး ပြန်ကြည့်လိုက်မိသေးတယ် အဟီး အ၀တ်အစား ကိုလုံအောင်ဝတ်ထားတာပါ မိန်းခလေး လိုမျိုး မလုံတလုံ လေးတွေမ၀တ်ပါဘူးဟ ။ ဟိုကောင်မလေးအတွက် လဲစိတ်မကောင်းဖြစ်မိတယ် ဗျာ..။ ဟိုကောင်ကိုတော့ ခေါင်းခါပြ လိုက်တယ် ဗျာ ကျတော့်ကို အခြောက်လို့ပြောရင် ပြောတော့ဗျာ သူတို့နဲ့ ကိုမျက်နှာ ချင်းမဆိုင်ရဲတော့ ဘူးဗျို့..။ ဒါမျိုးတွေကတော့ မြင်နေရပါတယ် ဒါပေမဲ့ ကျတော်က ငယ်သေးတယ် လေ ( အဟီး ကြေငြာတာ အဟီး ) ကျတော့်မိဘတွေက ကျတော့်ကို နို့နံစင်ပြီလို့ လိုတောင် မထင်သေးဘူး ကျတော်လဲ အမေနဲ့ဖက်အိပ်နေတုန်း အဖေ ကိုတော့ ဖက်မအိပ်ပါဘူး အဖေက ကျတော့်ကို အော် လွတ်လို့ “ငါပူတယ် ငါ့နား မလာ နဲ့နင့်အမေနဲ့ အိပ် ” ဆိုပြီး အော် လွတ်လို့ ငယ်ငယ်က အမေနဲ့ပဲဖက်အိပ်တာ ဟ ။ အသက်ကြီးလာပြီး (၁၀) တန်းပြီးလဲ အဟီး ဖက်အိပ်တုန်း အမေနဲ့ အဟီး :D ။ ကျတော့် ကိုလဲကလေး လို့ သဘောထားနေတုန်း ။ ကျတော့် ကိုကျတော်လဲ ချစ်သူသာရှိတာ လူကြီးဖြစ်ပြီလို့ မတွေးသေးဘူးဟ ။ အဟီး ဒီနေ့တော့ ဒီလိုအမေးခံရတော့ စိတ်ထဲမကောင်းဘူးဗျာ တကယ် စိတ်မကောင်းဖြစ်မိတယ် ဟိုကောင်မလေးအတွက်လဲ စိတ်မကောင်းဖြစ်မိတယ် ဗျာ...။
(ခီခန့် ရွာသား )

ဆက်လက်ဖတ်ရှူရန်...

ငပျင်းရဲ့  လွမ်းမိသမျှ မောဝ်အလှ

ချူန်းသွန်းလို့  ရွာခဲ့ တဲ့ ပြာညှင်းညံ့ညံ့
ကောင်းကင်မှာ ရွှေအိုရောင် နေခြည်စတွေ
ရောင်ဝေလင်းပွင့်ထိန်ပြန်ပီ
မိုးရွာပြီးစမို့  မြေသင်းနံ့  တသင်းသင်းနဲ့  မနက်ခင်းရဲ့ 
အငွေ့ အသက်က မိုးဦးရနံ့  မွှေးပျံ့ လို့ ။။။
တခါတရံ ငါသဘောကျလေရဲ့ 
ငါ့ရဲ့  ပြတင်းတခါး လာရောက်လည်ပါတ်တဲ့ 
ဖြူဖွေးဖွေး တိမ်စိုင်လေးတွေ ကိုငေးမောရင်း
ဘာမှန်းမသိတဲ့  ခံစားချက်လေးကို
အလွမ်းဆိုတာ မသိခဲ့ တဲ့ ငါ
ခုလိုအမိမြေ နဲ့  ဝေးမှ ငါခံစားမိပြီ
ဒီမြင်ကွင်းက ငါ့အတွက်တော့ ပိုပြီး လွမ်းမောဖွယ်ရာသာ….
အေးချမ်းလှတဲ့  ရာသီအလှ
ကြည်ညိုစရာကောင်းလှတဲ့  စေတီပုထိုးတွေနဲ့ 
ပေါများလှတဲ့  ရိုးရာအစားအစာ
ရိုးသားလှတဲ့  သဘောထား
ဖြူစင်လှတဲ့  မနောစေတနာ…
ချစ်စရာကောင်းတဲ့  ရိုးရာဓလေ့…….
အော်စဉ်းစားရင်း လွမ်းမောရင်းနဲ့ …
လွမ်းစရာမကုန် နိုင်တဲ့  မောဝ်ရှမ်း တို့ ဌာနီပါလား….
<3<3>

ဆက်လက်ဖတ်ရှူရန်...

ကျတော် ပျက်ကွက်ရခြင်း အကြောင်းအရင်း..။

ဟဟကျတော် အခု တလော စာမရေးနိုင်တာ ပြသနာတခု ဖြစ်ပြီးကတည်းကပဲ ဟိုတလောကပါ ဗျ.. ဖြစ်တာကတော့ နဲနဲပြင်းတယ် အဟဲဟဲ... အဲပြသနာ အပြီးတော့ လူတွေစုပြီး ခင်မင်မိတဲ့ သူငယ်ချင်း များကိုပေါင်းပြီး ဆိုက်လေး တခု ကိုလုပ်လိုက်တယ် အေးရော..။
အဲဒါနဲ့ ကို ဒီဘလောဂ် ကို မကြည့်နိုင်တာ ..။ အဟီး.. ၀င်တော့ကြည့်ပါတယ် စာမရေးနိုင်တာကိုပြောတာ.. ။ အဲဆိုက်ကို လုပ်တာတော့ မဟုတ်ပါဘူး ပါဝင်အားဖြည့်တာလေးပါ အဟီး ကျတော်က အားကီး ညံတယ်လေ.. ဘာမှကိုမလုပ်ရသေးဘူး.. အဲ အဲဆိုက်ကို လုပ်ပြီးရော အိမ်က အင်တာနက်နတ်မင်းကြီး က နတ်ပြည်ပြန် ကြွမြန်းသွားပါလေ ရော.... အဲမှာ နဲနဲ ခက်သွားတယ် အောက်က သူဌေးဆိုင်မှာ သွားသုံးရတော့တာပေါ့.. သူဌေးဆိုင်က တော့ ကော်နက်ရှင်ကောင်းပါတယ် စိတ်ညစ်တာက စက်တွေဗျ.. စက်တွေက ကျတော့်သက်သမ်း လောက်ရှိပြီ လေ.. စက်ကအရမ်းလေးတယ်.. မြန်မာဖောင့်လဲ သွင်းလို့မရ.. ခက်တော့တာ အဲမှာ.. နောက်တော့.. ကျတော်၇ဲ့ ချစ်အိုက်ခီလောက်ကြီး (ခ) ချစ်တုံးဦးလေးကြီး (ဘာအတုံးလဲတော့မသိဘူး) က အင်တာနက်မင်းကို ပြန်ဖိတ်တော့ အဆင်ပြေသွားရော.. ။အဟီ.. အဲဒါလဲ ပြန်ကိုမကြည့်နိုင်သေးဘူး.. အဟဲ ချက်တင်ပိုးလေး ထလိုက်သေးတယ် အဟတ်.. သိတဲ့ အတိုင်းပဲလေ ချက်တင်က ကောင်ရွလေး အဲမှားလို့ ကောင်မလေးတွေက မျှော်.. မျှော် နေကြတာ အဟီး လူပျင်းလေး ခီခန့်ကို တောင်တော် ခြစ်တာ ဟိုဟာနဲ့ (အဲ အဲနာတော့.. မှားပြန်ပြီ ) အဲဒါ သူတို့ ကိုနဲနဲအလွမ်းလေးတွေပြေ အောင် ပြန်ပြောပေးရသေးတယ် အဟီး. ( ကောင်မလေး သိရင်တော့ နာတော့ မျက်ရည်နဲ့ သောက်ခွက်ပဲ ) ချက်ချင်းဘလော့ကို ဆိုင်းအင် တော့ ၀င်သေးဘူး ပြသနာ အကြောင်းကို လာမေးတဲ့ သူတွေကို လိုက်ရှင်းပြနေရသေးတယ် ကြားတယ် ချက်တင်ဂဲ နဲ့လည်းတွေ့သေးတယ် အဟိ ခီခန့်တို့ တော့ ကံကော်တယ်လေ.. သိတဲ့ အတိုင်းပဲ ပိုးလေး က ... ချက်တင်ဂဲကို ပြန်ချော့လိုက်တယ် အဲမှာပွဲ ဖြစ်သွားတယ် အဟီး အကုန်မပြောပြတော့ဘူးနော် ဒါကိုကျော်လိုက်တယ်( Next ) ပေါ့ အဟဟ

အဲဒါ ပြသနာကိုပြောပြမယ်နော် ဟုတ်ပလား ဖြစ်တာက နတ်သဘင် ( http://natthabin.ning.com/ ) ဆိုတဲ့ ဆိုက်မှာဖြစ်တာ ကျတော်က အသင်းဝင်ထားတာကြာနေပြီ hip hop နတ်များ ဆိုပြီး အဖွဲ့လေး ဖွဲ့ထားတယ် အဖွဲ့မှာ ဂျောက်ဂျက်သီချင်းလေး နဲနဲတင်ထားတယ် အဲဒါပြသနာက လူတယောက်ကလာရှာတာ ရှာတဲ့သူကလဲ ကျတော် ခင်တဲ့ လူဖြစ်နေတယ် တောင်ကြီးမိသားစု က လူချော ဆိုတာပါ သူက ကျတော့်ကို သိနေတယ် သူ့ကို ကျတော် က မသိသေးဘူး နောက်ပိုင်းမှ သိလိုက်ရတာ သူက ဂျောက်ဂျက် သီချင်း ကိုပြသနာရှာတာ ဗျ နားကောထောင်၇ဲ့ လားမသိပါဘူးဗျာ.. သူများပြောတိုင်း လိုက်ပြောနေတာလားမသိဘူး ။ ကျတော့် ကို အရင်လာ လာပြီး မထိတထိလေး လာစောင်းပြောသွားတယ် ဗျ ကျတော်က ပြသနာဖြစ်မှ ဆိုးလို့ နတ်သဘင် ကို တည်ထောင် သူမာရ်နတ်မင်းကို ကြိုက်တင်အကြောင်းကြားထားလိုက်တယ် အဲ အဲ့ နောက် နတ်သဘင်ဆိုက်ကို ၀င်လို့မရပြန်ဘူးဖြစ်သွားတယ် .. ၃ ရက်လောက် ထင်တယ် ဟဟ နောက်တော့ ယုယ ကလာပြောပါတော့တယ် အစ်ကို နတ်သဘင်ကို ၀င်ကြည့်ပါဦးတဲ့.. ဟဟ ကျတော်ကဘာဖြစ်တာတုန်း ဆိုပြီးတော့ စဉ်းစားလိုက်တယ် ကျတောင် ထင်တာမှန်လိုက်လေ ခြင်း ဟို တယောက်ပေါ့ သူရဲကောင်းဆိုတဲ့ ကိုလူချော လေးပေါ့ သူက စပြီး ပွဲလေး လုပ်လိုက်တာ အဟဟ (ဆဲ) ပွဲလေးပေါ့ တယောက်ကိုတယောက် ၀ိုင်းဆဲကုန်ကြပါလေ ရော.. ဘာညာကွိကွ.. နဲ့ ကြဲ ကြတာပေါ့ အဟဟ ကျတော်လွတ်တယ် ၀င်လို့မရလို့ ပြန်မဆဲလိုက် ပြန်မဖဲ့လိုက်ရဘူးဟ သူတို့ ဘက်က ကျတော့်ကို အခြောက်မ ဘာညာပေါ့ ပြောပါတယ် ဟဟဟ ကျတော် မသိလိုက်ဘူးလေ မဟုတ်ရင်တော့ ရှိတဲ့ လူတွေပြန်ခေါ်ပြီး ပြန်အော် လိုက်မှာ ဟဟ ကိုရဲ လဲလိုက်ကူရမှာနော် အဟဟ မယို ကောပဲ အကုန်လုံးပေါ့..
( အဟဟ စတာပါ တကယ်မခေါ်ပါဘူးဗျ ) .. ။ အက်တမင်အဖွဲ့ က လိုက်ထိန်းရတော့တာပေါ့ ဘယ်သူပြသနာစရှာ သလဲဘာညာပေါ့ အဲမှာ သူတို့ဘက်ကစရှာတာလေ ပြသနာကို.. သူတို့က နင်တို့ ညစ်ညမ်းတဲ့ သီချင်းတင်ထားလို့ ငါတို့ ကမိုက်ရိုင်းရတာတဲ့ ( သူတို့မိုက်ရိုင်းကြောင်းကို ထုတ်ပြောလိုက်တာပါ) ဟဟ ကျတော်တို့က သီချင်း က လူအများလက်ခံနေလို့ ကြိုက်လို့တင်တာလေ ဖွင့်နားမထောင်ရင် ကြားရတာမှ မဟုတ်တာ ဘယ် သူကိုမှ လဲမထိခိုက်ပါဘူးဗျာ.. ကျတော် နတ်သဘင် ကို စ၀င်ကတည်းက လုပ်ထားတာ အခုအထိ ( ကျတော် က ၂၀၀ မြောက် မန်ဘာ ပါ အခု ၆၀၀၀ ကျော်နေပါပြီ ) ဒီပြသနာပဲရှိသေးတယ် ဘာမှမဖြစ်ခဲ့ပါဘူးဗျာ..။ ဒါကို လာပြောတာ ဟဟ ကျတော်လဲ ဘယ်ရမတုန်း သူငယ်ချင်းတွေ လိုက်စု ပြန်ကော် လိုက်တာပေါ့ ဟဟ သိတဲ့ အတိုင်းပဲ .. ခီခန့်ပဲ လူစုလိုက်တယ် ဟိုဘက် ကတော့ မာရ်နတ်မင်းနဲ့ ချက်တင်ထိုင်တယ် နောက်တော့ မာရ်နတ်မင်းက ကျတော့်ကို တောင်းဆိုလာတယ် ညစ်ညမ်းစာသားပါ သီချင်းတွေကိုဖြုတ်ပေးပါတဲ့ လူကြီးလူကောင်းပီသစွာ နောက်ဆုတ်ပေးလိုက်ပါတဲ့ ဟဟ ကျတော် နဲနဲညစ်သွားတယ် အိုကေ ပြသနာမရှိဘူး သေချာပြန်တိုင်ပင်ကြည့်လိုက်တယ် ဟဟ အဲမှာ ကျတော်တို့ ကသာတယ်တယ် သူတို့ ကစလာဆဲတာ ကျတော်တို့ကို သူတို့မှားတာလေ.. ဟဟ ဒါနဲ့ အချိန်ဆွဲဖို့ အကြံရလာရော အချိန်ဆွဲထားလိုက်မယ် ဆိုပြီး ၄ရက်လောက် အချိန်တောင်းလိုက်တယ် ဟဟ ကံကောင်းစွာပဲ ကိုမာရ်နတ်မင်းက စာမေးပွဲတဲ့ ကောင်းလိုက်လေခြင်း အဲဆိုတော့ သူစာမေးပွဲပြီးတဲ့ အချိန် ထိ ဆွဲလိုက်တယ် အခုတော့ ပြန်ကိုမပြောရသေးဘူး အဲနောက်တော့ သူတို့ဘက် က စည်းကမ်းကိုမလိုက်နာပဲ လာလာဆဲတယ် ကျတော်တို့တော့ အေးဆေးပေါ့ ဟဟ လာဆဲတဲ့ လူတွေကိုအက်တမင် အဖွဲ့ က ကိုင်တယ်လေ ဘန်းလိုက်တာပေါ့ ဟဟ အဲဒါ သူတို့ပြန်တောင်းပန် ဘာညာ ဆိုပြီး ပြန်လက်ခံ လိုက် ဘန်းလိုက်နဲ့ ဟဟ သူတို့ကလာ ကျယ်တာကိုး ခံပေါ့ ကျတော်တို့ဘက်ကတော့ ဆက်လက် အားထောင့်နေဆဲပေါ့ ဟဟ အခုဆိုရင် ထောက်ခံတဲ့လူတွေများနေပြီဟဟ ပန့်(ခ) အဖွဲ့ တွေတောင် လာပြောနေပြီ သီချင်းဖြုတ်ဖို့ ကိုသူတို့လက်မခံဘူးတဲ့ ဟဟ..။ ဒါပဲလေ ကျတော်တို့က စည်းကမ်းနဲ့နေတာကိုး...။ အဲဒီမှာ နတ်သဘင်က စည်းကမ်းလေး ပြောပြမယ် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီသော ညစ်ညမ်းပုံများ လုံးဝမတင်ရ တဲ့ ။ ပုံပဲလေဗျာ.. သီချင်းမပါဘူး ဒါကို သူတို့ မသိလေရော့လားဗျာ.. ၀မ်းနည်းစရာကောင်းလိုက်တာ.. ။ ဒါနဲ့ အခုတော့ သူတို့ ငြိမ်နေတယ် ထပ်ဖြုတ်ဖို့ မတောင်းဆိုတော့ ဘူး မာရ်နတ်မင်းလဲ မနေ့ ကဆိုလား မသိဘူး စာမေးပွဲပြီးတယ်တဲ့ အခုတော့ ကျတော်တို့ မာရ်နတ်မင်းနဲ့ ပြန်ဆွေးနွေးရမယ် ထင်တယ် အခုတော့ သူကဘာမှမပြောသေးဘူးဗျ.. အဲပြသနာကိုရှင်းပြီးရင်တော့ စာတွေ ပြန်ရေးမယ် နော် ဟဟ စာလို့သာပြောတာ ဖြစ်သလို ရေးထားတာတွေပဲ ၀ါကျကို ကောင်းကောင်းမစီတတ်သေးဘူး ကျတော်က လာအားပေးကြတဲ့ အစ်ကို တို့ အစ်မတို့ကိုအားနာပါရဲ့ ဘယ်သူကြောင့်လာတယ်ဆိုတာလဲ သိပါတယ်...။ အခုတော့.. ပိုက်ဆာလို့ စားလိုက်ဦးမယ် .. အဟီး စားမလား လာဗျို့ ခေါက်ဆဲပြုတ် ကျွေးမယ် အဟီး..။


ဆက်လက်ဖတ်ရှူရန်...

 
လူပျင်းလေး | TNB