“ HIP HOP” သီချင်းကို ...
“ဘာတွေ အော်ဆိုနေမှန်းမသိဘူး” လို့ နင်ပြောတတ်ပေမဲ့....
ငါနားထောင်ရင် ငါ့ပုခုံးလေး မှီပြီးနင်ငါနဲ့ အတူတူလိုက်နားထောင်တတ်တယ်နော်....။
“ HIP HOP” အခွေတခွေထွက်တိုင်း....
“လာပြန်ပြီ နောက်တခွေ ဘာတွေအော်ဦးမယ် မသိဘူး” လို့နင်ပြောတတ်ပေမဲ့..
ငါ့ကိုဖက်ပြီး အိမ်ပြန်လက်ဆောင်အဖြစ် ငါ့ကိုပြုံးအောင်ပေးတတ်တယ်နော်.......။
“ HIP HOP” သီချင်းစာသားကြမ်းတွေကို....
“ဘာတွေမှန်းကို မသိဘူးဆဲနေတာပဲသိတယ်” လို့နင်အမြဲပြောတတ်ပေမဲ့....
“နဲနဲနားထောင်ကြည့်မယ်” ဆိုပြီးငါ့နဲ့အတူတူနားထောင်ပေးတတ်တယ်နော်...။
ကောင်မလေးရယ်.....
နင့်ထက် “ HIP HOP” ကိုငါပိုချစ်တာမဟုတ်ပါဘူး...
“ HIP HOP” ဂီတ က ငါနှစ်သက်တဲ့ ဂီတ တခုသက်မဲ့ အရာပါ...
နင်သာငါ့ ရဲ့“ဘ၀” ပါ နင့်ကိုငါ့အသက်ထက်ပိုချစ်ပါတယ်....။
(သိပ်ချစ်သောကောင်မလေးသို့)
ဒီနေ့ကတော့ အရင်ရက်ကရေးထားတဲ့ကဗျာ ကိုပဲပြန်တင်လိုက်တယ် ဗျအခြားဆိုက်မှာတင်ပြီးသားပါဘလော့မှာမတင်ရသေးလို့ ဒီနေ့တင်လိုက်တာ အိမ်ပြန်ပြီးတော့အချိန်ရတာနဲ့ တင်လိုက်တာဝါး... မမယ်ပျင်း ကလဲအွန်လိုင်းကိုမတက်လာဘူးသူ့ကိုဒုတ်ခပေးချင်လို့ပါဆိုနေမှ သိမယ်ခီလောက်ကိုတော့ ချက်တယ် သူ့မောင်လေးကိုတော့ လုံးဝမခေါ်ဘူးသိမယ်..။
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ့ကိုငိုကြွေးစေခဲ့တဲ့ မနက်ဖြန် ဖြစ်ခဲ့သလို..
ငါ့ကိုအတွေးစိတ်ကူးတွေနဲ့ ပျော်ရွင်စေခဲ့ဖူးတယ်....။
ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ ကြောက်လန့် ပြီးမုန်းတီး မိခဲ့ သလို...
ငါ ပျော်ရွင်စွာ ရူးသွပ်ပြီး မျှော်လင့်စောင့်စားခဲ့ဖူးတယ်..။
ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါတို့ နှစ်ယောက်ကိုဝေးကွာ စေခဲ့သလို...
မနက်ဖြန်များစွာက ငါတို့နှစ်ယောက် ကိုပြန်လည်ဆုံစည်းစေမှာပါ...။
ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ဝေးကွာစေမဲ့ မနက်ဖြန်ကို မုန်းတီးမိသလို...
ပြန်လည်ဆုံစည်းစေမဲ့ မနက်ဖြန်များစွာ ရူးသွပ်စွာမျှော်လင့်နေဆဲပါ...။
ငါ့အတွက်တော့ မုန်းတီးမိတဲ့ မနက်ဖြန်ဟာ...
နင့်ကိုငါ့ရဲ အဝေးဆုံးကို ထွက်ခွာသွားစေခဲ့ သလို...
ငါလဲ နင်နဲ့အဝေးတနေရာကို ရောက်လာခဲ့ပါပြီ...။
ငါရူးသွပ်စွာ မျှော်လင့်နေသော မနက်ဖြန်ဟာ....
ငါမုန်းတီးမိတဲ့ မနက်ဖြန်လိုပဲ တနေ့ရောက်လာမှာပါ...
ငါမျှော်လင့်နေသော မနက်ဖြန်ရယ်... မျှော်လင့်နေပါတယ်..ရောက်လာပါတော့....။
အဟီး သင်္ကြန်နဲ့တော့ ဘာမှ မဆိုင်ပါဘူး ရင်ထဲရှိတာ ရေးလိုက်တာပဲ ပထမဆုံးကဗျာ ပေါ့ ဒါက
သင်္ကြန်ဆိုတော့ တောင်ကြီးကိုလွမ်းမိလို့ တူပါ၇ဲ့ .....
ဒီကနေပဲ ဘလော့လာဖတ်တဲ့ သူငယ်ချင်းတွေကို ရေလောင်းလိုက်တယ်နော်
မှုန့်လုံးရေပေါ်လဲကျွေးတယ် အဟီး...အရင်စားကြ ပြီးမှ ရေလောင်းကြတာပေါ့ ..
မမ ရေ ဧည့်သည်တွေကိုကျွေးလိုက် ကျတော် ခီခန့် ကတော့ ရေလောင်းဖို့ပြင်လိုက်ဦးမယ်.. အဟီး...။
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ချူန်းသွန်းလို့  ရွာခဲ့ တဲ့ ပြာညှင်းညံ့ညံ့
ကောင်းကင်မှာ ရွှေအိုရောင် နေခြည်စတွေ
ရောင်ဝေလင်းပွင့်ထိန်ပြန်ပီ
မိုးရွာပြီးစမို့  မြေသင်းနံ့  တသင်းသင်းနဲ့  မနက်ခင်းရဲ့ 
အငွေ့ အသက်က မိုးဦးရနံ့  မွှေးပျံ့ လို့ ။။။
တခါတရံ ငါသဘောကျလေရဲ့ 
ငါ့ရဲ့  ပြတင်းတခါး လာရောက်လည်ပါတ်တဲ့ 
ဖြူဖွေးဖွေး တိမ်စိုင်လေးတွေ ကိုငေးမောရင်း
ဘာမှန်းမသိတဲ့  ခံစားချက်လေးကို
အလွမ်းဆိုတာ မသိခဲ့ တဲ့ ငါ
ခုလိုအမိမြေ နဲ့  ဝေးမှ ငါခံစားမိပြီ
ဒီမြင်ကွင်းက ငါ့အတွက်တော့ ပိုပြီး လွမ်းမောဖွယ်ရာသာ….
အေးချမ်းလှတဲ့  ရာသီအလှ
ကြည်ညိုစရာကောင်းလှတဲ့  စေတီပုထိုးတွေနဲ့ 
ပေါများလှတဲ့  ရိုးရာအစားအစာ
ရိုးသားလှတဲ့  သဘောထား
ဖြူစင်လှတဲ့  မနောစေတနာ…
ချစ်စရာကောင်းတဲ့  ရိုးရာဓလေ့…….
အော်စဉ်းစားရင်း လွမ်းမောရင်းနဲ့ …
လွမ်းစရာမကုန် နိုင်တဲ့  မောဝ်ရှမ်း တို့ ဌာနီပါလား….
<3<3>
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...