Subscribe News Feed Subscribe Comments

Sunday,
Apr
12,

ငါ့အတွက် မနက်ဖြန်...။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ့ကိုငိုကြွေးစေခဲ့တဲ့ မနက်ဖြန် ဖြစ်ခဲ့သလို..
ငါ့ကိုအတွေးစိတ်ကူးတွေနဲ့ ပျော်ရွင်စေခဲ့ဖူးတယ်....။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါ ကြောက်လန့် ပြီးမုန်းတီး မိခဲ့ သလို...
ငါ ပျော်ရွင်စွာ ရူးသွပ်ပြီး မျှော်လင့်စောင့်စားခဲ့ဖူးတယ်..။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ငါတို့ နှစ်ယောက်ကိုဝေးကွာ စေခဲ့သလို...
မနက်ဖြန်များစွာက ငါတို့နှစ်ယောက် ကိုပြန်လည်ဆုံစည်းစေမှာပါ...။

ငါ့ အတွက်တော့ မနက်ဖြန်ဆိုတာ....
ဝေးကွာစေမဲ့ မနက်ဖြန်ကို မုန်းတီးမိသလို...
ပြန်လည်ဆုံစည်းစေမဲ့ မနက်ဖြန်များစွာ ရူးသွပ်စွာမျှော်လင့်နေဆဲပါ...။

ငါ့အတွက်တော့ မုန်းတီးမိတဲ့ မနက်ဖြန်ဟာ...
နင့်ကိုငါ့ရဲ အဝေးဆုံးကို ထွက်ခွာသွားစေခဲ့ သလို...
ငါလဲ နင်နဲ့အဝေးတနေရာကို ရောက်လာခဲ့ပါပြီ...။

ငါရူးသွပ်စွာ မျှော်လင့်နေသော မနက်ဖြန်ဟာ....
ငါမုန်းတီးမိတဲ့ မနက်ဖြန်လိုပဲ တနေ့ရောက်လာမှာပါ...
ငါမျှော်လင့်နေသော မနက်ဖြန်ရယ်... မျှော်လင့်နေပါတယ်..ရောက်လာပါတော့....။


အဟီး သင်္ကြန်နဲ့တော့ ဘာမှ မဆိုင်ပါဘူး ရင်ထဲရှိတာ ရေးလိုက်တာပဲ ပထမဆုံးကဗျာ ပေါ့ ဒါက
သင်္ကြန်ဆိုတော့ တောင်ကြီးကိုလွမ်းမိလို့ တူပါ၇ဲ့ .....

ဒီကနေပဲ ဘလော့လာဖတ်တဲ့ သူငယ်ချင်းတွေကို ရေလောင်းလိုက်တယ်နော်
မှုန့်လုံးရေပေါ်လဲကျွေးတယ် အဟီး...အရင်စားကြ ပြီးမှ ရေလောင်းကြတာပေါ့ ..
မမ ရေ ဧည့်သည်တွေကိုကျွေးလိုက် ကျတော် ခီခန့် ကတော့ ရေလောင်းဖို့ပြင်လိုက်ဦးမယ်.. အဟီး...။

2 ဝေဖန်ချက်များ ။ ။:

အိုက် ချီ ခန့် said...

ဟဟဟ ရပါတယ်ဟ မယိုကလဲ...။

desertraindrops said...

ရဘူးဟ..ဒီတခါမန့်ချင်တာလေးကို ပြန်မန့်ကြည့်မယ်.ရမရ..
မနက်ဖြန်ဆိုတာကို မျှော်လင့်တဲ့အထဲမှာပါဝင်နေတယ်။
ဒါပေမဲ့ ronan keating ရဲ့ If tomorrow never comes ကို နားထောင်မိကတည်းက မနက်ဖြန်ကို မရလိုက်မှာ သိပ်ကြောက်နေတယ်ဟ။ဒီ ကဗျာလေး ကြိုက်တယ်။

 
လူပျင်းလေး | TNB