
ခီခန့်လေးခုတလော စာအုပ်တွေလိုချင်လို့ လိုက်ရှာနေတာ.. ရှမ်းလူမျိုးနဲ့ပက်သက်တဲ့ စာအုပ်တွေလိုချင်နေတာဗျ..။ အဲဒါ အစ်မတယောက်နားကနေ တိုင်းရင်းသား နဲ့ ပက်သက်တဲ့ စာအုပ်တော့ရလာတယ်.. လိုချင်တဲ့စာအုပ်တော့ မရသေးဖူးရယ်..။ သူငယ်ချင်းနားဓါးပြတိုက်ရမဲ့ပုံပဲ.. ဓါးပြတိုက်ဖို့လဲ သူက တရားစခန်းဝင်နေတာနဲ့ မတိုက်ရသေးဖူး..။ အခု ဒီစာအုပ်ကို တောင်ကြီးက ကျတော့်အစ်မက သူကိုယ်တိုင် ၂ ရက်လောက် အပ်လုဒ် လုပ်ပေးတာဗျ.. မြန်မာပြည်က ကော်နက်ရှင်က သိတဲ့အတိုင်းပဲလေ.. ။ အဆင်မပြေလို့တဲ့ဗျာ.. ၃ နာရီတောင် ကြာတယ် ။ ပို့ပေးတဲ့ အစ်မကို ဒီကနေပဲ ကျေးဇူးတင်စကားပြောနိုင်ပါတယ်ဗျာ... ။ တောင်ကြီးပြန်မှ မှန့်ဝယ်ကျွေးမယ်လို့ပြောထားတယ်..။ စာအုပ်နံမည်က ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများတဲ့..။( ရှမ်း ဆိုပြီး အမဲကွက်ထဲမှာရေးထားသေးတယ် မြင်တဲ့အတိုင်းပါပဲ.. :P)
ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဇန်န၀ါရီလ၊ ၁၉၆၈ ခုနှစ်က ထုတ်တာပါ..။
ဆိုရှယ်လစ်လမ်းစဉ်ပါတီ အကြောင်းတော့ ကျတော်မသိဖူးရယ် ဒါပေမဲ့ စာအုပ်ကို ဖတ်တော့ မမှားသင့်တဲ့ စာလုံးပေါင်းအမှားတွေနဲ့ တချို့အကြောင်းအရာတွေ တော့တွေ့တယ် ။ ကျတော်က ရှမ်းလူမျိုးဆိုတော့ ရှမ်းနဲ့ပက်သက်တာပဲဖတ်လိုက်ပါတယ်.. ကျတော် မသိတဲ့အမှားတွေလဲရှိမှာပါ.. ကျတော်သိသလောက်ကတော့..
သံလွင်မြစ်ကို ရှမ်းများက နမ့်ခေါင် ဟုခေါ်သည် (စာမျက်နှာ ၇ )
အဲ့နေရာမှာ.. စာလုံးပေါင်းမှားတာလို့ထင်ရပေမဲ့ သံလွင်မြစ်ဟာ ရှမ်းပြည်ရဲ့ အကြီးဆုံးမြစ်တစင်းပါ၊ အထင်ရှားဆုံးမြစ်ကြီးတခုပါ.. နမ့်ခုံး ကို နမ့်ခေါင်လို့ မှားရေးတာလို့ပဲ တချို့လူမျိုးတွေ ထင်ကြမယ်လို့ ထင်ပါတယ်.. ။ ကျတော်ကတော့ စာလုံးပေါင်းမှားတယ်လို့ မယူဆပါဖူး..။ ရေငန် လို့ ရွာငန် ကိုလဲမှားရေးထားပါတယ်.. (စာမျက်နှာ ၁၇) နဲ့ ပအိုဝ်း ကိုလဲ ပအို့ဝ် လို့ပဲရေးထားပါတယ်..။
ကျတော်မသိတဲ့ တချို့အမှားတွေလဲရှိမှာပါ.. တခြားတိုင်းရင်းသားတွေတော့ မသိဖူး ကျတော်ကရှမ်းဆိုတော့ ရှမ်းနဲ့ပက်သက်တာပဲ ဖတ်တယ်... ရှမ်းလူမျိုးနဲ့ပတ်သက်တာပဲသိတယ် ဒါတောင် ကျတော်မသိတဲ့ တချို့အကြောင်းအရာတွေလဲရှိမှာပါ..။
နောက်တခုကတော့.. မိသားစုအမျိုးတော်စပ်ပုံမှာ..
မဲ့ထောက် = အဖွား
ပေါ့ထောက် = အဘိုး လို့ရေးထားတယ်
မဲ့ထောက် ဆိုတာ အမယ်အို
ပေါ့ထောက် ဆိုတာ အဘိုးအို လို့ကျတော်တို့ခေါ်တယ်ဗျ...။
ပူ = အဘိုး
နှိုင်း = အဖွား လို့ခေါ်ပါတယ်ခင်ဗျာ.. ။ ကျတော်မှားတာလား သူတို့မှားတာလားတော့ မသိဖူးရယ်... :P
လန်ထိန်း တဲ့ တူမကို လန်ယိင်း လို့ကျတော်တို့ခေါ်တယ်..။ နောက်ပြီး..
နဆန် = ဦးလေး ဒီနေရာမှာ အဖေဘက်ကတော် တာနဲ့ အမေဘက်က တော်တာ အခေါ်အဝေါ်ကွဲပြားပါတယ်..။ အခေါ်အဝေါ်ကိုကြည့်ပြီး ဘယ်ဘက်ကတော်တယ်ဆိုတာ ခွဲခြားနိုင်ပါတယ်..။
နဆန် = ဦးလေး (အမေဘက်) အနောက်က ဆန် ကို ချန်ပြီးတော့လဲ ခေါ်နိုင်ပါတယ်
ဥပမာ ။ ။ “နဆန်အိုက်စိုင်း”ပေါ့ အဲဒါကို “နအိုက်စိုင်း” လို့လဲခေါ်နိုင်ပါတယ်..။
အာ = ဦးလေး (အဖေဘက်) အဖေဘက်ကတော်တာကို “အာ” လို့ခေါ်ပါတယ်..။
(သူတို့မသိဖူးထင်ပါရဲ့.. :)နောက်ပြီး ဦးကြီးကို ကျတော်တို့က လုံး လို့ပဲခေါ်တယ်ဗျာ..။ အနောက်က လုံကို ထည့်မခေါ်ဖူး..။ အဲ့ဒါတွေ တွေ့ပြီးတော့ စာအုပ်ကို ဆက်ဖတ်ချင်စိတ်ကိုမရှိတော့ဖူး... တင်ဖို့လဲ စဉ်းစားပါသေးတယ်... ။ ကျတော်တင်လိုက်ရင် တခြားတိုင်းရင်းသားတွေ ကျတော်တို့ ရှမ်းလူမျိုးအကြောင်း လာဖတ်မိမယ်ဆိုရင် အဲ့အမှားတွေကိုမှတ်ယူသွားရင်ဘယ်လိုလုပ်မှာလဲဗျာ... တခြားတိုင်းရင်းသားမှာလဲ အမှားတွေရှိမယ်လို့ထင်ပါတယ်...။ ဒါပေမဲ့ ရှိတာလေးကို မျှဝေချင်တဲ့အတွက် ကျတောင်တင်ပေးလိုက်ပါတယ်ဗျာ.. ချင့်ချိန်ပြီးဖတ်ပေါ့ဗျာ.. ။ ဒေါင်းချင်ရင် ဒီမှာ ယူလိုက်ပါ... စာမျက်နှာ ၃၉၄ ရှိပါတယ်..။
တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ..။
ခီခန့်ပြန်လာဖီ... :)
ဟဟ.. ကျတော် စိတ်လေလို့ လွင့်နေတာ.... ဟဲဟဲ.. လေလွင့်တဲ့ အရသာလေးလဲမိုက်သဗျား... ကောင်းကောင်းကြီးကို လွင့်နေတာ.. (၁) လကျော်ကျော်ပေါ့.. အခုတော့ ကိုယ့်စိတ်ကိုပြန်ထိန်းနိုင်ပါပြီ.. ။ ဒီလိုပါပဲဗျာ... စိတ်ဆိုတာ ထိန်းရခက်သားပဲနော့.. နေသားကျဖို့ တော်တော် အချိန်ယူလိုက်ရတယ်...။ အခုတော့ နေသားကျနေပြီထင်တာပဲဗျာ... ဒီထက်ဆက်လေဖို့လဲ မတင့်တော်တော့ဖူး... ။ဒီအတော အတွင်း ကျတော့်ဘလော့ကို တမင်သက်သက်ပဲဖြစ်ဖြစ် မျက်စီလည်လမ်းမှားလို့ပဲဖြစ်ဖြစ်.. လာရောက်သောဧည်သည်များကို ကျတော်ဧည့်ဝတ်မကျေတာကို တောင်းပန်ပါတယ်ဗျာ...။ အခုပုံမှန်ပြန်ဖြစ်ပြီထင်တာပဲ.... အရင်ဆုံးအကူညီတောင်းရမယ်ထင်တယ်ဗျာ...
အဟဲ... ကျတော်ရှမ်းသီချင်းလေးတွေ စုနေတယ်ဗျ... ရှိရင်ပို့ပေးကြပါဦးဗျာ... နော်... အားကိုးပါရဲ့... ဘလော့အိမ်တွေကိုလဲ ပုံမှန်ပြန်လည်ပတ်တော့မယ်ဗျာ... အဟဲ... မယို တော့ သတိထားပေါ့ သူ့အိမ်မှာ ထမင်းစားပြီးရင် ပန်းကန်မဆေးခဲ့လို့... အဟဟ... ။
ခီခန့်က ဂလိုပဲ အရူးလေးနဲကတူတယ်... :P
READ IT....THINK ABOUT IT...AND CONSIDER A BIT
An 80 year old man was sitting on the sofa in his house along with his 45 years old highly educated son. Suddenly a crow perched on their window.
The Father asked his Son, "What is this?"
The Son replied "It is a crow".
After a few minutes, the Father asked his Son the 2nd time, "What is this?"
The Son said "Father, I have just now told you "It's a crow".
After a little while, the old Father again asked his Son the 3rd time,
What is this?"
At this time some ex-pression of irritation was felt in the Son's tone when he said to his Father with a rebuff. "It's a crow, a crow".
A little after, the Father again asked his Son t he 4th time, "What is this?"
This time the Son shouted at his Father, "Why do you keep asking me the same question again and again, although I have told you so many times 'IT IS A CROW'. Are you not able to understand this?"
A little later the Father went to his room and came back with an old tattered diary, which he had maintained since his Son was born. On opening a page, he asked his Son to read that page. When the son read it, the following words were written in the diary :-
"Today my little son aged three was sitting with me on the sofa, when a crow was sitting on the window. My Son asked me 23 times what it was, and I replied to him all 23 times that it was a Crow. I hugged him lovingly each time h e asked me the same question again and again for 23 times. I did not at all feel irritated I rather felt affection for my innocent child".
While the little child asked him 23 times "What is this", the Father had felt no irritation in replying to the same question all 23 times and when today the Father asked his Son the same question just 4 times, the Son felt irritated and annoyed.
So..
If your parents attain old age, do not repulse them or look at them as a burden, but speak to them a gracious word, be cool, obedient, humble and kind to them. Be considerate to your parents. From today say this aloud, "I want to see my parents happy forever. They have cared for me ever since I was a little child. They have always showered their selfless love on me. They crossed all mountains and valleys without seeing the storm and heat to make me a person presentable in the society today".
Say a prayer to God, "I will serve my old parents in the BEST way. I will say all good and kind words to my dear parents, no matter how they behave.
THAT STORY REALLY GIVES GOOD EXAMPLE AND ALSO FEELING SOMETHING AFTER READING...
THATS WHY I WANT U TO READ U GUYS
<3ငပျင်း<3 id="fullpost">
သူတို့ ပြောသော NOTICE ,THEY R QUITE COOL...
ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး
(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ
တန်ဖိုးအကြီးဆုံးအရာ(၃)ခု
(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ
ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး
(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ
အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး
(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြုတ်ထားခြင်း
ပျက်စီးစေသောအရာ(၃)မျိုး
(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း
တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး
(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမူ
(၃) ခင်မင်ရင်းနှီးမူ
ပြန်လည်ကူးယူဖော်ပြပါသည်...
ငပျင်းး^_*_^
ဖြေပေးကြပါဗျာ..။
အင်း..ဒီနေ့သူငယ်ချင်းထိုင်တွေးနေရင်းနဲ့ ဒီပိုစ့်ကိုရေးဖို့ဖြစ်လာတာပဲဗျာ။ ရွာကသူငယ်ချင်းပေါ့ ငယ်သူငယ်ချင်းပါ ကျတော်တို့ရွာကတောခေါင်တယ်ဗျ။ အလယ်တန်းအထိစာသင်ကျောင်းတော့ရှိတယ် ဒါပေမဲ့ချမ်းသာကြွယ်ဝတဲ့မိသားစု အချို့ကလွဲလို့ဘယ်သူမှအစိုးရပညာရေး ကိုသိပ်အလေးမထားကြဘူးဗျ အလယ်တန်းအထိတာအောင်တယ် တချို့ဆိုမြန်မာစကားကိုကောင်းကောင်းမပြော တတ်ကြဘူးဗျတချို့ဆို ကျောင်းကိုမတက်ကြဘူး တ၀က်တပျက်နဲ့ထွက်လိုက်ကြတာကများပါတယ်။ အဲအထဲမှာကျတော့်သူငယ်ချင်းလဲပါတာပေါ့ ။ သူတို့အိမ်က ကျတော့်အိမ်နဲ့မျက်စောင်းထိုးမှာ ရှိတယ် သူတို့ခြံထဲမှာငယ်ငယ်ကတည်းကကြီးလာတဲ့အထိအတူတူဆော့ကြတယ်ဗျ။ ၀ါးတွေခုတ်ပြီးဝါးနဲ့ဓါးလုပ်ပြီး သိုင်းသမားလုပ်တိုင်းဆော့ကြတာပေါ့ သူတို့ခြံကကျယ်တာကိုးကျတော်တို့ ကစားကွင်းဆိုလဲမမှားပါဘူး။ အဲခြံထဲမှာအမျိုးမျိုးဆော့ကြတာပေါ့ အသက်ငယ်ငယ်တုန်းကခင်ခဲ့တာမို့ သူ့ကိုအခြားသူငယ်ချင်းတွေထက်သံယောဇဉ်တွယ် မိပါတယ်ဗျာ။ တယောက်နဲ့တယောက်စိတ်ဆိုးရင် ညနေစောင်းဆိုကျတော်ကအမြဲတမ်းစပြီးသူ့ကိုခေါ်တယ် နေ့ကူးမခံဘူးကျတော်မှားခဲ့လဲ ကျတော်စပြီးခေါ်တယ်သူ့ကိုပေါ့။ နွေရာသီကျောင်းပိတ်မှကျတော်တို့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံကြရတာ အတူတူဆော့ကြတာပေါ့ အဲဒါကြောင့်ကျတော်က နွေရာသီကျောင်းပိတ်ရက်တွေဆို အရမ်းပျော်တယ်ဗျ။ ဒါပေမဲ့သူကတော့ (၆) တန်းလောက်ကတည်းက ကျောင်းထွက်ပြီးမိဘလုပ်ငန်းကို ၀င်ကူခဲ့တယ်ဗျ အခုအချိန်ဆိုသူက သူ့အဖေအားကိုးရတဲ့သားတယောက်ဖြစ်နေပါပြီဗျာ။ လယ်ယာလုပ်ငန်းကိုသူ့ကောင်းကောင်းလုပ်တတ်နေပြီ ကျတော်ကတော့လှည်းတောင်မမောင်းတတ်ဘူး အဟီး.. လှည်းကိုငယ်ငယ်တုန်းကမောင်းတတ်တယ်။ အခုမမောင်းတတ်တော့ဘူး အဟီး ရွာမှာဆိုသူတို့ရဲ့တပည့်ပေါ့ ကျတော်ကဘာမှမတတ်တာ သူတို့ကကျတော့်ကိုပြောတယ် “မင်းကအားကြီးစိတ်ပျက်ဖို့ကောင်းတယ်”တဲ့ ဘာမှမတတ်လို့တဲ့ အဟီးခံပေါ့ တကယ်မတတ်တာကိုး ဘောပင်ပဲကိုင်လာတဲ့လက်နဲ့ ဘာမှလုပ်စားလို့မရဘူးဆိုတာ အဲအချိန်မှာသိလိုက်ရတယ်ဗျာ။ တခါတလေအမေတို့ ကျတော့်ကိုလာတွေ့ရင် ကျတော်တို့အိမ်ကိုသူတယောက်ထဲလာအိမ်စောင့်ပေးတယ်။ သူနဲ့ကျတော်ကအရမ်းရင်းနှီးတယ်ဗျာ.. အဲကျတော်ဒီရောက်ပြီးမကြာလိုက်ဘူး ကျတော်ဖုန်းဆက်တော့ သူအိမ်ထောင်ကျသွားပြီတဲ့ဗျာ။ကျတော်ဝမ်းနဲ ၊၀မ်းသာဖြစ်မိတယ် ၀မ်းသာတာကသူ့ရဲ့မင်္ဂလာဆောင်သတင်းကိုပေါ့။ ၀မ်းနဲတာကတော့ အချစ်ဆုံးသူငယ်ချင်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာကိုပေါ့။ ကျတော့်သူငယ်ချင်းအိမ်ထောင်ကိုနိုင်အောင်ထိန်းနိုင်ပါ့မလား..? သူတို့အိမ်ထောင်ရေးခိုင်မြဲပါ့မလား..? ဆိုပြီးစိတ်ပူမိတယ်ဗျာ။ ဒီအချိန်အိမ်ထောင်ပြုတာအရမ်းစောသေးတယ် ထင်တယ်အသက်(၁၈)နှစ်က အိမ်ထောင်ပြုဖို့အရမ်းစောမနေဘူးလားဗျာ..။ ရွာမှာဒီလိုမျိုးတွေပါပဲ ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိဘူး မိဘတွေကလဲခွင့်ပြုတယ် သူတို့ကိုယ်တိုင်ကလဲပြုချင်နေကြတယ် အိမ်ထောင်ရေးကိုကလေးကစားစရာလို့များမှတ်နေကြတာလားမသိဘူးဗျာ။ လွယ်လွယ်ကူကူအိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်ကူကူပဲအိမ်ထောင်ကွဲကြပြန်တယ်။ အခုထိတော့ကျတော့်သူငယ်ချင်းအိမ်ထောင်ကွဲပြီလို့ တော့မကြားမိပါဘူးသူတို့အိမ်ထောင်ရေးခိုင်မာပါစေလို့တော့ ဆုတောင်းပေးပါတယ်ဗျာ။ ကျတော့်သူငယ်ချင်းတွေထဲမှာလဲ တလင်ကွာ၊ တခုလပ်၊ တွေရှိကြပါတယ် လွယ်လွယ်နဲ့လက်ထက် အိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်နဲ့အိမ်ထောင်ကွဲခဲ့ကြတဲ့ သူတွေပါ။ မိန်းခလေးသူငယ်ချင်းတယောက်ဆို အိမ်ထောင်သက်တမ်း (၃)လလောက်ပဲကြာတယ် နောက်တော့ကွဲသွားကြပြီတဲ့။ ဘယ်သူ့ဘက်ကနစ်နာလဲဗျာ မိန်းခလေးဘက်ပဲမလား (၃) ဆိုတဲ့အချိန်မှာသူ့ကိုပြောင်းလဲလိုက်တယ် အိမ်ထောင်ပြုတာကို ကလေးကစားစရားများမှတ်နေကြလားမသိဘူးဗျာ။ မလိုချင်တော့ရင် ဆောရီး၊ ဘွာတေး၊ ဆိုပြီးပြန်ပြင်လို့ရတာမှမဟုတ်တာ ပညာဗဟုသုတ မပြည့်စုံကြတာကို အပြစ်တင်ရမှာလား..? ဘယ်သူ့ကိုအပစ်တင်ရမှာလဲ..?
စောစီးစွာအိမ်ထောင်ပြုပြီးဖြစ်ကြတဲ့ပြသနာတွေက ငွေရေးကြေးရေးအဆင်မပြေဖြစ်ကြပြီးတော့ နောက်ဆုံးကလေးမျက်နှာကိုတောင် မထောက်တော့ပဲကွဲကြပြန်တယ်။ ကလေးကံဆိုးတာပေါ့ဗျာ ကြီးလာရင်ဘယ်သူ့ကိုအဖေအမေခေါ်ရမှာလဲဗျာ..? အဘိုးအဖွားတွေနဲ့ထားခဲ့ပြီးတယောက်တပေါက် နိုင်ငံခြားလို့ခေါ်တဲ့ (ထိုင်း) နိုင်ငံထဲကိုဝင်သွားကြတယ် ကျတော်တို့ဘက်က ထိုင်းနဲ့နီးတယ်လေ။ ကလေးခမျာအမေဘက် အဘိုးအဖွားတွေနဲ့နေရင် “နင့်အဖေဘယ်မှာလဲ” လို့လာမေးရင်“သေသွားပြီ” လို့ပဲပြန်ပြောတတ်တယ်။ အဖေနံမည်ကို ကြားသာကြားဖူးပြီးမ မှတ်မိတဲ့ဘ၀ အဖေဘက်က အဘိုးအဘွားနဲ့နေရင် အမေဆိုတာနံမည်သာကြားဖူးပြီး “နင့်အမေကော” လို့မေးလာရင် “မသိဘူး” လို့ပြန်ဖြေကြတဲ့အဖြစ်..တကယ်သနားစရာကောင်းပါတယ်ဗျာ။ ထိုင်းထဲမှာလဲလူမျိုးတွေစုံကြတယ် ဆိုတော့ တချို့တွေကထိုင်းထဲမှာပဲ နောက်အိမ်ထောင်ပြုလိုက်ကြတယ်ဗျာ။ ကြည့်.. သူတို့ကလေးမျက်နှာကိုထောက်လားဆိုတာ..။ တကယ်တော့ကလေးကံဆိုးတာပါ ဗုဒ္စဘာသာပီပီ ကံကိုပဲပုံချတော့မယ်ဗျာ..။
တချို့ကြတော့ ပင်ပင်ပန်းပန်းနဲ့ရုန်းကန်ကြရှာတယ် ငယ်ရွယ်သေးတော့ပင်ပန်းတာပေါ့ ဒါပေမဲ့လူနည်းစုပဲပေါ့ဗျာ..။
ဘယ်သူ့ကိုအပြစ်ရမှာလဲ.. ပညာရေးမစုံတာကိုလား..? ခွင့်ပြုခဲ့တဲ့သူတို့မိဘကိုလား..? အိမ်ထောင်ပြုချင်ကြတဲ့သူတို့ကိုယ်တိုင်ကိုလား..? ပျော်စရာတွေများတဲ့ နိုင်ငံခြားအချစ်ဇတ်လမ်းတွဲတွေကိုပဲလား..?
ကျတော့်ကိုဝိုင်းဖြေပေးကြပါဦးဗျာ...။
ခီခန့်
ကျွန်တော်ရဲ့  ပြောပြချင်သော..အကြောင်းတချို့ 
ကဲ သူငယ်ချင်းများအားလုံး... ကျနော် ငပျင်းတယောက် ပျင်းရာကနေ ဖျားသွားတာ အပျင်းဖျားလေးပေါ့.. အဲ.. ဒီနေ့ မှပဲ နဲနဲ နေသာထိုင်သာလေးရှိလာလို့ .... ဘလော့ လေးကိုလာကြည့်ရင်း ဘာလေးရေးရင်ကောင်းမလဲလို့ စဉ်းစားရင်က .နောင်တော်အပေါင်းအသင်းများကို မပြောဖြစ်သေးတဲ့ ငပျင်း အကြောင်းလေး နဲနဲ ပြောပြလိုက်တယ်နော်......အမှန်ကတော့ဒီလိုဗျာ ဒီဘလောက်ကလေးဖြစ်လာတဲ့ အကြောင်းပေါ့..ကျွန်တော်က ရှင်းရှင်းပြောရင်..အနုပညာနဲ့ စာပေဆိုလို့ ကောင်မလေးလှတာ လေးတွေကိုအနုပညာမျက်စိနဲ့ ခံစားပြီး ရည်းစားစာ ဆိုတဲ့ စာပေလေးရေးတတ်တာကလွဲလို့  ဘာမှကို ၀ါသနာမပါ စိတ်လဲမ၀င်စားတဲ့  ကောင်ပါ..(ကျောင်းစာ ဆိုတာကလဲ မဖြစ်မနေမို့ သာ လုပ်နေရတာပါ).အဲဒါကြောင့် လူတကာကြားမှာရေပန်းစာနေတဲ့  ဘလော့တွေဆိုတာ ဆိုဝေလာဝေး လုပ်ဖို့ မပြောနဲ့  သူများဘလော့ကိုတောင် ယောင်လို့ ဝင်လည်တာတောင်မဟုတ်ပါဘူး...အဲတနေ့ တော့ဗျာ..ကျွန်တော့ရဲ့်ကြီးချင်းတယောက်.(.ကြီးမှခင်လို့ ပါ.)ဒီကောင်က သူဘလော့လုပ်ထားတယ်ပေါ့ အဲဒါ ဟိုဟာလေးပြောင်းချင်တယ်..ဒါလေးပြောင်းချင်တယ် မလုပ်တတ်လို့  လုပ်ပေးပါ တဲ့ ....မတတ်ဘူးပြောတဲ့ ကြားက အပ်ပါတယ် ဆိုတော့...ဘယ်ရမလဲ ငပျင်းပဲ ပျင်းပဲပျင်းတာ အညံ့တော့ဘယ်ခံမလဲ...ငါတော့မသိဘူး စမ်းကြည့်တာပေါ့ ဆိုတော့ ဒီကောင်ကလဲ လုပ်ချင်တာလုပ်တဲ့  ....အမှန်တော့ဒီကောင့်ဟာက လှပြီးသားဗျ.....အဲ.ဂလိုနဲ့  လျှောက်ကလိလိုက်တာ တခုကနေနှစ်ခုထိတော့ ဟုတ်သား နောက်တခုလဲလုပ်ပြီးရော..ဆေ့ဖ် လုပ်ပီး ပြန်ဗျူး လိုက်ရော အဟား ဘလောက်တခုလုံးဘာမှမရှိတော့ဘူး ဗလာကြီးကိုဖြစ်လို့ ...ဘယ်ပြောကောင်းမလဲ -5 ဆိုတဲ့ ရာသီဥတုကြီးမှာ လေ့ကျင့်ခန်းလုပ်စရာမလို ဘဲ ချွေးပြန်နေတာ ကျွန်တော် ငပျင်းတယောက်ပဲရှိတယ်...သူများဟာကြီးဆိုတော့ ဘာလုပ်ရမှန်းမသိတော့ဘူးလေ ..အဲဒါနဲ့ ပဲ သူဟာလေး ဘယ်လိုပြန်လုပ်ရမလဲ သိချင်လို့ ...ဘလော့အသစ် လုပ်လိုက်ရတာပါ....ဒါပေမဲ့ အချည်မထင်နဲ့ နော်...အစကနေလုပ်ကြည့်မှ ဘာတွေဘယ်လိုလုပ်ရတယ်ဆိုတာ...သိသွားတော့မှ...ဒီကောင့်ဟာလဲ နဂိုတိုင်းလေးပြန်ရသွားတော့တာပဲ.....ကာလာလေးတွေပဲပြောင်းပေးလိုက်တာ......ဟာဟေ့ကောင် မိုက်တယ် မင်းလုပ်ထားတာတဲ့ ......ဟဲဟဲဟဲ.......အော်ဒါနဲ့ နောက်ဆက်တွဲ ပြသနာလေးကဘာလဲဆိုတော့ ကျွန်တော့ကစာမှမရေးတတ်တာဗျာ.လုပ်သာလုပ်ထားတာ...ကျွန်တော်စဉ်းစားတာက..လူပျင်းလေး ဆိုတော့ ပျင်းတဲ့ အကြောင်းတွေပဲထိုင်ရေးမလားလို့ ပေါ့ ...ဒါနဲ့ စကားစပ်မိလို့ .အသိညီလေးကို ဘလော့အသစ်လုပ်ထားကြောင်းပြောပြပြီး မင်းဝင်ရေးမလား ဆိုတော့ သူလဲကူရေးမယ်တဲ့ ....အဲဒါနဲ့ ပဲ ဒီဘလော့ကို ကျွန်တော်တို့ ညီကို နှစ်ယောက်ရေးဖြစ်သွားတာပါ....... ကျွန်တော်က ဘလော့ကာဆိုပေမဲ့ ...ကျွန်တော်မှာ လာရောက်အားဖြည့်ပေးတဲ့  ညီလေး တယောက်ရှိကြောင်း သိစေချင်လို့ ပါ..ပြီးတော့ ဘော်ဒါအားလုံးကိုလဲ တောင်းပန်ချင်လို့ ပါ.....ဘလော့ကာအားလုံးက ပညာပေးဆောင်းပါးလေးတွေနဲ့  အသိပညာပေးစာ လေးတွေကို ဦးစားပေး ရေးနေတဲ့ အချိန်မှာ...ကျွန်တော်ရဲ့  ဘလော့လေးကတော့....အပျော်သဘောလေးလုပ်ထားတဲ့ အတွက်......စိတ်ထဲရှိတာလေးကို မစဉ်းစားဘဲ...စနစ်တကျမရှိတဲ့  တောင်စဉ်ရေမရ စကားလုံးတွေကို လက်တမ်း ချရေးထားတဲ့ အတွက် အားလုံးပဲ နားလည်ပေးပါလို့ .....တလက်စတည်း....ဒီလို အဓိပါယ်မရှိတဲ့  ကျွန်တော့ရဲ့  ဘလော့လေးကို နေရာပေးပြီး Link လုပ်ထားပေးသူများ နဲ့  အကျိုးမရှိတဲ့  စာလေးတွေကို အချိန်ကုန်ခံလာရောက် ဖတ်ရှုပေးကြတဲ့ ...ဘော်ဒါအားလုံးကိုလဲ အမှန်တကယ်ကျေးဇူး တင်ရှိပါကြောင်း ကျွန်တော့ငပျင်း က ဒီစာလေးကနေ.....အသိပေးလိုက်ပါတယ်......လူသားအားလုံးကို လေးစားလျှက်ပါ.....(ကျော်ဟိန်းမဟုတ်ဘူးနော်.....ကျွန်တော်ငပျင်းပါ<3<3)>
ကျတော်က ခီခန့်ပါ ဗျာ....
ဘာမှဖတ်လို့မကောင်းတဲ့စာတွေကိုရေး တတ်တယ်ဗျကျတော့်အစ်ကိုက သူဘလော့လုပ်ထားတယ်ဝင်ရေးချင်လားဆိုတော့ ကျတော်ကရေးချင်တာရေးမှာနော် ဆိုပြီးဝင်ရေးခဲ့ပါတယ်ရင်ထဲမှာရှိတာလေးကို ရေးတတ်သလောက်လေးဝင်ရေးလိုက်တာပါ ကျတော့်အစ်ကိုဘော်ဘော်တွေလာရောက်ဖတ်တာသိပါတယ် ဒါကြောင့်ကျတော့်စာတွေက အများအတွက်အဆင်မပြေတာတွေ ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်ဗျာ အကျိုးမရှိတဲ့စာတွေကိုလာရောက်ဖတ်ရူပေးကြလို့ကျေးဇူးတင်ပါတယ်ဗျ။ (ခီခန့်)
ပျင်းလို့ နှပ်နေတာ..
ဟူး... ကျတော်ဘာမှမလုပ်ပဲ ငြိမ်နေတာကြာပြီ..
ပျင်းလို့.. အဟီး...
တခြားဆိုက်တွေကိုလဲ.. နဲနဲကြည့်နေတာ..
ဘယ်ကောင်မလေးချောလဲပေါ့.. အဟီး..
အဲဒါနဲ့ ရေးဖို့.. အချိန်မရဘူးဆိုပါစို့.. အဲ..အဲ..
အလုပ်မှာအားရင်တော့ ကဗျာလိုလို ဘာလိုလိုတွေတော့
ရေးထားတယ်ဗျ.. စာတပုဒ် နှစ်ပိုဒ်လောက်ပေါ့..
ဒီနေ့ကစပြီး... ပြန်ရေးတော့မယ်ဗျာ...။
“ဟိုက်...”
ဒီနေ့ဖြစ်ပျက်ခဲ့ တာာကိုပြန်ဖောက်သည်ချလိုက်ဦးမယ်ဗျို့.. အမလေးလေး ပြန်တွေးမိရင် ရင်တုန်လိုက်တာ ။ ရှက်လဲရှက်မိတယ် (အဟီး :D ) အမေကိုလဲ ပြန်တမ်းတမိတယ်ဟ “အမေရယ် သားအဖြစ်ကိုလာကြည့်ပါဦး” ဆိုပြီးတော့လေ “သားဘာပုံပေါက်နေလို့လဲ အမေရယ်” ဆိုပြီးတော့ပေါ့ ။ အဟီး ဖြစ်ပျက်ပုံက ဒီလိုဗျ ထုံးစံအတိုင်းပဲ ည (၈) နာရီဆို ကျတော်က အလုပ် ဆင်းတယ်လေ အခု တလော ညပိုင်းလူ သိပ်မကျတာ အမှန်ပဲ ပုံမုန်လာနေကြ လူတွေပဲရှိတယ်လေ အဲ ပုံမှန် လူတွေထဲက အင်တိုနီးရှား ကောင်လေး (ကျတော့်အသက်ထက်တော့ နဲနဲကြီးမယ်) တယောက်လဲပါတယ် အဲပုံမှန်မဟုတ်တာက သူ့ဘေးမှာလာ ထိုင်တဲ့ ကောင်မလေးပဲ သူ့ထက်ငယ်မယ် ကျတော့် ထက်တော့ ငယ်တယ် အင်တိုနီးရှား မိန်းခလေးပေါ့.။ ကျတော်က သူ့ကောင်မလေး လို့ ထင်တယ် သူ့ဘေးမှာလာ ထိုင်တာကိုး ထင်မှာပေါ့ ။ ကျတော့်အလုပ်က ငယ်ရွယ်တဲ့ မိန်းခလေး သိပ်မလာ ဘူးဟ ။ ဒါကြောင့် ကျတော်က သတိထားမိတယ် ။ ကျတော် တောင်တွေးမိသေးတယ် ဒီကောင် ဒီအရွယ် နဲ့မိန်းမယူနေပြီပေါ့ အဟီး ဒီက သမီးရည်းစားတွေက သိတဲ့ အတိုင်းပဲလေ မဆီမဆိုင် အဲကောင် ကို အပြစ်တင်လိုက်သေးတယ် လူက (၁၉)နှစ်ပဲရှိသေးတယ် မိန်းမယူနေပြီ ဆိုပြီးတော့လေ ။ အဟီးပြောသာပြောရသာရွာ မှာကျတော့် သူငယ်ချင်းတွေလဲ အိမ်ထောင်ကျကုန် ကျပြီ ချစ်လို့ပဲလား ဘာလားတော့ မသိဘူး ယူကုန်ကြပြီ ကျတော်က ရှားရှားပါးပါး လူပျိုပေါ့ ရွာမှာဆို အဟီး တချိန်က အိုက်ခီလောက် လိုပေါ့ သူလဲရှားရှားပါးပါး လူပျိုဖြစ်ခဲ့ဖူးတယ်လေ အဟီး ။
ဒါနဲ့ ကျတော်လဲ ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်လိုက်တယ် အဲ (၁၂) နာရီလောက်ရောက်တော့ ဟိုကောင်က ဆက်မထိုင်ပဲ ထလာတယ် ။ ကျတော့်နား ကပ်လာတော့ ဘာလဲပေါ့ ဒီကောင်ဘာပြောမလို့လဲပေါ့ ဒီကောင်ကနားရွက် နားကပ်လာပြီးပြောတယ် အမလေးလေး ကျတော် တော် တော်စိတ်ကုန်သွားတယ် ကြောင် သွားသေးတယ် ကိုယ့်နား ကို မယုံလို့ နောက်ခါ “ဘာကြီး” ဆိုပြီး နောက်တခါထပ်မေး လိုက်မှပိုဆိုးတော့မယ် အမလေးလေး အမေ့သားတော့ ကိုယ်ကျိုးနဲပါပြီ နောက်တခါထပ်မေးတာက မှားတာပဲ အဟင့် အမေရယ်...။ သူကဘာပြောလဲ ဆိုတော့ “ အိုက်စိုင်း ( အလုပ်က ကျတော့်ကို အိုက်စိုင်း လို့ခေါ်ကြတယ် ) နင်ဟိုမှာ ထိုင်နေတဲ့ကောင်မလေး ကိုဘယ်လိုသဘောရလဲ တဲ့ နင်သဘောကျလားတဲ့ သူနဲ့ အပေါ်ထပ် ( အဟီး...သိမှာပါ ) သွားလို့ရတယ် ငါနင့်ကို ခေါ်လာပြတာ” တဲ့ သေပါလေရောလား (အမလေးလေး အမေ့သားကို လူပျို ပျက် အောင်လုပ်နေတယ်) အမေ့ ကိုတောင် တမ်းတလိုက်မိသေးတယ် ။ ကိုယ့်ကိုယ်ကို “ငါဘာပုံပေါက်နေလို့လဲ ” ဆိုပြီး ပြန်ကြည့်လိုက်မိသေးတယ် အဟီး အ၀တ်အစား ကိုလုံအောင်ဝတ်ထားတာပါ မိန်းခလေး လိုမျိုး မလုံတလုံ လေးတွေမ၀တ်ပါဘူးဟ ။ ဟိုကောင်မလေးအတွက် လဲစိတ်မကောင်းဖြစ်မိတယ် ဗျာ..။ ဟိုကောင်ကိုတော့ ခေါင်းခါပြ လိုက်တယ် ဗျာ ကျတော့်ကို အခြောက်လို့ပြောရင် ပြောတော့ဗျာ သူတို့နဲ့ ကိုမျက်နှာ ချင်းမဆိုင်ရဲတော့ ဘူးဗျို့..။ ဒါမျိုးတွေကတော့ မြင်နေရပါတယ် ဒါပေမဲ့ ကျတော်က ငယ်သေးတယ် လေ ( အဟီး ကြေငြာတာ အဟီး ) ကျတော့်မိဘတွေက ကျတော့်ကို နို့နံစင်ပြီလို့ လိုတောင် မထင်သေးဘူး ကျတော်လဲ အမေနဲ့ဖက်အိပ်နေတုန်း အဖေ ကိုတော့ ဖက်မအိပ်ပါဘူး အဖေက ကျတော့်ကို အော် လွတ်လို့ “ငါပူတယ် ငါ့နား မလာ နဲ့နင့်အမေနဲ့ အိပ် ” ဆိုပြီး အော် လွတ်လို့ ငယ်ငယ်က အမေနဲ့ပဲဖက်အိပ်တာ ဟ ။ အသက်ကြီးလာပြီး (၁၀) တန်းပြီးလဲ အဟီး ဖက်အိပ်တုန်း အမေနဲ့ အဟီး :D ။ ကျတော့် ကိုလဲကလေး လို့ သဘောထားနေတုန်း ။ ကျတော့် ကိုကျတော်လဲ ချစ်သူသာရှိတာ လူကြီးဖြစ်ပြီလို့ မတွေးသေးဘူးဟ ။ အဟီး ဒီနေ့တော့ ဒီလိုအမေးခံရတော့ စိတ်ထဲမကောင်းဘူးဗျာ တကယ် စိတ်မကောင်းဖြစ်မိတယ် ဟိုကောင်မလေးအတွက်လဲ စိတ်မကောင်းဖြစ်မိတယ် ဗျာ...။
(ခီခန့် ရွာသား )
ကျတော် ပျက်ကွက်ရခြင်း အကြောင်းအရင်း..။
ဟဟကျတော် အခု တလော စာမရေးနိုင်တာ ပြသနာတခု ဖြစ်ပြီးကတည်းကပဲ ဟိုတလောကပါ ဗျ.. ဖြစ်တာကတော့ နဲနဲပြင်းတယ် အဟဲဟဲ... အဲပြသနာ အပြီးတော့ လူတွေစုပြီး ခင်မင်မိတဲ့ သူငယ်ချင်း များကိုပေါင်းပြီး ဆိုက်လေး တခု ကိုလုပ်လိုက်တယ် အေးရော..။
အဲဒါနဲ့ ကို ဒီဘလောဂ် ကို မကြည့်နိုင်တာ ..။ အဟီး.. ၀င်တော့ကြည့်ပါတယ် စာမရေးနိုင်တာကိုပြောတာ.. ။ အဲဆိုက်ကို လုပ်တာတော့ မဟုတ်ပါဘူး ပါဝင်အားဖြည့်တာလေးပါ အဟီး ကျတော်က အားကီး ညံတယ်လေ.. ဘာမှကိုမလုပ်ရသေးဘူး.. အဲ အဲဆိုက်ကို လုပ်ပြီးရော အိမ်က အင်တာနက်နတ်မင်းကြီး က နတ်ပြည်ပြန် ကြွမြန်းသွားပါလေ ရော.... အဲမှာ နဲနဲ ခက်သွားတယ် အောက်က သူဌေးဆိုင်မှာ သွားသုံးရတော့တာပေါ့.. သူဌေးဆိုင်က တော့ ကော်နက်ရှင်ကောင်းပါတယ် စိတ်ညစ်တာက စက်တွေဗျ.. စက်တွေက ကျတော့်သက်သမ်း လောက်ရှိပြီ လေ.. စက်ကအရမ်းလေးတယ်.. မြန်မာဖောင့်လဲ သွင်းလို့မရ.. ခက်တော့တာ အဲမှာ.. နောက်တော့.. ကျတော်၇ဲ့ ချစ်အိုက်ခီလောက်ကြီး (ခ) ချစ်တုံးဦးလေးကြီး (ဘာအတုံးလဲတော့မသိဘူး) က အင်တာနက်မင်းကို ပြန်ဖိတ်တော့ အဆင်ပြေသွားရော.. ။အဟီ.. အဲဒါလဲ ပြန်ကိုမကြည့်နိုင်သေးဘူး.. အဟဲ ချက်တင်ပိုးလေး ထလိုက်သေးတယ် အဟတ်.. သိတဲ့ အတိုင်းပဲလေ ချက်တင်က ကောင်ရွလေး အဲမှားလို့ ကောင်မလေးတွေက မျှော်.. မျှော် နေကြတာ အဟီး လူပျင်းလေး ခီခန့်ကို တောင်တော် ခြစ်တာ ဟိုဟာနဲ့ (အဲ အဲနာတော့.. မှားပြန်ပြီ ) အဲဒါ သူတို့ ကိုနဲနဲအလွမ်းလေးတွေပြေ အောင် ပြန်ပြောပေးရသေးတယ် အဟီး. ( ကောင်မလေး သိရင်တော့ နာတော့ မျက်ရည်နဲ့ သောက်ခွက်ပဲ ) ချက်ချင်းဘလော့ကို ဆိုင်းအင် တော့ ၀င်သေးဘူး ပြသနာ အကြောင်းကို လာမေးတဲ့ သူတွေကို လိုက်ရှင်းပြနေရသေးတယ် ကြားတယ် ချက်တင်ဂဲ နဲ့လည်းတွေ့သေးတယ် အဟိ ခီခန့်တို့ တော့ ကံကော်တယ်လေ.. သိတဲ့ အတိုင်းပဲ ပိုးလေး က ... ချက်တင်ဂဲကို ပြန်ချော့လိုက်တယ် အဲမှာပွဲ ဖြစ်သွားတယ် အဟီး အကုန်မပြောပြတော့ဘူးနော် ဒါကိုကျော်လိုက်တယ်( Next ) ပေါ့ အဟဟ
အဲဒါ ပြသနာကိုပြောပြမယ်နော် ဟုတ်ပလား ဖြစ်တာက နတ်သဘင် ( http://natthabin.ning.com/ ) ဆိုတဲ့ ဆိုက်မှာဖြစ်တာ ကျတော်က အသင်းဝင်ထားတာကြာနေပြီ hip hop နတ်များ ဆိုပြီး အဖွဲ့လေး ဖွဲ့ထားတယ် အဖွဲ့မှာ ဂျောက်ဂျက်သီချင်းလေး နဲနဲတင်ထားတယ် အဲဒါပြသနာက လူတယောက်ကလာရှာတာ ရှာတဲ့သူကလဲ ကျတော် ခင်တဲ့ လူဖြစ်နေတယ် တောင်ကြီးမိသားစု က လူချော ဆိုတာပါ သူက ကျတော့်ကို သိနေတယ် သူ့ကို ကျတော် က မသိသေးဘူး နောက်ပိုင်းမှ သိလိုက်ရတာ သူက ဂျောက်ဂျက် သီချင်း ကိုပြသနာရှာတာ ဗျ နားကောထောင်၇ဲ့ လားမသိပါဘူးဗျာ.. သူများပြောတိုင်း လိုက်ပြောနေတာလားမသိဘူး ။ ကျတော့် ကို အရင်လာ လာပြီး မထိတထိလေး လာစောင်းပြောသွားတယ် ဗျ ကျတော်က ပြသနာဖြစ်မှ ဆိုးလို့ နတ်သဘင် ကို တည်ထောင် သူမာရ်နတ်မင်းကို ကြိုက်တင်အကြောင်းကြားထားလိုက်တယ် အဲ အဲ့ နောက် နတ်သဘင်ဆိုက်ကို ၀င်လို့မရပြန်ဘူးဖြစ်သွားတယ် .. ၃ ရက်လောက် ထင်တယ် ဟဟ နောက်တော့ ယုယ ကလာပြောပါတော့တယ် အစ်ကို နတ်သဘင်ကို ၀င်ကြည့်ပါဦးတဲ့.. ဟဟ ကျတော်ကဘာဖြစ်တာတုန်း ဆိုပြီးတော့ စဉ်းစားလိုက်တယ် ကျတောင် ထင်တာမှန်လိုက်လေ ခြင်း ဟို တယောက်ပေါ့ သူရဲကောင်းဆိုတဲ့ ကိုလူချော လေးပေါ့ သူက စပြီး ပွဲလေး လုပ်လိုက်တာ အဟဟ (ဆဲ) ပွဲလေးပေါ့ တယောက်ကိုတယောက် ၀ိုင်းဆဲကုန်ကြပါလေ ရော.. ဘာညာကွိကွ.. နဲ့ ကြဲ ကြတာပေါ့ အဟဟ ကျတော်လွတ်တယ် ၀င်လို့မရလို့ ပြန်မဆဲလိုက် ပြန်မဖဲ့လိုက်ရဘူးဟ သူတို့ ဘက်က ကျတော့်ကို အခြောက်မ ဘာညာပေါ့ ပြောပါတယ် ဟဟဟ ကျတော် မသိလိုက်ဘူးလေ မဟုတ်ရင်တော့ ရှိတဲ့ လူတွေပြန်ခေါ်ပြီး ပြန်အော် လိုက်မှာ ဟဟ ကိုရဲ လဲလိုက်ကူရမှာနော် အဟဟ မယို ကောပဲ အကုန်လုံးပေါ့..
( အဟဟ စတာပါ တကယ်မခေါ်ပါဘူးဗျ ) .. ။ အက်တမင်အဖွဲ့ က လိုက်ထိန်းရတော့တာပေါ့ ဘယ်သူပြသနာစရှာ သလဲဘာညာပေါ့ အဲမှာ သူတို့ဘက်ကစရှာတာလေ ပြသနာကို.. သူတို့က နင်တို့ ညစ်ညမ်းတဲ့ သီချင်းတင်ထားလို့ ငါတို့ ကမိုက်ရိုင်းရတာတဲ့ ( သူတို့မိုက်ရိုင်းကြောင်းကို ထုတ်ပြောလိုက်တာပါ) ဟဟ ကျတော်တို့က သီချင်း က လူအများလက်ခံနေလို့ ကြိုက်လို့တင်တာလေ ဖွင့်နားမထောင်ရင် ကြားရတာမှ မဟုတ်တာ ဘယ် သူကိုမှ လဲမထိခိုက်ပါဘူးဗျာ.. ကျတော် နတ်သဘင် ကို စ၀င်ကတည်းက လုပ်ထားတာ အခုအထိ ( ကျတော် က ၂၀၀ မြောက် မန်ဘာ ပါ အခု ၆၀၀၀ ကျော်နေပါပြီ ) ဒီပြသနာပဲရှိသေးတယ် ဘာမှမဖြစ်ခဲ့ပါဘူးဗျာ..။ ဒါကို လာပြောတာ ဟဟ ကျတော်လဲ ဘယ်ရမတုန်း သူငယ်ချင်းတွေ လိုက်စု ပြန်ကော် လိုက်တာပေါ့ ဟဟ သိတဲ့ အတိုင်းပဲ .. ခီခန့်ပဲ လူစုလိုက်တယ် ဟိုဘက် ကတော့ မာရ်နတ်မင်းနဲ့ ချက်တင်ထိုင်တယ် နောက်တော့ မာရ်နတ်မင်းက ကျတော့်ကို တောင်းဆိုလာတယ် ညစ်ညမ်းစာသားပါ သီချင်းတွေကိုဖြုတ်ပေးပါတဲ့ လူကြီးလူကောင်းပီသစွာ နောက်ဆုတ်ပေးလိုက်ပါတဲ့ ဟဟ ကျတော် နဲနဲညစ်သွားတယ် အိုကေ ပြသနာမရှိဘူး သေချာပြန်တိုင်ပင်ကြည့်လိုက်တယ် ဟဟ အဲမှာ ကျတော်တို့ ကသာတယ်တယ် သူတို့ ကစလာဆဲတာ ကျတော်တို့ကို သူတို့မှားတာလေ.. ဟဟ ဒါနဲ့ အချိန်ဆွဲဖို့ အကြံရလာရော အချိန်ဆွဲထားလိုက်မယ် ဆိုပြီး ၄ရက်လောက် အချိန်တောင်းလိုက်တယ် ဟဟ ကံကောင်းစွာပဲ ကိုမာရ်နတ်မင်းက စာမေးပွဲတဲ့ ကောင်းလိုက်လေခြင်း အဲဆိုတော့ သူစာမေးပွဲပြီးတဲ့ အချိန် ထိ ဆွဲလိုက်တယ် အခုတော့ ပြန်ကိုမပြောရသေးဘူး အဲနောက်တော့ သူတို့ဘက် က စည်းကမ်းကိုမလိုက်နာပဲ လာလာဆဲတယ် ကျတော်တို့တော့ အေးဆေးပေါ့ ဟဟ လာဆဲတဲ့ လူတွေကိုအက်တမင် အဖွဲ့ က ကိုင်တယ်လေ ဘန်းလိုက်တာပေါ့ ဟဟ အဲဒါ သူတို့ပြန်တောင်းပန် ဘာညာ ဆိုပြီး ပြန်လက်ခံ လိုက် ဘန်းလိုက်နဲ့ ဟဟ သူတို့ကလာ ကျယ်တာကိုး ခံပေါ့ ကျတော်တို့ဘက်ကတော့ ဆက်လက် အားထောင့်နေဆဲပေါ့ ဟဟ အခုဆိုရင် ထောက်ခံတဲ့လူတွေများနေပြီဟဟ ပန့်(ခ) အဖွဲ့ တွေတောင် လာပြောနေပြီ သီချင်းဖြုတ်ဖို့ ကိုသူတို့လက်မခံဘူးတဲ့ ဟဟ..။ ဒါပဲလေ ကျတော်တို့က စည်းကမ်းနဲ့နေတာကိုး...။ အဲဒီမှာ နတ်သဘင်က စည်းကမ်းလေး ပြောပြမယ် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီသော ညစ်ညမ်းပုံများ လုံးဝမတင်ရ တဲ့ ။ ပုံပဲလေဗျာ.. သီချင်းမပါဘူး ဒါကို သူတို့ မသိလေရော့လားဗျာ.. ၀မ်းနည်းစရာကောင်းလိုက်တာ.. ။ ဒါနဲ့ အခုတော့ သူတို့ ငြိမ်နေတယ် ထပ်ဖြုတ်ဖို့ မတောင်းဆိုတော့ ဘူး မာရ်နတ်မင်းလဲ မနေ့ ကဆိုလား မသိဘူး စာမေးပွဲပြီးတယ်တဲ့ အခုတော့ ကျတော်တို့ မာရ်နတ်မင်းနဲ့ ပြန်ဆွေးနွေးရမယ် ထင်တယ် အခုတော့ သူကဘာမှမပြောသေးဘူးဗျ.. အဲပြသနာကိုရှင်းပြီးရင်တော့ စာတွေ ပြန်ရေးမယ် နော် ဟဟ စာလို့သာပြောတာ ဖြစ်သလို ရေးထားတာတွေပဲ ၀ါကျကို ကောင်းကောင်းမစီတတ်သေးဘူး ကျတော်က လာအားပေးကြတဲ့ အစ်ကို တို့ အစ်မတို့ကိုအားနာပါရဲ့ ဘယ်သူကြောင့်လာတယ်ဆိုတာလဲ သိပါတယ်...။ အခုတော့.. ပိုက်ဆာလို့ စားလိုက်ဦးမယ် .. အဟီး စားမလား လာဗျို့ ခေါက်ဆဲပြုတ် ကျွေးမယ် အဟီး..။


