Subscribe News Feed Subscribe Comments

ဖြေပေးကြပါဗျာ..။

အင်း..ဒီနေ့သူငယ်ချင်းထိုင်တွေးနေရင်းနဲ့ ဒီပိုစ့်ကိုရေးဖို့ဖြစ်လာတာပဲဗျာ။ ရွာကသူငယ်ချင်းပေါ့ ငယ်သူငယ်ချင်းပါ ကျတော်တို့ရွာကတောခေါင်တယ်ဗျ။ အလယ်တန်းအထိစာသင်ကျောင်းတော့ရှိတယ် ဒါပေမဲ့ချမ်းသာကြွယ်ဝတဲ့မိသားစု အချို့ကလွဲလို့ဘယ်သူမှအစိုးရပညာရေး ကိုသိပ်အလေးမထားကြဘူးဗျ အလယ်တန်းအထိတာအောင်တယ် တချို့ဆိုမြန်မာစကားကိုကောင်းကောင်းမပြော တတ်ကြဘူးဗျတချို့ဆို ကျောင်းကိုမတက်ကြဘူး တ၀က်တပျက်နဲ့ထွက်လိုက်ကြတာကများပါတယ်။ အဲအထဲမှာကျတော့်သူငယ်ချင်းလဲပါတာပေါ့ ။ သူတို့အိမ်က ကျတော့်အိမ်နဲ့မျက်စောင်းထိုးမှာ ရှိတယ် သူတို့ခြံထဲမှာငယ်ငယ်ကတည်းကကြီးလာတဲ့အထိအတူတူဆော့ကြတယ်ဗျ။ ၀ါးတွေခုတ်ပြီးဝါးနဲ့ဓါးလုပ်ပြီး သိုင်းသမားလုပ်တိုင်းဆော့ကြတာပေါ့ သူတို့ခြံကကျယ်တာကိုးကျတော်တို့ ကစားကွင်းဆိုလဲမမှားပါဘူး။ အဲခြံထဲမှာအမျိုးမျိုးဆော့ကြတာပေါ့ အသက်ငယ်ငယ်တုန်းကခင်ခဲ့တာမို့ သူ့ကိုအခြားသူငယ်ချင်းတွေထက်သံယောဇဉ်တွယ် မိပါတယ်ဗျာ။ တယောက်နဲ့တယောက်စိတ်ဆိုးရင် ညနေစောင်းဆိုကျတော်ကအမြဲတမ်းစပြီးသူ့ကိုခေါ်တယ် နေ့ကူးမခံဘူးကျတော်မှားခဲ့လဲ ကျတော်စပြီးခေါ်တယ်သူ့ကိုပေါ့။ နွေရာသီကျောင်းပိတ်မှကျတော်တို့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံကြရတာ အတူတူဆော့ကြတာပေါ့ အဲဒါကြောင့်ကျတော်က နွေရာသီကျောင်းပိတ်ရက်တွေဆို အရမ်းပျော်တယ်ဗျ။ ဒါပေမဲ့သူကတော့ (၆) တန်းလောက်ကတည်းက ကျောင်းထွက်ပြီးမိဘလုပ်ငန်းကို ၀င်ကူခဲ့တယ်ဗျ အခုအချိန်ဆိုသူက သူ့အဖေအားကိုးရတဲ့သားတယောက်ဖြစ်နေပါပြီဗျာ။ လယ်ယာလုပ်ငန်းကိုသူ့ကောင်းကောင်းလုပ်တတ်နေပြီ ကျတော်ကတော့လှည်းတောင်မမောင်းတတ်ဘူး အဟီး.. လှည်းကိုငယ်ငယ်တုန်းကမောင်းတတ်တယ်။ အခုမမောင်းတတ်တော့ဘူး အဟီး ရွာမှာဆိုသူတို့ရဲ့တပည့်ပေါ့ ကျတော်ကဘာမှမတတ်တာ သူတို့ကကျတော့်ကိုပြောတယ် “မင်းကအားကြီးစိတ်ပျက်ဖို့ကောင်းတယ်”တဲ့ ဘာမှမတတ်လို့တဲ့ အဟီးခံပေါ့ တကယ်မတတ်တာကိုး ဘောပင်ပဲကိုင်လာတဲ့လက်နဲ့ ဘာမှလုပ်စားလို့မရဘူးဆိုတာ အဲအချိန်မှာသိလိုက်ရတယ်ဗျာ။ တခါတလေအမေတို့ ကျတော့်ကိုလာတွေ့ရင် ကျတော်တို့အိမ်ကိုသူတယောက်ထဲလာအိမ်စောင့်ပေးတယ်။ သူနဲ့ကျတော်ကအရမ်းရင်းနှီးတယ်ဗျာ.. အဲကျတော်ဒီရောက်ပြီးမကြာလိုက်ဘူး ကျတော်ဖုန်းဆက်တော့ သူအိမ်ထောင်ကျသွားပြီတဲ့ဗျာ။ကျတော်ဝမ်းနဲ ၊၀မ်းသာဖြစ်မိတယ် ၀မ်းသာတာကသူ့ရဲ့မင်္ဂလာဆောင်သတင်းကိုပေါ့။ ၀မ်းနဲတာကတော့ အချစ်ဆုံးသူငယ်ချင်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာကိုပေါ့။ ကျတော့်သူငယ်ချင်းအိမ်ထောင်ကိုနိုင်အောင်ထိန်းနိုင်ပါ့မလား..? သူတို့အိမ်ထောင်ရေးခိုင်မြဲပါ့မလား..? ဆိုပြီးစိတ်ပူမိတယ်ဗျာ။ ဒီအချိန်အိမ်ထောင်ပြုတာအရမ်းစောသေးတယ် ထင်တယ်အသက်(၁၈)နှစ်က အိမ်ထောင်ပြုဖို့အရမ်းစောမနေဘူးလားဗျာ..။ ရွာမှာဒီလိုမျိုးတွေပါပဲ ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိဘူး မိဘတွေကလဲခွင့်ပြုတယ် သူတို့ကိုယ်တိုင်ကလဲပြုချင်နေကြတယ် အိမ်ထောင်ရေးကိုကလေးကစားစရာလို့များမှတ်နေကြတာလားမသိဘူးဗျာ။ လွယ်လွယ်ကူကူအိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်ကူကူပဲအိမ်ထောင်ကွဲကြပြန်တယ်။ အခုထိတော့ကျတော့်သူငယ်ချင်းအိမ်ထောင်ကွဲပြီလို့ တော့မကြားမိပါဘူးသူတို့အိမ်ထောင်ရေးခိုင်မာပါစေလို့တော့ ဆုတောင်းပေးပါတယ်ဗျာ။ ကျတော့်သူငယ်ချင်းတွေထဲမှာလဲ တလင်ကွာ၊ တခုလပ်၊ တွေရှိကြပါတယ် လွယ်လွယ်နဲ့လက်ထက် အိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်နဲ့အိမ်ထောင်ကွဲခဲ့ကြတဲ့ သူတွေပါ။ မိန်းခလေးသူငယ်ချင်းတယောက်ဆို အိမ်ထောင်သက်တမ်း (၃)လလောက်ပဲကြာတယ် နောက်တော့ကွဲသွားကြပြီတဲ့။ ဘယ်သူ့ဘက်ကနစ်နာလဲဗျာ မိန်းခလေးဘက်ပဲမလား (၃) ဆိုတဲ့အချိန်မှာသူ့ကိုပြောင်းလဲလိုက်တယ် အိမ်ထောင်ပြုတာကို ကလေးကစားစရားများမှတ်နေကြလားမသိဘူးဗျာ။ မလိုချင်တော့ရင် ဆောရီး၊ ဘွာတေး၊ ဆိုပြီးပြန်ပြင်လို့ရတာမှမဟုတ်တာ ပညာဗဟုသုတ မပြည့်စုံကြတာကို အပြစ်တင်ရမှာလား..? ဘယ်သူ့ကိုအပစ်တင်ရမှာလဲ..?
စောစီးစွာအိမ်ထောင်ပြုပြီးဖြစ်ကြတဲ့ပြသနာတွေက ငွေရေးကြေးရေးအဆင်မပြေဖြစ်ကြပြီးတော့ နောက်ဆုံးကလေးမျက်နှာကိုတောင် မထောက်တော့ပဲကွဲကြပြန်တယ်။ ကလေးကံဆိုးတာပေါ့ဗျာ ကြီးလာရင်ဘယ်သူ့ကိုအဖေအမေခေါ်ရမှာလဲဗျာ..? အဘိုးအဖွားတွေနဲ့ထားခဲ့ပြီးတယောက်တပေါက် နိုင်ငံခြားလို့ခေါ်တဲ့ (ထိုင်း) နိုင်ငံထဲကိုဝင်သွားကြတယ် ကျတော်တို့ဘက်က ထိုင်းနဲ့နီးတယ်လေ။ ကလေးခမျာအမေဘက် အဘိုးအဖွားတွေနဲ့နေရင် “နင့်အဖေဘယ်မှာလဲ” လို့လာမေးရင်“သေသွားပြီ” လို့ပဲပြန်ပြောတတ်တယ်။ အဖေနံမည်ကို ကြားသာကြားဖူးပြီးမ မှတ်မိတဲ့ဘ၀ အဖေဘက်က အဘိုးအဘွားနဲ့နေရင် အမေဆိုတာနံမည်သာကြားဖူးပြီး “နင့်အမေကော” လို့မေးလာရင် “မသိဘူး” လို့ပြန်ဖြေကြတဲ့အဖြစ်..တကယ်သနားစရာကောင်းပါတယ်ဗျာ။ ထိုင်းထဲမှာလဲလူမျိုးတွေစုံကြတယ် ဆိုတော့ တချို့တွေကထိုင်းထဲမှာပဲ နောက်အိမ်ထောင်ပြုလိုက်ကြတယ်ဗျာ။ ကြည့်.. သူတို့ကလေးမျက်နှာကိုထောက်လားဆိုတာ..။ တကယ်တော့ကလေးကံဆိုးတာပါ ဗုဒ္စဘာသာပီပီ ကံကိုပဲပုံချတော့မယ်ဗျာ..။
တချို့ကြတော့ ပင်ပင်ပန်းပန်းနဲ့ရုန်းကန်ကြရှာတယ် ငယ်ရွယ်သေးတော့ပင်ပန်းတာပေါ့ ဒါပေမဲ့လူနည်းစုပဲပေါ့ဗျာ..။
ဘယ်သူ့ကိုအပြစ်ရမှာလဲ.. ပညာရေးမစုံတာကိုလား..? ခွင့်ပြုခဲ့တဲ့သူတို့မိဘကိုလား..? အိမ်ထောင်ပြုချင်ကြတဲ့သူတို့ကိုယ်တိုင်ကိုလား..? ပျော်စရာတွေများတဲ့ နိုင်ငံခြားအချစ်ဇတ်လမ်းတွဲတွေကိုပဲလား..?
ကျတော့်ကိုဝိုင်းဖြေပေးကြပါဦးဗျာ...။
ခီခန့်


2 ဝေဖန်ချက်များ ။ ။:

အဆိပ်ခွက် said...

အယ် ငါအရင်ဆုံးမန်းသွားတယ်နော်...
အင်ပြောရမယ်ဆိုရင်... အသိပညာမကြွယ်ဝတာလဲပါတယ် ... နေက်ပြီး ၁၇ ၁၈ အရွယ်တွေက စိတ်ကစား ကြတယ်လေ... ဘယ်အရမဆိုစမ်းကြည့်ချင်တြယ်... ကယ် ... အဒီက ကတော့ စိတ်ဘဲကွ... စိတ်က အဓိကဘဲ.... ကိုယ်လုပ်ချင်စိတ်ရှိမှဖြစ်တာ ... လုပ်ချင်စိတ်မရှိရင် အနေသာကြီးပါကွ... အဓိက က စိတ်ပါ....

သယ်ရင်း
အဆိပ်ခွ?်

desertraindrops said...

အဆိပ်ခွက်ပြောသွားတယ်မှန်တယ်။။ စိတ်က အဓိကပဲ။ ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်နိုင်ပါတယ် ဆိုပေမဲ့ စိတ်က အဓိကပါပဲ။ အိမ်ထောင်ပြုတယ်ဆိုတာ သေချာရွေးချယ်မိရင် အမှားတွေ့သေးတာပဲ။ လွယ်လွယ်ကူကူဆိုရင်တော့ ပိုအမှားများတာပေါ့။ :)) ဒါကြောင့် အပျိုကြီးလုပ်မလို့ဟေ့။။

 
လူပျင်းလေး | TNB