Subscribe News Feed Subscribe Comments

င့ါ..အမေ....။

“ယောက်ကျားဖောင်စီး မိန်းမမီးနေ” တဲ့..
သူ့အသက်နဲ့ရင်းပြီး ဒီမြေကြီးကိုနှင်းခွင့်ရအောင်..
ငါ့ကိုမွေးထုတ်ပေးခဲ့တယ်..
“ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”

“လူငယ်ဆိုတာ အမှားမကင်းကြပါဘူး” တဲ့..
သူပြောဖူးတယ် ငါမိုက်မဲစွာနဲ့အမှားများစွာလုပ်ပြီးချိန်ပေါ့..
အမှားလုပ်ခဲ့မိတဲ့ ငါ့ကိုအပြစ်မမြင်တဲ့..
“ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”

“အမေ့အိမ်ဆိုတာ ရွှေငွေတွေ အောင်မြင်မှုတွေမပါလာလည်း..
သားသမီးတွေကို တံခါးဖွင့်ပြီးအမြဲကြိုဆိုလျှက်ပါပဲ” တဲ့..
“ငါ့သား အရာရာဆုံးရှံးသွားခဲ့ရင်လည်း..
ငါ့သားအတွက် အမေ့အိမ်နဲ့ အမေ့ရင်ခွင်ကျန်ရှိနေသေးတယ်”တဲ့...
ငါ့ကိုပြောခဲ့တဲ့ “ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”

“မိဘတို့မေတ္တာ ရေစုန်သာရှိ၏”
ဆိုတဲ့အတိုင်း သားသမီးတွေဆီက ဘာမှမမျှော်လင့်ခဲ့ကြဘူး..
ငါ့ကိုပေးဆပ်ခြင်းများစွာနဲ့ ချစ်တဲ့
“င့ါကျေးဇူးရှင် ငါ့အမေပါပဲ”..။

လူပျင်းလေး (ခီခန့်)

6 ဝေဖန်ချက်များ ။ ။:

အဆိပ်ခွက် said...

ငါအရင် လာမန့်သွားတယ်ဝေ့..... ကဗျာလေးက မိုက်တယ် .. ခံစားသွားတယ်..... ကောင်းတယ်

အဆိပ်ခွက်

Anonymous said...

ငပျင်းလေးရေ ..... ချစ်မကြီးရောက်တယ်နော်။ မကြီးလည်း မေ့ကို အရမ်းလွမ်တယ်။ ဒီကဗျာလေးအတွက် ကျေးဇူးပါနော်။

ချစ်သောမကြီ
မေတ္တာရောင်ပြန်

တောင်ပေါ်သား said...

ခံစားရတယ်ဗျာ ကဗျာလေးက တော်တော်ကို ကောင်းတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

desertraindrops said...

ကဗျာလေး သိပ်ကောင်းတယ်။ ထပ်တူခံစားသွားတယ်။ မိခင်တိုင်း စိတ်ချမ်းမြှေ့ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။။

စိုင်းစိုင်းလားရှိုး said...

ကဗျာကောင်းလေး ခံစားသွားပါတယ် ငပျင်းရေ ကလောင်ထက်ပါပါတယ်။

မိုးခါး said...

အရမ်းကောင်းတာပဲ ..း)

 
လူပျင်းလေး | TNB