Subscribe News Feed Subscribe Comments

အမှတ်တရ nick name

ကဲ့.. အဆိပ်ရေ.. ငါပျင်းလို့မရေးတာ အခုတော့ နင်ငါ့ကိုစိတ်ကောက် နေလောက်ပြီထင်တယ် ။ မနေ့က ငါပြောထားတာ နင်မှ ပြန်မပြောတာ ငါ့ကိုစိတ်ကောက်နေတာလား.. ။ အင်း.. အခုတော့ ဒီပိုစ့်နဲ့ပဲ ပြန်ချော့တော့မယ် ဘာမှမဟုတ်ပါဖူးကွာ.. ငါလေနေတာ စိတ်လေနေတာ ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေပေါ့..။ အခုတော့ နင့်ကိုချော့ဖို့ ငါပိုစ့်တင်လိုက်ပြီနော်..။ အမှတ်တရ nick name..... တဲ့ ငါက ဒီဘလော့ဂ် လုပ်ခဲ့တဲ့ လူပျင်းလေး ကိုရေးခိုင်းမလို့ သူကမအားလို့တဲ့ နင်နားလည်ပေးနော်..။ အခုတော့ ခီခန့်ရေးလိုက်တော့မယ်..။ ငါက ဒီဘလော့ကို စလုပ်ခဲ့တာမဟုတ်ဖူးလေ.. အဲဒါကို ဒီမှာ ပြောပြထားတယ် ။ သူရေးထားတာနဲ့တင် ငါပြန်ရေးဖို့မလိုတော့ဖူးထင်တယ် အဟီး... နင့်ကိုချော့ဖို့ဆိုတော့လဲ ငါနဲနဲ အာချောင်လိုက်ဦးမယ် အဟဲ..။

http://blazy-ngapyin.blogspot.com/ ကိုနဲနဲ ပြောပြမယ် အဟီး..။ blazy ဒါကတော့ကွာ.. busy နဲ့ lazy ကိုပေါင်းထားတာကွ..။ အလုပ်လဲများတယ်ကွာ.. ပျင်းလဲပျင်းတယ်ကွာ... အဲဒါကို ဉာဏ်တော် စူးရှတဲ့ လူပျင်းလေးက busy နဲ့ lazy ကို blazy လို့ပေါင်းရေးလိုက်တာကွ ။
နောက် ngapyin ကတော့ ငပျင်းပေါ့ကွာ..။ အဲဒါနဲ့ “blazy-ngapyin” ဖြစ်လာရော... လူပျင်းလေးပေါ့ကွာ... အဲဒါပါပဲ..။ ငါ့အနေနဲ့ ပြောရရင်တော့ ခီခန့်ပေါ့ ။ အဟီး လူပျင်းလေးနဲ့ ငါနဲ့ကတော့ ပျင်းတာလဲတူတယ်ကွာ.. ချက်တင်မှာလဲ .. တော်တော်ခင်တယ်ကွာ..။ တန်ဆောင်တိုင်ကနေ အခုထိ တွဲလာတာပေါ့..။ အဲတုန်းက ys myo ပေါ့ကွာ.. သူ့နံမည်က အရှေ့ က y နဲ့ s က ထားခဲ့ဖူးတဲ့ ရည်းစားနံမည်လိုလို ဘာလိုလိုပေါ့ကွာ..။ အဟီး.. ငါဖွလိုက်ဦးမယ်.. မေးကြည့်တော့ ဟုတ်တယ်တဲ့ သူများတွေလိုပေါ့တဲ့.. အဲတုန်းက သူဖြေတာနော်..။ နောက်တော့ ငါမေးကြည့်တော့ မဟုတ်ဖူးတဲ့ ys က သူ့ ကိုမွေးခဲ့တဲ့မြို့နံမည်ဆိုပဲ<3<3 အလကားနံမည်ယူတာ သိလား ရည်းစားလဲ မရှိပဲနဲ့ ထားခဲ့ဖူးတဲ့ ရည်းစားနံမည် ဆိုပြီးလုပ်သေးတယ်..။ အနောက်က myo ကတော့ သူ့နံမည် မျိုး ပေါ့ကွာ.. ဒါပဲ သူ့အကြောင်း ငါဖွသလောက်တော့ ကြည့်နေ.. သူပိုစ့်မတင်လို့ကတော့ ထပ်ဖွ ဦးမယ် အလုပ်ပင်ပန်းနေတယ်ဆိုလို့ပေါ့ကွာ..။

ငါ့ nick name တွေကတော့ ချရေးရရင်တော့ ပြီးမှာမဟုတ်ဖူး...

(၁) တောင်ကြီးမိသားစု မှာကတော့ အိုက်ချီခန့် တဲ့ ဒီမှာတော့ ခီခန့် ပေါ့ကွာ..။
အိုက်ချီခန့်ကတော့ ရှမ်းလိုရေးထားတာ.. နားဝင်ချိုအောင်ပြောရရင်တော့ လူပျင်းလေးပေါ့ အဟီး..။ လူငယ်စကားနဲ့ဆိုရင်တော့ သောက်ကောင်ငပျင်း ပေါ့ကွာ.. အဲဒါကတော့ ငါ့အဖေ ပေးထားတာ.. အဟီး.. ကျုရှင်က ဆရာမတွေလဲ ငါ့ကို သောက်ပျင်းလို့ ခေါ်တယ် အဟီး.. ငါကလဲ တကယ်ပျင်းတာ.. စာဆိုစိတ်မပါဖူး အဲတွက်စာတော့ရတယ်ဟ အဲဒါကြောင့် ငါ့ကိုရိုက်လို့မရဖူးလေ.. စာတွက်ခိုင်းရင်တော့ ငါကတွက်တတ်တယ်ဆိုတော့ ငါ့ကို ဆူပါလေရော.. အဟီး... ရှမ်းတမျိုးလုံး ငါ့ကြောင့် အပြောခံလိုက်ရသေး ရှမ်းလူမျိုးတွေက သောက်ပျင်းတွေ ဆိုဖီး ပြောလိုက်တယ်.. အဟီး .. အဲဆရာမလဲ ရှမ်းလူမျိုးပဲ.. အဟီး..။

(၂) toiletwall မှာတော့ အိုက်ချီခန့်( ချယ်ဆီးမ ) ပေါ့ကွာ..
ဒါကတော့ ငါကမိန်းခလေးပုံတင်ထားတာကိုး အဲတုန်းက ငါက ချယ်ဆီး ကိုအားပေးတော့ ငါ့ကိုမိန်းခလေး ထင်ပြီး ချယ်ဆီးမ လို့ခေါ်ကြတာ.. ငါလဲသောက်မြင်ကတ်ဖီး ရှင်းမပြတော့ဖူး ချယ်ဆီးမ ဆိုပြီး မိန်းခလေးဂိုက်ဖမ်းလိုက်သေး နောက်တော့ ယောက်ကျားလေးတွေက ငါ့ကိုလာလာ ပြီးကော်မန့်လာပေးလွန်းလို့ အဲတော့မှ ငါက အိုက်ချီခန့် (ချယ်ဆီးမ) လို့ပြောင်းလိုက်တာ.. အဟီး တခါတည်းပြေးကြရော..အဟီး..။

(၃) နတ်သဘင် မှာတော့ လူပျိုရှမ်းနတ်ပေါ့..
လူပျိုရှမ်းနတ်လို့ပေးဖြစ်တာကတော့ ချက်တင်မှာကွာ မိန်းခလေးတွေက asl ကိုလာလာမေးရင် ငါက 18 လူပျို တောင်ကြီးသား ဆိုပြီး ပြန်ပြောတတ်တယ်ဟ... နတ်သဘင်ကိုဝင်တော့ ငါက ရှမ်းလူမျိုးဆိုတာလဲ ပါချင်တယ် လူပျိုဆိုတာလေးကြွားချင်တာနဲ့ လူပျိုရှမ်းနတ် ဆိုပြီးပေးလိုက်တယ်.. ပိုင်တယ်မလား.. အဟီး..။ ရှမ်းကြီး လို့လဲ တချို့ကခေါ်ကြတယ်.. ကိုလူပျို ဆိုလဲ ချစ်စနိုးနဲ့ခေါ်ကြသေးတယ်..။ အဲတချို့ကျတော် ကိုလူပြိုတဲ့.. ရရင့်နဲ့ ပြို လိုက်တယ်.. အဟီး.. အဲလောက်ချစ်ကြတာ...။

(၄) Real Myanmar Hip Hop မှာတော့ $ H K ပေါ့..
Real Myanmar Hip Hop မှာတော့ နံမည် အရင်းကို အတိုကောက်ပဲ ပေးလိုက်တယ် အဟီးး... K H $ ကိုကြိုက်လို့လဲပါတယ်.. ဆင်တူလေး ရွေးလိုက်တယ်.. အဟီး.. ပိုင်တယ်နော်...။

(၅) ပီအိုက် ၊ ပီ.. တဲ့ အဟီး... ဒါကတော့ မိန်းခလေး နှစ်ယောက်ခေါ်တာ ကျတော့်ကို.. အဟီး.. ပီအိုက် ဆိုတာကတော့ ကျတော့်ညီမလေး ခေါ်တာ.. ကျတော့်ကို ပီအိုက် ဆိုပြီးအမြဲတမ်းခေါ်တယ်.. နံမည်ကိုမခေါ်ဖူး.. ကျတော်ကလဲ အဲလိုခေါ်တာကိုပဲကြိုက်တယ်.. ကျတော့်ကို အစ်ကိုဆိုပြီးသတ်မှတ် ပြီးမှအဲလိုခေါ်တာ.. ကျတော်က သူ့ကို အီနန်း လို့ခေါ်တယ်.. အဟီး.. ကျတော်တို့ မောင်နှမ ငယ်ငယ်တုန်းက ခွဲနေရတယ်ဟ ကျတော်ကျောင်းသွားတက်တာလေ.. အဲမှာ အိမ်ပြန်လာတော့ ပါးဖောင်းဖောင်းနဲ့ ကလေးလေး တယောက် ကိုအိမ်မှာတွေ့တယ် အမေကလဲ သူ့ကိုအရေးပေးလွန်းတယ် မေးကြည့်လိုက်တော့ “အဲဒါသားညီမလေးလေ အီနန်းလို့ခေါ်ကြည့်” တဲ့ အဲတုန်းက ကျတော် ညီမလေးဆိုတဲ့ အဓိပ္ပါယ် ကိုနားမလည်သေးဖူး.. သူ့ကိုလဲ အမေက “ဒါ သမီးရဲ့အစ်ကိုလေ.. ပီအိုက်လို့ခေါ်လိုက်” လို့ပြောတယ်အဲတုန်းက တော့ တယောက်နဲ့တယောက် စိမ်းနေကြတယ်.. သူ့ကိုအမေက အရေးပေးလွန်းတော့ ကျတော်ဆို “အမေငါ့ကိုမချစ်တော့ဖူးလား” ဆိုပြီး အတွေးတွေဝင်သေးတယ် ။ နောက်ပိုင်းညီမလေးဆိုတာကို နားလည်တော့ အဲလိုအတွေးမျိုးမတွေးတော့ သလိုသူ့ကိုလဲ ပိုပြီးချစ်လာတယ် မောင်နှမ တွေဆိုတာကိုနားလည်ပြီးချိန်ပေါ့ အဲတုန်းက ကျတော် (၆) နှစ်လောက်ပဲရှိဦးမယ်ထင်တယ်..။ သူလဲ ကျတော့်ကို ပီအိုက် ဆိုပြီး အမြဲတမ်းစခေါ်လာသလို ကျတော်ကလဲ “အီနန်း” ဆိုတာပဲခေါ်ဖြစ်တယ် အခုအချိန်ထိပဲဆိုပါတော့ နံမည်ကိုမခေါ်ဖူးသေးဖူး... “အီနန်း” နဲ့ “ပီအိုက်” ဆိုတာပဲ ကျတော်တို့မောင်နှမသုံးတယ်..။

အဲ ပီ ဆိုတဲ့တခုကတော့.. အဟီး... ကျတော့်ချစ်သူကောင်မလေး ကခေါ်တာပေါ့.. ဖုန်းဆက်တိုင်း သူက ပီ ဆိုပြီးအမြဲတမ်းခေါ်တယ် ။ အပြင်မှာတွေ့လဲ အဲဒါကိုပဲ သူခေါ်တယ်.. အဟီး... အဲလိုခေါ်တာကိုပဲ ကျတော်သဘောကျတယ်.. အဟီး..။

(၆) အိုက်စိုင်း.. တဲ့ ဒါကတော့ အမျိုးတွေနဲ့ အဖေ အမေ တို့ခေါ်ကြတာ.. ရှမ်းလို ခေါ်ကြတာပေါ့.. အဲလိုခေါ်တာပဲကျတော်ကလဲ သဘောကျတယ်။ အဲလိုပဲတမျိုးလုံးခေါ်ကြတာ.. နံမည်အရင်းကိုတော့ သိပ်မခေါ်ဖူး.. နံမည်အရင်းလဲများပါ့.. ငယ်ငယ်တုန်းက ပထမ ဆုံးနံမည်က စိုင်းတန်းလှူ တဲ့ နောက်တော့ နေမကောင်းလို့ ဆိုလားပဲ စိုင်းလှုခ်ေခမ်း ဖြစ်သွားရော.. အဲဒါလဲ ကျောင်းထားခံနီး နေမကောင်းထပ်ဖြစ်တယ် လို့ပြောတာပဲ နံမည်ထပ်ပြောင်းလိုက်ရော.. အဟီး.. အဲဒါကတော့ မိန်းခလေးနံမည်ကြီး.. သိချင်ရင်တော့ ဂျီတော့မှာလာမေးနော်.. အဟီး... ကိုရင်ဝတ်တော့လဲ ကိုယ်ရင်နံမည်ခေါ်ကြတယ် ရှမ်းတွေကတော့ ကိုယ်ရင်ဝတ်တုန်းက နံမည်ကိုပဲ ခေါ်ကြတယ် ကျတော့်ကိုကြတော့ ဘာလို့မခေါ်ကြလဲမသိဖူး.. အဟီး..
ဝိကျင်တာ တဲ့ ကိုယ်ရင်နံမည်တော့...။

ကဲ့ အဆိပ် အခု ၁၁ နာရီလဲ ထိုးပြီ ငါလဲမအိပ်ရေသေးဖူး အခုအိပ်တော့မယ်နော်... နင့်ကိုကျေးဇူးတင်တယ် ဒီပိုစ့်ထဲမှာ ငါရေးချင်တဲ့ အကြောင်းအရာအချို့ကိုလဲ ချရေးလိုက်တယ်... ကျေးဇူးပဲကွာ... အခုတော့..စိတ်သိပ်မလေ တော့ဖူးလို့တော့ထင်တာပဲ.. ကဲ့ကျေနပ်တော့နော်.... ဘယ်သူ့ကိုမှ ထပ်မတဂ့်တော့ပါဖူးကွာ... တော်ပါပြီ..။



3 ဝေဖန်ချက်များ ။ ။:

Anonymous said...

မကြီးမောင်လေးက နာမည်တွေအမျာကြီးပဲနော်။ မကြီးကတော့ အီနန်းဆိုတဲ့ နာမည်လေးကို ချစ်တယ်။ အိပ်ရေးပျက်ခံပြီး ရေးပေးတဲ့ မောင်လေးကိုတော့ အဆိပ်မုန့်ဝယ်ကျွေးသင့်တယ်နော်။ မကြီးပြောလိုက်မယ်နော်။

ခင်မင်လျှက်
မကြီး

အဆိပ်ခွက် said...

ဲမုန့်ဘဲကျွေးရတော့မှာလားတဲ့ အိုက်ချီးခန့်စိတ်မကောင်ဘူးကွား...... ငါက ဘီယာဝိုင် လေးလုပ်ပေးမလားလို... တော်ပါပြီ မကြီးက မုန့်ဝယ်ကျွေး ဆိုတော့လဲ မုန့်ဘဲစားတော့နော်......

ခင်မင်လျှက်
အဆိပ်ခွက်

desertraindrops said...

သွားပါပြီ။။ရှမ်းတမျိုးလုံးပျင်းတယ်ဆိုပဲ။။:)
နာမည်တွေကလဲ အများကြီးပဲ။ မျိုးနဲ့ နင့်ကို ငါကမှားသေးတာပဲ။အစက မျိုးကို ငပျင်းပဲမှတ်နေတာ။ နောက်မှ နှစ်ယောက်ဖြစ်နေတာကို သိရတာ။။

 
လူပျင်းလေး | TNB