Subscribe News Feed Subscribe Comments

မင်္ဂလာပွဲပြီးဆုံးခြင်း...။


ဒီနေ့ ဒီရက်က စပြီးကျတော့်ဦးလေး အိုက်ခီလောက် တယောက်တော့ တရားဝင် အိမ်ထောင်သည်ဘ၀ ကိုပြောင်းသွားပြီပေါ့..။ နပိုက် အသစ်စက်စက်လေး တယောက်ရလိုက်တယ်ပေါ့..။ အင်းဗျာ.. ဂုဏ်ပြုပါတယ်.. အိုက်နရေ..... သာယာတဲ့ မိသားစု ကိုပိုင်ဆိုင်နိုင်ပါစေ..။ သာယာတဲ့ အိမ်ထောင်သည်ဘ၀ ကိုပိုင်ဆိုင်နိုင်ပါစေ...။ နပိုက်ငုဝါ နဲ့.. သားတွေ သမီးတွေ... အများကြီးမွေးရမယ်နော့..။ အဟဲ.. ကလေးထိန်းတော့.. မကြောက်နဲ့.. အနော်ထိန်းလိုက်မယ်... အင့်အင်းပါလို့ နပိုက်ငုဝါမရှိရင်တော့.. အိုက်န ရှင်းလိုက်ပေါ့နော့..။ “မားလဲ.. မားလဲ ပေါ့ဝါး” ဆိုပြီးတော့လေ...။ အဲအဲ... “မားလဲ.. မားလဲ.. မားဟာ ပေါ့ခီလောက်လဲ” လို့တော့ မပြောနဲ့နော်... နပိုက်ငုဝါက ဆွဲထည့်ပလိုက်မယ်..။

အင်းဗျာ.. တခုခု တော့.. ရင်ထဲဟာသွားသလိုဖြစ်သား.. အရင်လို.. သူနားအိပ်လို့မရတော့ဘူးလေ...။ အရင်လို.. တူတူ ကစ်လို့မရတော့ဘူးလေ.. ။ အရင်တုန်းကဆို.. အိုက်န တဖလား.. အိုက်စိုင်းတခွက် ဆိုပြီး.. တက်ညီလက်ညီ.. ကစ်ခဲ့တာ..။ ခုတော့.. နပိုက်က ပေးကစ်တော့မယ် မထင်ဘူး.. နောက်ပြီး... သူ့ကို ဖက်အိပ်လို့ရနိုင်တော့မယ်မထင်... နပိုက်ငုဝါက... သ၀န်တိုတတ်တယ်ဆိုလားပဲ....။

အင်းဗျာ... ဘာပဲဖြစ်ဖြစ်.. နပိုက်တယောက်ရလိုက်တာတော့ပျော်ပါတယ်..။ နပိုက်ငုဝါနဲ့က လည်း.. အွန်လိုင်းမှာ.. ခင်မင်ခဲ့ပါတယ်.. စလိုက် နောက်လိုက်နဲ့ပဲ.. တခါက ကျတော်အစ လွန်သွားတာ.. နပိုက်ငုဝါက တကယ်ထင်ပြီး... ငိုပါလေရော...။ အမေလေးလေး.... အီနက ဖုန်းဆက်ဦးဆိုလို့.. ဆက်ကြည့်လိုက်ပါတယ်... ကျတော်စလိုက်တာကို.. နပိုက်ငုဝါက တကယ်ထင်ပြီး.. ငိုကြီးချက်မ ဖြစ်နေတယ်ဆိုပဲ.. ။ နောက်နေ့.. ဂျီတော့မှာ.... မနဲကို ပြန်ချော့လိုက်ရတယ်...။ အဲ့လို.. အဲ့လို.. နပိုက်ငုဝါက အိုက်နခီလောက် ကိုအဲ့လိုမျိုးချစ်တာ.. အဟဲ...။

နားလည်း နားလည်ပေးတယ်... ဟို.. နားလည်ပေးဆိုတာ.. ပုလင်းမြင်ရင်... အမြည်းပြင်ပေးတာမျိုးကို ပြောတာမဟုတ်ဘူးနော်.. အပေါင်းအသင်းနဲ့ တခါတလေ.. သောက်တာလောက်တော့.. ထားပါတဲ့.. အရက်သမားမဖြစ်ရင်ပြီးရောတဲ့... အင်းလေ.. အိုက်ခီလောက်လို့.. နံမည်ရသွားတာတောင်.. နားလည်ပေးသေးတယ်... ။ အိုက်နကို အတော်ချစ်တာပါ.. ငယ်ငယ်ကတည်းကဆိုပဲ.. အလယ်တန်းကတည်းက ဆိုလားပဲ.. အဲ့လို.. အဲ့လို ခိုင်မြဲတာ.. သူတို့အချစ်က စံပြ ပဲ.. အဟဲ.. ခီခန့်လေးအတွက်ပေါ့..။ စံပြဖြစ်တာ..ူတို့လေ.. အဟဲ.. ။

အဲ.. အဲ... ဒါနဲ့.. ဒီနေ့.. ဂဲဖိုးလှမ်းတောင်းရဦးမယ်... ကျတော်ကတော့.. ၁၂ နာရီတိတိ.. မှာ.. လှမ်းတောင်းမှာ.. ။ မပေးလို့ကတော့ကွာ.. အရစ်ကို ရှည်ပလိုက်မှာ.. အဟဲ...။ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေလဲ.. ဂဲဖိုးလှမ်းတောင်းဖို့မနေ့နဲ့ဦးနော်.. :P

2 ဝေဖန်ချက်များ ။ ။:

စိမ်း... said...

ဟိုက်ရှားပါး... အလယ်တန်းကတည်းက... ??
သြချပါရဲ့.. ဒါမျိုးချစ်တဲ့သူရတာ အတော်ကံကောင်းတာပဲ...
သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘ၀ကို တူတူလက်တွဲကျော်ဖြတ်နိုင်ပါစေ...လို့ ချယ်ဆီးမကနေ တဆင့် ဆုတောင်းပေးလိုက်ပါတယ် :PP

ကွိ ကွိ ..နာ ဘူယဲ တိယား ချယ်ဆီးမ...

တောင်ပေါ်သား said...

ခီလောက် ခီလောက် ငါ မထင်ဘူး တော်တော် စွံတယ်ပေါ့း) မင်္ဂလာပွဲလေးမှ အစပြုပြီး ရှေ့လျှောက် သာယာတဲ့ အိမ်ထောင်လေးနဲ့ ကလေးတွေ အများကြီး ရပါစေး) ကလေးထိန်းလေးလဲ မိန်းမရပါစေဝေးးးးးးးးး

သတင်းထား ခီလောက် လိမ္မာနေပြီဟု သတင်းကြား။ ဇနီးချောလေးမှ သေချာ ပြုပြင် ဆုံးမ ဗိုက်ခေါက်ဆွဲလိမ်နေကြောင်းးးးးးးးး အဟေးဟေးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

 
လူပျင်းလေး | TNB