Subscribe News Feed Subscribe Comments

စကော့တလန် မှာစကီး သွားစီးတုန်းကပါ







ဆက်လက်ဖတ်ရှူရန်...

တိုတိုလေးနဲ့ တိုးတိုးလေး ။

ခွေခွေလေးနေရင်း ခွေးဖြစ်သွားတဲ့သူတွေ
ပြေပြေပြောရင် ပြေးရတတ်တဲ့ အဖြစ်များ
ဝေဝေဝါးဝါးနဲ့ ဝေးသွားတဲ့ကိစ္စတွေကလည်း အများကြီးပါ
တွေတွေလေးကြည့်ရင်း တွေးနေမိတယ်
စွေစွေလေးကြည့်ရင်း ဆွေးနေမိတယ်
ခိုခိုကတ်ကတ်နဲ့ ခိုးဝှက်နေတဲ့လူတွေကြားမှာ
လေလေနေတဲ့စိတ်ဟာ လေးလံလာ
ပြာပြာသလဲ လုပ်ရလွန်းတဲ့ကိုယ်လည်း တဖြည်းဖြည်း ပြားလာခဲ့
အမွှေတွေ မွှေးတဲ့မီးကလောင်တယ်
တော်တော့တော် ကြတယ်
ဆော်ဆော့ဆော် ကြတယ်
ပီပီပြင်ပြင် လုပ်တိုင်းလည်း မပြီးပြတ်တာတွေ အများကြီး
စီစီစဉ်စဉ် လုပ်တိုင်းလည်း အစီးမကပ်တာတွေက အများကြီး
အလန်တွေသာ လန်းလာခဲ့
အကြံတွေလည်း ကြမ်းလာခဲ
မြွေတစ်ကောင်ကိုမှ မွေးချင်မိတဲ့ကျွန်တော်
ဆန်ရင်းစုန်ရင်း အဆုံးမှာ အဆန်းပြားဆုံးအရာ တွေ့မလားရှာမိတော့
မှန်တိုင်းလည်း မှန်းသလောက်တော့ မဖြစ်တာသိပြီ
ခံရလွန်းလို့ ဦးနှောက်တွေလည်း ခန်းလာပြီ
မုန်တိုင်းတွေလည်း မုန်းတတ်ခဲ့ပြီ
ပါတာများတော့ ပါးလာပြီး
ယိုယွင်းနေသော ရိုးသားခြင်းများမှာ
ပြင်ရတာတွေများလွန်းလို့ ပျင်းလာတဲ့အခါ
နာနာကျင်ကျင်နဲ့ နားနားနေနေသာ နေချင်ပါတော့တယ်
ခွေခွေလေးနေရင် ခွေးဖြစ်တတ်တဲ့အကြောင်း တွေးရင်းပေါ့။


လင်းဆက်
13.03.2009 (Friday)
00:20 am


------------------------------------------------------------------------------------------------


အောက်ပြည်က ဗန်ပိုင်းယား


ဗန်ပိုင်းယားဆိုလိုက်ရင်မှဖြင့်
လှန်တိုင်း ကိုက်တတ်တယ်ဗျလို့ မထင်ကြပါနဲ့ (အင်္ကျီလက်)
ဖြူဖြူဥဥ
လည်ပင်းနုနုလေးတွေကိုမှ ရွေးတတ်တယ်
ချေးအထပ်ထပ်နဲ့ ဆိုလည်း ရှောင်တယ်
ပွေးအကွက်အကွက်နဲ့ ဆိုလည်း ရှောင်မယ်
အောင်မယ်..ဟိုချောင်က ကောင်မလေးက
ကိုက်ပါကွယ် ကိုက်ပါကွယ်နဲ့
အတင်းလိုက်လာဆွယ်လည်း
မမိုက်ပါတယ် ရုပ်ရယ်ကြောင့်
ဆုတ်ဖယ်ကာ ပြေးခဲ့တယ်
ကိုဂျေကြီးလက်စွဲ
အသားမဲလေး ကြပြန်တော့
ရုပ်လေးက လှပေမယ့်
သွေးက ပေါ့စတစ်ပြ
ညည ထထ စတတ်တာဆိုးတယ်
ဒီလိုနဲ့
မိုးရယ်ကရွာချ
ပဲခူးနယ်မှာ အရမ်းသမနေတဲ့
ကိုလတရနဲ့ တွေ့ရန်ရွယ်
အတွေ့ရယ်မခံဘဲ ရှောင်ကာပုန်း
အဲဒီက ဟော်တယ်တွေလည်း သူ့ဆို မုန်းလှပြီ
သုံးမရပြီ ဒီလူများ
အဝေးမှာထားခဲ့ပြီး
ဗန်ပိုင်းယား ညစာစားရဖို့အရေး
အထက်တက်ပြီး ရွေးလိုက်မယ်
ရွှေမန်းသူ အပျိုမ
ရွှေခြေကျင်းလေး အသာမလို့
ပြ..
...
...
လည်ပင်း။ (ပွေးညှင်းကင်းစေ)


နောင်...နောင်... နောင်...ပေ....နောင်.... (ဗိန်းဗောင်းသံဆင့်စေ)


-------------------------------------------------------------------------------------------------------



ကိုကယ်လ်ဗင်+မနှင်းဆီ လက်ဖွဲ့


မန်းမြေမှာဘီးထောင်တဲ့
မြီးကောင်ပေါက် ကိုကယ်လ်ဗင်
အပျိုလေးကိုမြင်
ဘီးထောင်ရင်း နောက်ပြန်ကြည့်
အရှိန်လွန်တိုက်မိ
ဖောက်စ်ကျိုးပြီး သူလဲတာ
ပုဆိုးမပါတော့ပါ
ဘေးနားက အပျိုများ
၃ ရက်လောက် ဖျားတယ်ဗျား။ (သွေးရဲရဲ သံရဲရဲ ဒဏ်ရာပြင်းထန်တာ မြင်လိုက်ရလို့)


ကိုရင်လက်ဆင်း


-----------------------------------------------------------------------------------------------------------------------------------------



ခေတ်သစ်သုဘဒ္ဒါ ဇာတ်ထုတ်


သြော်...ဒီတစ်သက်တော့
ဒီဇာတ် ပြန်မကရတော့ဘူး ထင်နေတာ
အဖြစ်လေးရယ်က မသက်သာ
ဝဋ်ကြွေးရယ်ပါတာကြောင့်
သတင်းကြီးတဲ့ မင်းသမီးဇာတ်
နာချက်ကတော့ ပြောမနေတော့ပါဘူး
ကဲပါလေ အပြောရယ်ရပ်ပြီး
အတောရယ် မသတ်ရအောင်
ရမ်းရွာစား ကုလားဘုရားလိုလှည့်။ (ဒုံ ချပ် ချပ်. ဒုံ ချပ် ချပ် )

တောင်ရပ်ခွင် မြောက်ရပ်ခွင်
ရနံ့တွေ တမြူးမြူး
ပန်းတွေတောင် ပွင့်ဖူးနေပါပေါ့လား
အဟင့်ဟင့် .. တွေးမိရင်ဖြင့် ငိုချင်တယ်
ပိုတယ်လို့ မပြောနဲ့ ကိုကိုရယ်
ဂျီ့စိတ်ထဲမယ် နာလှတယ်။

တစ်ခါက တစ်ဘဝ
လက်ပံတွေ ပွင့်ချိန်တုန်းကပေါ့
မောင်မယ်ရွှင်မြူး
ကိုကိုက လက်ပံပွင့်လေးတွေ ခူးပေးတယ်
ပြီတီတီ မျက်နှာလေးနဲ့ကြည့်
မယ်နှောင်းနဲ့ ဂျီဂျီ့ကို
တအီအီလည်း ချော့တတ်တယ်

တစ်ရက်တော့
မမော့နဲ့ကွယ် ဒီအရေတွေကိုဆိုပြီး ပြောထားလျက်နဲ့
တောအရက်တွေ နင်းကန်သောက်
ရွာမြောက်ဘက် သင်္ချိုင်းမှာ
မှောက်နေတဲ့ ကိုကို့ကို
သရဲက ခြောက်လိုက်တော့
အလွန်တရာကြောက်ပြီး ပြေးလာ
အခြောက်ကြီးဆီက ခိုးထားတဲ့ ပုဆိုးရယ်ကမပါ
အားကိုးရာရှာပြီး နီးရာ အရပ်
ဂျီ့ အိမ်ပေါ်သို့ ပြေးကာတက်
အဲဒိမှာ စတဲ့ဇာတ်။

အဖေအမေတို့မြင်
ဘယ်လို ထင်မတုန်းတော့
ကိုယ်ဗလာ အချည်းနှီးနဲ့
ရွာတစ်ရိုး လုံးတီး ဒိုးနေတဲ့ ရှင့်ကို
ဘယ်လို ကြည်ဖြူမလဲ
ကျွန်မအရှက်ကိုခွဲ
ဒါသက်သက် လုပ်တာပဲလို့ ပြောမိတော့
ခေါင်းလေးကို ငိုက်စိုက်ချပြီး
အပြီးထွက်သွားလိုက်တာ
နောက်နေ့မှာ ရွာက ပျောက်သွားတယ်။

အသည်းနာတယ်ရှင်
ရာဇဝင်ကြွေးဆိုတာ မကြေရေးပဲ
ဂျီအသည်းကို ကစား ပြီးမှ သူထားသွားတာလေ
ဘယ်ရမလဲ အိပ်ယာထဲ လဲပြလိုက်တော့
ဆေးဆရာ ဘဘဝိ
ယတြာပေးလိုက်၏
ရွာက လူမိုက် မောင်ဗိုဒ်ကလေးကို အသာခေါ်
ကြိမ်နဲ့ အပြတ်သာ ဆော်ခဲ့ဖို့ မှာတယ်လေး။

(နှဲကို ပျော့ပျော့ မှုတ်တတ်တဲ့ ရွာစား လက်တဆစ်လျှော့ ... ဒီတစ်ခါတော့ အလွမ်းတေးသံလေးနဲ့ ချော့)

လူမိုက် မောင်ဗိုဒ်
စောင်ကို ပိုက်၍
တောရပ် တောရွာ
လိုက်ရှာပါလည်း
ရေသာများ၍ ငါးမတွေ့
သေနာများလို့ ဆဲသဟေ့။

(စည်တို ကယ်လ်ဗင် ရေခင်းသံလေး အရင်ဝင်၊ ပြီးရင် ဒစ်စကိုပြောင်းပြီး အရက်သမား တီးလုံးလေးနဲ့ နှက်)

နှစ်ပေါင်းရယ်ကြာ
အချစ်ဟောင်းကိုလည်း မမေ့နိုင်ပါဘူး
ရင်မှာတမြေ့မြေ့ တငွေ့ငွေ့ ဖြစ်နေဆဲမှာလေ
ရွာလမ်းတလျှောက် ထန်းခေါက်ဖာလေး ထမ်းလို့လာ
မောင်ဗိုဒ်ကလေး ဖြစ်နေရှာ
ရော့ ဒီမှာ သက်သေဆိုပြီး
မျက်ရည်တွေနဲ့ ထုတ်ကာပြ
သရဲခြောက်တုန်းက ကျွတ်ခါကျ
စုတ်ကာမွနေတဲ့ပုဆိုး
သူများဆီက မနဲ ပြန်ခိုးခဲ့ရသတဲ့လေ

(ပတ်ဆရာဂျေ မျက်ရည်တွေ ဝေစေဖို့အရေး ဗျောသံလေးနဲ့ ညှင်းညှင်းသွင်း)

ပုဆိုးလေးတွေ့တော့မှ
အဲဒီနေ့က အဖြစ်တွေ တစ်လုံးမကျန်ပြန်သတိရ
အပူလုံးလည်းကြွ
ယူကြုံးမရလည်း ဖြစ်လာ
သြော် ဂျီပါမမ တရားသံဝေဂရ
တရားတဘောင်နဲ့ မျှအောင် နေတော့မဟဲ့ဆိုပြီး
တဘက်လေးပတ်ပြီး အဝေးကိုမှန်း
မြိုင်ရပ်ကိုထွက်ဖို့ စခြေလှမ်း။

(ကားဆွဲ ကိုဝှိုက် အိပ်ငိုက်မနေနဲ့၊ မဂျီပါ ပြန်မနှိပ်ခင် ၊ ကားလိပ်ကို အမြန်ပိတ်စေ)



ခေတ်သစ် သုဘဒ္ဒါ ဇာတ်ထုတ် ပြီး၏။

(အမကြီးများကန်တော့၊ လျှာရှည်ပြီး ပါစပ်နဲ့လက် ဆော့မိတာ၊ မငြူစူခွင့်လွှတ်၊ အပြစ်ရယ်က လွတ်စေဖို့၊ အရမ်းသွက်တဲ့ မောင်လင်းဆက်ရဲ့ တောင်းဆု ပန္နက်)



-------------------------------------------------------------------------------------------------------------




ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့
၂၁ရာစု ကြက်ဆူစိုက်သမားကြီးများ တေးသံ



ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်ဖတို့ရေ
တို့မန်းမြေမှာ ရေတွေကြီးရင်
လှေတွေစီးပြီး သွားကြသတဲ့
တညှိုးငယ်မှ ယမ်းယမ်း
နှမလေးသူ့ကိုလွမ်းရင်
ဇီးပြားလေးစားလို့ ရည်းစားလေး ထားမိပါတယ်တဲ့
ပလိုင်းပေါက်နဲ့ဖားကောက်
မျက်နှာမှာ ဘယ်လို ကျောက်တွေပေါက်လည်း
ချစ်တာပဲတဲ့
တစ်အိတ်ကယ်မှချဲ့ချဲ့
ပါးစပ်လေးရွဲ့လို့ တဖွဲ့တနွဲ့လည်း ပြောတတ်တယ်
အသစ်ကယ်မှ စက်စက်
ပိုးချည်မျှင် တရဘက်နဲ့
အရောင်တဝင်းဝင်း
ရွှေခြေကျင်း ထင်းထင်းကြီးကို
ဗရုတ်ကယ်မှဗရက်
သလုံးသားအထက်မှာတင်ကာ
အိထွားဖြူဖွေး
အနှီ မန်းသူလေးသည်
ပုလိပ်ကယ်မှလိုက်လိုက်
ထိုထိုသောအခိုက်တွင်
နှုတ်ခမ်းလေး အသာကိုက်လို့
ဆိုင်ကယ်ကိုပြောင်းပြန်စီး
ကျုံးပတ်ပြီးလည်း ပြေးဖူးတာပေါ့တော်တဲ့
တလွဲရယ်မှ ချော်ချော်
နှမလေး ဝေးကမျှော်သည်
ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့။



ကိုရင်လက်ဆင်း



----------------------------------------------------------------------------------------


လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ



နက်ဖြန်ခါကို ငါတို့ဘယ်လိုပိုင်မလဲ
လွှသွားများ သစ်ပင်ကိုဖြတ်တယ်
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ
ပန်းတွေလည်း မပွင့်နိုင်တော့
ဝတ်မှုန်တွေလည်း မကူးတော့
ကျေးငှက်တွေ တေးမဆိုတော့
မြက်ခင်းတွေ မစိမ်းလန်းတော့
လူတွေဟာ အရပ်ပုလာ
အကြောရောဂါနဲ့ ခေါင်းတွေဟာ တဆတ်ဆတ်ညိမ့်တတ်လာ
လွမ်းတဲ့အခါ သတိရစရာ မိုနာလီဇာမရှိ
ကိုယ့်ကိုကိုယ် နားရွက်ဖြတ်မယ့် ဗင်းဆင့်လည်း မရှိ
မီးကိုခိုးယူပေးသူ ပရိုမီးသီးယပ်မရှိ
ပရိုမီးသီးယပ်ကို ကယ်တင်သူ ဟာကျူလီမရှိ
ပုခုံးနဲ့ထမ်းပေးမယ့် အက်တလတ်မရှိ
လက်တစ်ချက်လှုပ်တိုင်း လူတွေကို ရင်သပ်ရှုမောစေတဲ့ တိုက်ဂါးဝုဒ်လည်းမရှိ
ရင်ကိုကော့ပေးရဲသူ ဦးဖိုးလှိုင်မရှိ
ကျွဲရဲ့ကျောပေါ်က မှက်ရဲကြီး ဆိုကရေးတီးလည်း မရှိ
မယ်စကြာဝဠာမရှိ
အိုင်းစတိုင်းမရှိ
ချိုက်ကောစကီးလည်းမရှိ
အမှောင်ကြောက်တဲ့ အက်ဒီဆင်မရှိ
တောပုန်းကြီး ရော်ဘင်ဟုမရှိ
ဒီလူတွေ မရှိတာ ကြာခဲ့ပြီပဲ
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ။



N. လက်ဆင်း
03 March, 2009



ဦးဇင်းလေး တပည့်တော် ရသမျှ ပို့ပေးလိုက်ပါသည်၊ အဆင်မပြေရင်ထပ်ပြောပါ ဘုရာ့။

လောကမာရဇိန် @ လူဆိုး

ဆက်လက်ဖတ်ရှူရန်...

Y@U WILL N@V@R W@RK AL@NE

When you walk through a storm
hold your head up high
And don't be afraid of the dark.
At the end of a storm is a golden sky

And the sweet silver song of a lark.
Walk on through the wind,
Walk on through the rain,
Tho' your dreams be tossed and blown.

Walk on, walk on with hope in your heart
And you'll never walk alone,
You'll never, ever walk alone.
Walk on, walk on with hope in your heart

And you'll never walk alone,
You'll never, ever walk alone.

ဆက်လက်ဖတ်ရှူရန်...

ကျတော် ....

အင်း.. ဒီနေ့ကျတော် တမျိုးဖြစ်နေတယ် ဒီနေ့မှမဟုတ်ပါဘူး ဖြစ်နေတာကြာနေပါပြီ ။ အရင်တုန်း ကဆို သူမဆီကိုပဲ စိတ်ရောက်နေတယ် ဒီနောက်ပိုင်း ( ဟိုတခေါက်ကဖုန်းဆက်ပြီးနောက်ပိုင်း ) ကျတော် တမျိုးဖြစ်နေတာပါ သူမရဲ့ စကားကြောင့်ပဲလား မသိပါဘူး အမှန်ဆို နောက် (၃) ဆို သူမရဲ့ ဘ၀ကိုအဆုံးအဖြတ်ပေးမဲ့ စာမေးပွဲ ဖြေတော့မယ် ဒီလိုအချိန်မျိုးမှာ ကျတော် က ဖုန်းလေးဆက်ပြီးအားပေးသင့်တယ်လို့ထင်တယ် ဆက်လဲဆက်သင့်ပါတယ် ကျတော့်ရဲ့ ဖုန်းကို သူမ မျှော်နေမယ်ထင်ပါတယ် ။ ဒါပေမဲ့ သူက ကပြောခဲ့တယ်လေ (ကိုရယ် နောက်မဆက်နဲ့တော့တဲ့ ကြောက်လို့ပါ ) တဲ့ ဟုတ်ပါတယ် ကျတော်ဆက်တုန်းကလဲ နောက်ဆုံး ဆက်တာပါပဲ စာမေးပွဲနီးနေပြီဆိုတော့ သူမကိုအနှောက်ယှက်မပေးချင်လို့ပါ ဒါပေမဲ့ သူမဆီက ဒီလိုကြားလိမ့်မယ်လို့ လုံးဝ (လုံးဝ ) မမျှော်လင့်ခဲ့တာ အမှန်ပါပဲ ဒီစကာားက ကျတော့်ကိုတော်တော် စိတ်မကောင်း ဖြစ်သွားစေပါတယ် ။ ဒါကြောင့်အခု ဖုန်းဆက်ဖို့ ကျတော်တွေဝေနေတာ အမှန်ပါပဲ ။ သူမဘက်ကဘယ်လိုဖြစ်နေပါစေ .... ကျတော်တော့ ဆက်သင့်တယ်လို့ထင်ပါတယ် ။ ကျတော်ဆက်တာ ကလည်း သူမကို တိုက်ရိုက် မတွေ့၇တာများပါတယ် ။ ကျတော့်ဦးလေး ရဲ့ သူငယ်ချင်းနဲ့ပဲတွေ့ရတာပါ ။ ကျတော် ဆက်ချင်ပါတယ် ဒါပေမဲ့ သူမကမဆက်နဲ့ဆိုလို့ ကျတော်တွေဝေနေပါတယ် ဘယ်လိုပဲဖြစ်ဖြစ် နောက်နေ့ကျရင် ဆက်လိုက်ပါမယ် ။ သူမကိုအားပေးသင့်တယ်မဟုတ်လား..။ ဒီဖုန်းလေးတချက်ကိုမှ ကျတော်မဆက်နိုင်ဘူးဆိုရင် ကျတော် သူမ နဲ..................။


ဆက်လက်ဖတ်ရှူရန်...

ငပျင်းရဲ့  ညည်းချင်း

ခုတလော တော်တော်လေးကို ညစ်စရာတွေ ပဲကြုံနေရတယ်ကွာ ...ရေလည်စိတ်ညစ်နေတယ်.....စိတ်ညစ်တာထက်ကို စိတ်ဖိအားများလွန်းနေတော့ အရမ်းပင်ပမ်း တယ်...တွေးတာကတခြား ..ပြောနေတာကတခြား..အာရုံတွေကထွေပြား..စိတ်နဲ့ လူနဲ့ က(ရူးကြောင်မူးကြောင်နဲ့ ) အိုးစားကွဲနေလေရဲ့ ...အရင်ကပြတ်သားလှတဲ့  ငါ့ရဲ့ စိတ်က ခုဆိုဘာကိုမှ ဆုံးဖြတ်ချက်ချလို့  မရဘူး ဖြစ်နေတော့..အင်းလေ...'လောကကြီးမှာ အဆင်ပြေမှုတွေ ကြီးပဲ မရှိဘူးဆိုတာကိုတော့ သိပါတယ်....ဘာမဆို ပျော်ပျော်နေတတ်တဲ့  ငပျင်းဒီလောက်ညစ်နေတာ စဉ်းစားမိတော့ တော်တော်လေး စိတ်သောက ရောက်နေရပါလား ဆိုတာ သတိထားမိ လာတယ် ...ကိုယ်ကိုယ် ကိုယုံကြည်မှု ထားရင် ဘာမဆို အောင်မြင်မှု ရမှာပါလေး..အချိန်တန်ရင်တော့ အဆင်ပြေလာမှာပေါ့ ဒါလေးနဲ့ ပဲ နှစ်သိမ့် နေရပေမဲ့ .........ခန္စာကိုယ်တခုလုံးလည်း တုန်ချိနေပါပီ..........ကဲတော်ပါပီကွာ ညစ်တာကိုညစ် တယ်လို့ တွေးလေစဉ်းစားလေ ညစ်လေဆိုတော့ ထိုင်ညစ်နေမဲ့ အစား.... သွားလျှော်လိုက်တာကမှ ညစ်နေတာတွေ ပြောင်သွားမှာပေါ့နော့်......ဘာနဲ့ လျှော်ရင်ကောင်းမလဲ လို့ .....(ငါမူးနေတာတော့ မဖြစ်နိုင်ဘူး သေချာတာကတော့ ငပျင်းရူးတော့မယ် ).......

ဆက်လက်ဖတ်ရှူရန်...

 
လူပျင်းလေး | TNB