Subscribe News Feed Subscribe Comments

ဒီနေ့ ဘာနေ့လဲ..?



ဒီနေ့က ကျတော်တို့ရဲ့ မြန်မာနိုင်ငံ ကို ကမ္ဘာဖြေပုံ ပေါ်တက်ခွင့်ရအောင် ကြိုးစားပေးတဲ့ ကျတော်တို့ရဲ့ ဖခင်ကြီးတယောက်ရဲ့ မွေးနေ့ဖြစ်ပါတယ် ။
သူ့မွေးနေ့ကို တချို့လူတွေဆို မေ့နေလောက်ပါပြီ သူသိရင် ဘယ်လိုနေမလဲမသိပါဘူး ။ သူမွေးပေးခဲ့တဲ့ မြန်မာပြည်ကို သူကောင်းကင်ဘုံ ကနေကြည့်ရူစောင့်ရှောက်နေမှာပါ ။ သူကြောင့်ကျတော်တို့ တိုင်းရင်းသားတွေ တစုတစည်းဖြစ်ခဲ့ရတယ် ။ ကျတော်တို့မြန်မာ နိုင်ငံက ကမ္ဘာမြေပုံပေါ်ကိုရောက်ခဲ့ ၇တယ် ။
ကျတော်တို့တိုင်းပြည် ကိုကျွန်ဘ၀ကလွတ်အောင် ကြိုးစားပေးခဲ့တယ် ။ သူကဟာကိုယ်ကြိုးမကြည့်ပဲနဲ့ တိုင်းပြည်ရဲ့ အကြိုး ပြည်သူတွေရဲ့အကြိုးကိုသာဆောင်ရွက်ပေးခဲ့ပါတယ် ။ သို့ပေမဲ့ အခု လူငယ်တွေ နဲ့ အချို့လူတွေဟာ သူ့ကိုမေ့နေလောက်ပါပြီ ။ ကျတော်တို့ ငယ်ငယ်တုန်းကဆို နိုင်ငံတော်အလံရဲ့ရှေ့မှာ “ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြု ” ဆိုပြီးအရှေ့ကနေတိုင်ပေးလိုက်တဲ့ အသံဟာ ကျတော်ဆို အထက်တန်းရောက်တဲ့ အခါမှာ “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာမှပါတော့ပါဘူး ။ “ကျဆုံးသောအာဇာနည်ခေါင်းဆောင်များအား အလေးပြု” လိုပဲ ပါတော့တယ် ။ အခုခေတ် စာစောင် မဂ္ဂဇင်း သတင်းစာတွေမှာလဲ ဗိုလ်ချုပ်မွေးနေ့ထက် ချစ်သူများနေ့ဆိုတာ ကိုပိုမိုပြီး အကျယ်တ၀င့်ရေးသား ထားပါတော့တယ် ။ ဒါဟာ ကျတော်တို့ဖခင် ကြီးကိုမေ့အောင် လုပ်ဆောင်ကြတာလား....? ခင်ဗျားတို့ကော သူကိုသတိနေသေးလား...? ကျတော်တို့ရဲ့ဖခင် ရဲ့ ကျေးဇူးကိုမတုံပြန်နိုင်ပေမဲ့ အသိအမှတ်ပြုပေးရအောင် ကျတော်တို့ တိုင်းရင်းသားတွေ သူတည်ထောင်ခဲ့တဲ့ မြန်မာပြည်မှာ စည်းစည်းလုံးလုံးနေကြရအောင် ကျတော်တို့မြန်မာပြည်ကို တိုးတက်အောင် တဖက်တလမ်းကနေလုပ်ဆောင်ပေးကြရအောင် ။

0 ဝေဖန်ချက်များ ။ ။:

 
လူပျင်းလေး | TNB