Subscribe News Feed Subscribe Comments


အဟတ်... ဒီနေ့ ကျတော်တော့ရင်ပူတယ်ဗျာ..ဟဲဟဲ ကျတော့်ကောင်မလေးကိုပါ..ဟိဟိ.. သူလဲကျတော့်ကိုရင်ပူမယ်ထင်ပါ့..ဟိဟိ
ထင်ပဲထင်တာပါ မသေချာပါဘူးဟ. . ။ ကျတော်တော့ အေးဆေးပါ... ဟိဟိ ချက်တင်ကကောင်မလေးတွေကို ချောကလက်ပုံလေးတွေလိုက်ပို့ ပေးတာလောက်ပဲပေါ့.. ဟိဟိ..။ ဆောရီးနော် အသည်းလေး.. နင့်ကိုကျွေးချင်ပါတယ် ဒါပေမဲ့ ဒါပေမဲ့...
ဒါပေမဲ့တွေအများကြီးပေါ့ နားလည်ပေးမယ်လို့ထင်ပါ့ နင်ကငါ့ကိုနားလည်ပေးနေတာပဲလေ ဆက်နားလည်ပေးလိုက်နော်.. ငါလဲနင့်ကိုနားလည်ပေးတာပဲ ငါ့ကိုဖုန်းထပ်မဆက်ဖို့ပြော တာကိုရောပေါ့ နားလည်ပေးလို့ငါပျော်တယ် ဟိဟိ နင်တော့မသိဘူး အခုဆိုငါလဲသိပ်မပင်ပန်းတော့ဘူးလေ... နင်ကျေးဇူးကြောင့်ဆိုပါတော့.. နောက်ဆုံးပြောတဲ့စကားလေးကျေးဇူးဆိုပါတော့.. ဒါကဒီနေ့နဲ့တော့ဆိုင်ပါဘူးဟ နင်သိအောင်ပြောပြတာပါ.. ဒါပေမဲ့ နင့်ကိုတော့ချစ်နေပါသေးတယ်ဟ နော်.. ။
စိတ်တော်ကောက်မနေပါနဲ့ဦး နော်..ဟဲဟဲ ...ချော့တတ်ဘူးလေ ငါက ချက်တင်ကကောင်မလေးတွေတောင်မချော့ ဘူး သူတို့ပဲငါ့ကိုချော့တာ..ဟဲဟဲ.. နင့်ကျေးဇူးကြောင့်လေ သူတို့ကငါ့ကိုဆိုရင်..ဟဟ. ငါဘာတွေပြောနေကြောင်း ချစ်သူများနေ့ ပြီးခဲ့ပြီနော် ငါတို့ချစ်သူဖြစ်တာလဲ ၂နှစ်ကျော်ခဲ့ပြီနော်.. ဒီနှစ်တွေမှာ ငါ့ကိုပျော်ရွင်မှုပေးခဲ့လို့နင့်ကိုကျေးဇူး တင်ပါတယ်ဟာ.. တကယ်ပြောတာပါ.. ဒီနှစ်မှာအရင်လို ငါနင့်ကိုချောကလက်လဲမကျွေးနိုင်ဘူးနော် သိလား .. အရင်နှစ်က ငါနင့်ကိုကျောင်းဆင်းမှပေးတယ်လေ.. နင်မှတ်မိလား.. နင်က အဲချောကလက်ဗူးလေးကိုပဲ ကြယ်လေးတွေခေါက်ထည့်ပေးပြီး ငါ့ကိုပြန်ပေးခဲ့တယ်လေ... ။ မှတ်မိသေးလားဟင်.. ငါတော့ပြန်တွေးရင် မနေ့တနေ့အတိုင်းပဲဟာ.. အရင်ကနင့်ကို သိပ်မလွမ်းဘူးဟ.. ဒီနေ့ဒီစာကိုရေးတော့အရင်က အကြောင်းကိုပြန်တွေးမိလို့နင့်ကိုလွမ်း မိတယ် အင်းလေ... ငါပြန်မတွေးတော့ပါဘူး ၂နှစ်ကျော်လောက်ငါနဲ့ အတူရှိခဲ့တဲ့ အလွမ်းတွေကို အဝေးကိုထွက်သွားစေချင်လို့ နင့်ကိုချစ်တဲ့စိတ်လေးပဲ ငါယူထားမယ်..။

0 ဝေဖန်ချက်များ ။ ။:

 
လူပျင်းလေး | TNB