Subscribe News Feed Subscribe Comments

အိုက်ခီလောက် မင်္ဂလာဆောင် ဖိတ်စာ...။

လူအိုကြီး(အသက်ကြီးနေလို့)အိုက်ခီလောက် တယောက်တော့.. ၁၃၇၁ခု ၊ တန်ဆောင်မုန်းလဆန်း(၈)ရက် ၊ (၂၅.၁၁.၂၀၀၉) တနင်္ဂနွေနေ့ ၊ နေ့လည် (၁၂) နာရီမှ ညနေ (၃) နာရီ မှစ၍ လူပျိုဘ၀ကိုစွန့်ပြီး.. တရားဝင်လူအိုဘ၀(သို့) အိမ်ထောင်သည်ဘ၀ ကိုပြောင်းတော့မှာပါ..။ အဟဲ.... နာသကွာ... နာလိုက်မပြန်ရတာ... ကြည့်နေ.. အချိန်ကောင်းမှာ... ဂဲ(အုတ်ဂဲ)ဖိုးလှမ်းတောင်းဦးမယ်..။


ကဲ့.. ကဲ့.. ကျနော် ခီခန့်တယောက် လေဖောနေတာနဲ့... ဖိတ်စာတင်ဖို့မေ့နေဦးမယ်...။
ကြည့်လိုက်ပေဦးဗျာ.. ကျတော့် နပိုက်(ဒေါ်လေး) အသစ်စက်စက်လေးပေါ့...


အနော်မပြန်ရပေမဲ့လည်းဝမ်းမနည်းပါဖူးဗျာ...။ ယောက်ကျားပဲ.. ရင်ထဲကဆန္ဒကို အသိဉာဏ်နဲ့ သုံးသပ်တတ်ပါတယ်.. ။အဟဲ.. ဒါပေမဲ့.. သူပြန်လာရင်တော့.. အမှုးတိုက်ခိုင်းဦးမှာ.. အဟတ်.. အဟတ်..။ နောက်မှ.. ပုံတွေ.. ထပ်တင်ပေးမယ်ဗျာ...ကျတော့်ဦးလေး.. မင်္ဂလာဆောင်ကို.. ဒီဘလော့ကနေပဲ.. ဂုဏ်ပြုနိုင်တယ်ဗျာ... အဲ့တခုတော့ နဲနဲဝမ်းနည်းမိပါလေရဲ့...။

4 ဝေဖန်ချက်များ ။ ။:

တောင်ပေါ်သား said...

အော် ခီလောက် ခီလောက် မြင်ယောင်နေသေးတယ်း) ကလေးတွဲလောင်းနဲ့ အဟီးဟီးးး အရက်ပုလင်းက တဖက် ကလေးက တဖက်နဲ့း)

ခီလောက်ရေ ဇနီးချောလေး အမငုဝါလှိုင်နဲ့ ရာသက်ပန် ချစ်ခင်စွာ သားသမီးပေါင်းများစွာနဲ့ ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေ။

ငပျင်းရေ အားကျမနေနဲ့ နင်လဲ လိုအပ်နေပြီ အဟေးဟေးးး


လေးစားလျက်
တောင်ပေါ်သား

desertraindrops said...

အဟမ်း အဟမ်း..အင်းလေ..လူပျိုဘ၀စွန့်လွှတ်သွားပြီ ဆိုတော့လဲ ဆုမွန်ကောင်း တောင်းပေးရပေမပေါ့။ :))

ဒီလင်မယား အိုအောင်မင်းအောင် တသက်လုံးသစ္စာရှိရှိ ပျော်ပျော်ရွှင်ရွှင် ပေါင်းနိုင်ပါစေ။ အမြဲ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ကြပါစေ။ တူလေး တူမလေးတွေ အများကြီး မွေးပေးရမယ်နော်။

အကျွေးအမွေးကိုတော့ တိုးရင်းပေါင်းပြီး ဆပ်ဖို့ ပြင်ထားပေတော့။


တူမောင်ခီခန့်ရေ..အမှီလိုက်ပေတော့ ။ အားပေးတယ်။

Ree Noe Mann said...

ဘလောဂ့်ဂါ တစ်ယောက်တော့ ပွဲဦးထွက်ဈေးပေါက်သွားပြီနော်။

နောက်ထပ် လူတွေကျန်သေးတယ်။

ညီလေး အိုက်ခီရေ ပျော်ရွှင်တဲ့ ဘဝလေးကို

ပိုင်ဆိုင်နိုင်ပါစေလို့ ဒီနေရာကနေပဲ ဆုတောင်းပေးလိုက်ပါတယ်။

ခင်တဲ့ ကိုရီနို

မိုးခါး said...

ပွဲဦးထွက် ဈေးဦးဖောက်သွားပါလား ..း))
တခါမှ ဆုမတောင်းပေးဘူးတော့ ဘယ်လိုတောင်းပေးရမှန်း မသိဘူး .. :D
တသက်လုံး ချစ်ခင်ကြင်နာစွာနဲ့ အိုအောင်မင်းအောင် ပေါင်းရပါစေ ..း))
အရက်ပုလင်းတဖက် ကလေးတဖက်တော့ မလုပ်ပါနဲ့ဟယ် .. :P
ဘ၀တလျှောက်လုံး အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ပါစေ ..
(ဆုမတောင်းတတ် တောင်းတတ်တောင်းပေးထားတာပါ .. :D)

 
လူပျင်းလေး | TNB