Subscribe News Feed Subscribe Comments

ဂှပ့်တွခေ်;ပီမ်ု,တံး

နှစ်သစ်ကိုကြိုဆိုပါတယ်... အင်တာနက်လောကမှာ.. ရှိတဲ့ရှမ်းတိုင်းရင်သားတွေ... စုစည်းပြီး.. ပျော်ရွင်စွာ.. နှစ်သစ်ကို ၀မ်းမြောက်ဝမ်းသာ... ကြိုဆိုကြတာ.. တွေ့ရတော့.. ၀မ်းမြောက်မိတယ်ဗျာ...။ရှမ်းသမိုင်းဘလော့က.. တင်လာတဲ့.. နှစ်သစ် အတွက်ပိုစ့်လေးပါ....။

ရှမ်းနှစ်သစ်ကူးပွဲတော်



နှစ်သစ်ကူးပွဲတော်ဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိချင်းပင်ဖြစ်သည်။ နတ်တော်လတွင် ရှမ်းလူမျိုးတို့၏ နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိုးများသည် သီးခြားပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွှန်းလျက်ရှိသည်။

ရှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် ရှမ်းလူမျိုးများသည် "မူအန်မောဝ်" တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာတင်သောနှစ်လဲဖြစ်သည်။ သောဏမထေရ်သည် ရှမ်းဒေသသို့ သာသနာပြုကြွရောက်တော်မူခဲပြီး မဇ္ဈန္တိကမထေရ်က တရုတ်ပြည်တွင် သာသနာပြုကြွတော်မူသည်။ မိန်းဆည်ဘုရင်၏ သားတော်အိမ်ရှေ့မင်းသား ခွန်ဟောင်သည် နောက်ပါတပည့်လေးဦးနှင့်အတူ အနောက်နိုင်ငံ (အိန္ဒိယ) သို့ ပိဋကတ်တော်များကို ရေကူးပြီး သယ်ဆောင်၍ နေပြည်တော်သို့ ပြန်ရောက်လာလေသည်။ ထိုအချိန်သည် ရှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော်အချိန် ကျရောက်နေသဖြင့် အထက်ပါ အကြောင်းကြောင်းတို့ကြောင့် သာသနာတော်နှစ် ၄၅၀ သည်ရှမ်းတို့၏ ထူးခြားသော နှစ်မြတ်ဖြစ်သဖြင့် ထိုနှစ်မှစ၍ ရှမ်းနှစ်သစ်ကို စတင်ရေတွက်ခဲကြသည်။ ထို့ကြောင့် ရှမ်းနှစ်သည် ရှေးကာလမှစ၍ ယနေ့တိုင် ရှမ်းလူမျိုးများ အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက်ဆင်နွဲကျင်းပလာခဲကြသည်။

ထိုနှစ်ကူးပွဲတော်တွင်-
၁။ နှစ်သစ်ကူးအစားအစာပေပို့လှူဒါန်းခြင်း
၂။ နှစ်သစ်ကူးကို စောင့်ခြင်း
၃။ နှစ်သစ်ကို ကြိုဆိုခြင်း
၎။ နှစ်သစ်ဝမ်းမြောက်ခြင်း
၅။ နှစ်သစ်မင်္ဂလာပြုခြင်း
၆။ နှစ်သစ်စီမံခြင်း
၇။ နှစ်သစ်စာ သုံးဆောင်ခြင်း
၈။ နှစ်သစ်လက်ဆောင်ပေးပို့ခြင်း
၉။ နှစ်သစ်အားကစားပွဲကျင်းပခြင်းများကို ပြုလုပ်ဆင်နွဲကြလေသည်။

ယခုအခါတွင် ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော်သည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် မူဆယ်မြို့တို့တွင် အစည်ကားဆုံးဖြစ်သည်။ ယင်းရှမ်းနှစ်သစ်ကူးပွဲတော်တွင် ရှမ်းပြည်နယ်ရှိ မြို့ရွာများမှ ယဉ်ကျေးမှု အဖွဲများသည်။ ပွဲတော်ကျင်းပရာ နေရာသို့ လာရောက်ဖျော်ဖြေကြလေသည်။ ဖျော်ဖြေမှုများတွင် အဆို အတီး များအပြင် ရှမ်းရိုးရာ ပြဇာတ်များကိုလည်း ထည့်သွင်းကပြကြလေသည်။ ထို့အပြင် ရှမ်းရိုးရာ အစားအသောက်ဆိုင်များ ရှမ်းရိုးရာ အသုံးအဆောင် အဝတ်အထည်များ ရောင်းချသော ဆိုင်များကိုလည်း ဖွင့်လှစ်ထားလေသည်။(ရှမ်းသမိုင်းဘလော့မှ...)

နောက်ပြီး.. တောင်ကြီးမြို့ပေါ်မှာကလည်း.. ကထိန်လှည့်ပါတယ်... တောင်ကြီးကိုတောင်.. ပြန်လွမ်းလိုက်တာဗျာ..။


ပုံများကို... ဆက်ကြည့်ချင်ရင်...















ဒါကတော့... စင်ကာဗူ မှာ.. ပြုလုပ်တဲ့.. ရှမ်းနှစ်သစ်ကူးပွဲတော်လေးပါ...
ပီစိုင်းမွန်း.. က ဂီတာအရှည်ကြီးနဲ့တယောက်ပေါ့.
ပုံများကို ဆက်ကြည့်ချင်ရင်...












နောက်မှ.. ထပ်ရှာလို့ရသမျှတွေ.. တင်တော့မယ်ဗျာ.. ခုတော့.. အလုပ်ကိုပြေးလိုက်တော့မယ်.. မနက်ဖြန်မှ မလေးက ရှမ်းနှစ်သစ်ပွဲကို သွားမလို့ဗျ...။ ပုံတွေရရင် တင်လိုက်မယ်ဗျာ...။

1 ဝေဖန်ချက်များ ။ ။:

စိုင်းစိုင်းလားရှိုး said...

မိုင်ဆွန်ခ ဟိုက်ယူလီ မီးငင်းဆေကမ်းခ..
ရှမ်းနှစ် 2104 မှသည် နှောင်နှစ်ပေါင်းများစွာတိုင်ပါစေ။

 
လူပျင်းလေး | TNB