
ဒီနေ့ ဘာနေ့လဲ..?
သူ့မွေးနေ့ကို တချို့လူတွေဆို မေ့နေလောက်ပါပြီ သူသိရင် ဘယ်လိုနေမလဲမသိပါဘူး ။ သူမွေးပေးခဲ့တဲ့ မြန်မာပြည်ကို သူကောင်းကင်ဘုံ ကနေကြည့်ရူစောင့်ရှောက်နေမှာပါ ။ သူကြောင့်ကျတော်တို့ တိုင်းရင်းသားတွေ တစုတစည်းဖြစ်ခဲ့ရတယ် ။ ကျတော်တို့မြန်မာ နိုင်ငံက ကမ္ဘာမြေပုံပေါ်ကိုရောက်ခဲ့ ၇တယ် ။
ကျတော်တို့တိုင်းပြည် ကိုကျွန်ဘ၀ကလွတ်အောင် ကြိုးစားပေးခဲ့တယ် ။ သူကဟာကိုယ်ကြိုးမကြည့်ပဲနဲ့ တိုင်းပြည်ရဲ့ အကြိုး ပြည်သူတွေရဲ့အကြိုးကိုသာဆောင်ရွက်ပေးခဲ့ပါတယ် ။ သို့ပေမဲ့ အခု လူငယ်တွေ နဲ့ အချို့လူတွေဟာ သူ့ကိုမေ့နေလောက်ပါပြီ ။ ကျတော်တို့ ငယ်ငယ်တုန်းကဆို နိုင်ငံတော်အလံရဲ့ရှေ့မှာ “ ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြု ” ဆိုပြီးအရှေ့ကနေတိုင်ပေးလိုက်တဲ့ အသံဟာ ကျတော်ဆို အထက်တန်းရောက်တဲ့ အခါမှာ “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာမှပါတော့ပါဘူး ။ “ကျဆုံးသောအာဇာနည်ခေါင်းဆောင်များအား အလေးပြု” လိုပဲ ပါတော့တယ် ။ အခုခေတ် စာစောင် မဂ္ဂဇင်း သတင်းစာတွေမှာလဲ ဗိုလ်ချုပ်မွေးနေ့ထက် ချစ်သူများနေ့ဆိုတာ ကိုပိုမိုပြီး အကျယ်တ၀င့်ရေးသား ထားပါတော့တယ် ။ ဒါဟာ ကျတော်တို့ဖခင် ကြီးကိုမေ့အောင် လုပ်ဆောင်ကြတာလား....? ခင်ဗျားတို့ကော သူကိုသတိနေသေးလား...? ကျတော်တို့ရဲ့ဖခင် ရဲ့ ကျေးဇူးကိုမတုံပြန်နိုင်ပေမဲ့ အသိအမှတ်ပြုပေးရအောင် ကျတော်တို့ တိုင်းရင်းသားတွေ သူတည်ထောင်ခဲ့တဲ့ မြန်မာပြည်မှာ စည်းစည်းလုံးလုံးနေကြရအောင် ကျတော်တို့မြန်မာပြည်ကို တိုးတက်အောင် တဖက်တလမ်းကနေလုပ်ဆောင်ပေးကြရအောင် ။
ငပျင်းရဲ့  အပျင်းတချို့ 
အေးကွာ မင်းတို့ ပြောလို့ ငါလဲပျင်းပျင်းနဲ့  အပြောင်းအလဲ လေးဖြစ်အောင် အသစ်လေးတခုလောက် ဆိုင်းမဆင်းဗုံမဆင့် ကောက်ရေးလိုက်တယ် .....အမှန်တော့ ငါလဲ မရေးတတ်ဘူး ၀ါသနာကလဲ မပါလေတော့ သိတယ်မလား တကယ်တော့ ငပျင်းလေ ပျင်းလို့ ကို ဘာမှမတတ်တာ ..... လုံးဝမတတ်တာမဟုတ်ဘူးနော် တတ်တာလေးတွေလဲရှိပါ့. ပျင်းတာကြီးကြောင့် တတ်တာတွေလဲ ပျင်းကုန်တာနေမှာ ဘာမှကျန်မနေဘူး..ဘယ်လောက်ပျင်းလဲဆို မှတ်မှတ်ရရ လေးတခုရှိတယ် ..၁၀တန်းတုန်းကလေ ငါကအဟဲကြွားတာဟုတ်ဘူးနော် slection ခန်းမှာနေရတာ ..တော်လို့ တော့မဟုတ်ပါဘူး မွေးရာပါ ဥာဏ်လေးကောင်းနေသေးလို့ ပါ....ထားလိုက်ပါ ဒီလိုနဲ့  စာမေးပွဲကြီးလည်း ဖြေရော အိုခေ ၀ိဇ္ဖာတွဲနေ့ ပေါ့ ကြည့်လေ ဖြေလိုက်ရတာ ပထ၀ီ သမိုင်း အီကို စာတွေက နဲတာမကဘူး တပုဒ်တပုဒ် ငါက သမိုင်းနောက်ဆုံးမှဖြေတာလေ(သိတယ်မလား ဟုတ်သည်ရှိမဟုတ်သည်ရှိ စစ်တွေကလည်းတိုက်ရ နယ်တွေကလည်းလုရ မှတ်လိုက်ရတဲ့ နှစ်တွေ မွေးနေ့ သေနေ့ တွေလဲမှားလို့ ပေါ့...) ရှည်လို့  ...နောက်ဆုံးတပုဒ်လဲရောက်ရော ရေးရတာ ပျင်းလာလို့  စာတော့ရသား သိတယ်မလား တတ်တဲ့  ဗီဇကမနေသာဘူး ထဖောက်လာရော စာကတော့စဉ်းစားနေစရာမလို ပါဘူးအဟဲ တွေးကြည့်လိုက်တယ်လေ အိုးအိုး အများကြီးပဲပေါ့ ဒါနဲ့ ပဲ တော်ပါပီ ဒီတပုဒ်လေးနဲ့ တော့ မထိလောက်ပါဘူးပေါ့ ထားခဲ့ ပါလေရော အမှန်တော့ အဲဒီတပုဒ်က အမှတ်အများဆုံးရမဲ့ တပုဒ်လေ.........အဟဲနောက်ဆုံး အောင်စရင်းလဲကျရော ၇၃မှတ်တဲ့  ကဲ မပလာ ပျင်းချင်အုံး ဆိုင်ချင်မှဆိုင်မှာပါ ပျင်းကြောင်းနဲနဲ ပြောပြတာ.......
ကျတော် နဲ့ သူမ..။
သူမ နဲ့ ကျတော်စတင်တွေ့ဆုံ တဲ့နေကတော့ ဘာမှသိပ်မထူးဆန်းပါဘူး ပုံမှန်နေ့လေးတရက် ပါပဲ ။
သူမ နဲ့တွေ့ဆုံပုံကလဲ မထူးဆန်းပါဘူး ကျတော့်ရဲ့ သူငယ်ချင်းတယောက်က သူမ ကိုတွေ့ အောင်စပေးလိုက်တာပါပဲ သူကတော့ အဲဒီနေ့က သူမရဲ့ မျက်ဝန်းလှလှလေးကို စတင်ပြီး သတိထားမိတာပေါ့ ။
သူမတော့မသိဘူးလေ ကျတော်ကိုလဲသူမက သတိထားမယ်ထင်ပါရဲ့ ။ နောက်နေ့က စပြီး သူမ နဲ့ကျတော်
အကြည့်လေးတွေဆုံဖြစ်တယ် ကျတော်ဘက်က သတိထားမိတာပဲလေ ။ သူမကတော့ကျတော့်ကို သတိထားမိမလားမသိပါဘူး ။ သေချာတာကတော့ သူမမျက်ဝန်းလေးတွေကချစ်ဖို့ကောင်းတာပါပဲ ။ သူမရဲ့မျက်ဝန်းလေးက ၀ိုင်းစက်ပြီး အပြစ်ကင်းမဲ့နေသလိုပါပဲ ဒီမျက်ဝန်းလေးကိုပဲ ကျတော်ကျရှံး ခဲ့ပါတယ် ။ သူမနဲ့ကျတော် အကြည့်ချင်းဆုံတာကို သူငယ်ချင်းကသတိထားမိတာပေါ့ ကျတော့်သူငယ်ချင်းကလဲ သူမကိုစတင်သတိထားမိပါတယ် နောက်တော့ သူမကိုလက်လွတ်ရှံးဆုံးမှာဆိုးလို့ ကျတော် ဘက်ကစပြီး သူမကိုစတင် ဖွင့်ပြောပါတယ် ။ မလွယ် ပါဘူးတော်တော် ချစ်ကြောင်းပြလိုက်ရပါသေးတယ် ။ ၁နှစ်ဆိုတဲ့ အချိန်နဲ့ ကျတော် သက်သေပြလိုက်ပါတယ် သူမသိပ်မယုံချင်သေးပါဘူး သူမဆီကလဲအဖြေပြန်မရခဲ့ပါ ဘူး အောင်သွယ်တော် သူငယ်ချင်းပေါ့ သူလဲသူမကို ကြွေနေလို့ပါပဲ ။ အောင်သွယ်တော်က ကျတော့်အတွက် စာကိုဖျောက်ပစ်လိုက်ပါတယ် ။ ကျတော်ကတော့ သူ့ကိုအပစ်မပြောလိုပါဘူး သူကူညီခဲ့တာတွေလဲရှိတာပဲလေ ဒီလိုနဲ့ ၁နှစ်ကုန်ဆုံးသွားပါတယ် ။ ကျတော့်အတွက်တော့အမှတ်တ၇တွေအများကြီးပေါ့ ။ အထက်တန်းရဲ့ အရေးမကြီးတဲ့အတန်း ဖြစ်လို့စာသင်ချိန်ကိုတော့မထိခိုက်ခဲ့ပါ ဘူး။ ဒီလိုနဲ့ နွေရာသီကြီးရဲ့ အချိန်ကာလတခု
ဝေးကွာခဲ့ရပါတယ် ။ ပျင်းရိစရာကောင်းတဲ့ သင်္ကြန်ကိုကျော်ပြီး ကျတော်လဲ အဆောင်ဝင်ရပါတော့တယ်.. ၁၀တန်းဆိုတော့ မိဘတွေကဖိအားပေးတော့တာပေါ့ ။ ဒီလောက်ဖိအားပေးတာတောင် ကျတော်အောင်ယုံလေးပဲအောင်ပါတယ် မဟုတ်ရင် ၁၀တန်းကို ဒုတိယနှစ် တတိယနှစ်တွေနဲ့ဆက်တက်နိုင်တယ်.. ဟဲဟဲ .။ ဒီလိုနဲ့ဆရာမဒေါ်နွဲ့နွဲ့အေးအဆောင်ကို ကျတော်ပြန်လာခဲ့တယ် စိတ်ထဲမှာတော့မနေချင်ဘူုးပေါ့ဗျာ..။ ဟဲဟဲ..မနေချင်လို့ဆန္ဒပြလိုက်သေးတယ် ။ ထင်ထားသလိုမဖြစ်ပါဘူး.. ။ အလကား လူဆိုးလူမိုက်လို့ပဲအဖတ်တင်တယ်.. ဟဲဟဲ.. ။ ကျောင်းမတက်ခင်မှာမိဘ မျက်ရည်ကျအောင်လုပ်မိတယ်ပေါ့.. ။ ဒါကြောင့်လဲ၁၀တန်းကိုကံလေးသီပြီးအောင်ခဲ့တာ..။ ဟဲဟဲ.. ဒီနေ့တော့ဒီလောက်လေးပဲရေးတော့မယ် နောက်မှဆက်ရေးတော့မယ် ကျတော်သူ့ကိုချစ်နေသ၍ သူ့အကြောင်းလေးတွေ ကို သတိရတိုင်းရေးနေမှာပါ. ကျတော့်ရင်ဖွင့်ဖို့ နေရာကဒီနေရာပဲရှိတယ်လေ..။



