ဒီနေ့မှ နပိုက်ငုဝါနဲ့အွန်လိုင်းမှာ.. တွေ့တယ်.. သူက ပုံတွေ.. ပို့ပေးလာလေရဲ့ ကြည့်လိုက်ကြပါဦးနော့...
ဒါကတော့.. မနက်အိမ်မှာ.. ဆွမ်းကပ်နေတဲ့ပုံပေါ့..။
ရှမ်းဝတ်စုံနဲ့အိုက်နတို့ လင်မယားတော့လေ....
နှစ်ဘက်မိဘပေါ့.. အိုက်န ဘေးက နိုင်းဝို(အဖွား)ပေါ့..
အံမယ်.. နှစ်ကိုယ်ယှဉ်လို့... လက်အုပ်လေးတွေ.. ချီလို့.. အားတောင်ကျတယ်.. ဟိဟိ...။
ဧည့်ခံပွဲမှာပေါ့...
ကြည့်လိုက်ပါဦး.. နှစ်ယောက်စလုံး.. ပြုံးနေလိုက်ကြတာ...အဟဲ.... ဒါဒို့အမျိုးတွေပေါ့......
အုပ်စုထောင့်တယ်.. ဟဲ.. ဟဲ...
ဒါတောင် အကုန်မပါသေးဘူး...
ဒါလည်း အမျိုးပဲ....
ဗမာပြည်ဘက်က အမျိုး
ဒါက နပိုက်ငုဝါရဲ့ ညီတွေ ညီမလေးတွေပေါ့
ဟဲဟဲ.. ကြည့်လေ.အုပ်စုက အဲ့လိုကွာတာ... :P
နှစ်ဘက်မိဘတွေပေါ့...
နိုင်းဝိုလေ... သူ့သားဘေးမှ.. မိတ်ကပ်တွေ..
နဲ့.. ငါ့အဖွားက ခုတော့.. အလှတွေဘာတွေ.. ပြင်လို့...
အဟဲ.. ကျတော်တို့အမျိုးက ချောပြီးသားတွေဆိုတော့လေ...
အိုက်နရဲ့ ယောက်ခမတွေပေါ့...
သားမက်နဲ့သမီးကို.. အတော်ချစ်ကြတာ..။
အဟဲ.. ဒါကတော့.. အနော်တို့မိသားစုပေါ့...
အဲ.. အဲ.. အနော်မပါဖူးဆိုတော့... မိသားစုလို့ပြောလို့မရဖူးနော့.. တယောက်လိုမိသားစုပေါ့... အဟဲ.. အနော့ညီမလေးကချောတယ်နော...
အဟီး.. အနော့်အတိုင်းပဲ.. :P
ဒါကတော့... အီန နဲ့ နခွေပေါ့..
ကြည့်... ကြည့်.. ရှိုးပေးနေတာ..
မသိရင်.. ကလေးမရသေးတဲ့ရုပ်...
ဟိဟိ.. ကလေးကို ခေါ်မရိုက်ဖူး...
ဒါကတော့.. ဘုရားဖြူက အဖွားပေါ့...
ကျတော်ငယ်ငယ်ကတည်း ကျတော့်ကို ထိန်းလာတာ.. မှတ်မိသေးတယ်.. ညည သူတို့အိပ်ယာမှာ.. သေးပေါက်ချတုန်းက...
ဟိဟိ... တယောက်တလှည့်ထပြီး.. ကျတော့်ကို သေးဝတ်လဲပေးတာ...
ကျတော့်ကိုအတော်ချစ်တာ.. သိလား..
ကျတော်စားချင်တဲ့ ဟင်းတွေဆိုရင်... ချက်ချင်းချက်ကျွေးတယ်...။
ရှိုးပေးနေတာ.. သိလား.. ဒီစုံတွဲနှယ်....
ကြည့်.. ကြည့်.. ရုပ်ကိုက.....
ဒီကိုလာရင်.. ဘယ်လိုနေမယ်မသိ...
“အပြာရောင် ချစ်ည.. မင်းလှမ်းကြည့်လိုက်စမ်း... ”... ဟိဟိ... မျိုးကြီးသီချင်းလေး.. ကိုတောင်သတိရတယ်.. ဟိဟိ...။
နောက်တပုဒ်မှာက ဘာတဲ့.... “ကြယ်စင်အားလုံးတဲ့...
လင်းလက်တဲ့ အချစ်များ... အပြာရောင်အချစ်ညကမ္ဘာမှာ..”
ဆိုတာလားပဲ... ဟိဟိ... ကြည့်... ကြည့်.. အိုက်နပုံကိုသေချာကြည့်..
ပြုံးဖီးနေတာပဲ... ။
အိုက်န နဲ့ နပိုက်ငုဝါ တို့ မင်္ဂလာဆောင်ပုံ...။
ရေးသားသူ ။ ။
ခီခန့် (ငပျင်း)
မင်္ဂလာပွဲပြီးဆုံးခြင်း...။
ရေးသားသူ ။ ။
ခီခန့် (ငပျင်း)
ဒီနေ့ ဒီရက်က စပြီးကျတော့်ဦးလေး အိုက်ခီလောက် တယောက်တော့ တရားဝင် အိမ်ထောင်သည်ဘ၀ ကိုပြောင်းသွားပြီပေါ့..။ နပိုက် အသစ်စက်စက်လေး တယောက်ရလိုက်တယ်ပေါ့..။ အင်းဗျာ.. ဂုဏ်ပြုပါတယ်.. အိုက်နရေ..... သာယာတဲ့ မိသားစု ကိုပိုင်ဆိုင်နိုင်ပါစေ..။ သာယာတဲ့ အိမ်ထောင်သည်ဘ၀ ကိုပိုင်ဆိုင်နိုင်ပါစေ...။ နပိုက်ငုဝါ နဲ့.. သားတွေ သမီးတွေ... အများကြီးမွေးရမယ်နော့..။ အဟဲ.. ကလေးထိန်းတော့.. မကြောက်နဲ့.. အနော်ထိန်းလိုက်မယ်... အင့်အင်းပါလို့ နပိုက်ငုဝါမရှိရင်တော့.. အိုက်န ရှင်းလိုက်ပေါ့နော့..။ “မားလဲ.. မားလဲ ပေါ့ဝါး” ဆိုပြီးတော့လေ...။ အဲအဲ... “မားလဲ.. မားလဲ.. မားဟာ ပေါ့ခီလောက်လဲ” လို့တော့ မပြောနဲ့နော်... နပိုက်ငုဝါက ဆွဲထည့်ပလိုက်မယ်..။
အင်းဗျာ.. တခုခု တော့.. ရင်ထဲဟာသွားသလိုဖြစ်သား.. အရင်လို.. သူနားအိပ်လို့မရတော့ဘူးလေ...။ အရင်လို.. တူတူ ကစ်လို့မရတော့ဘူးလေ.. ။ အရင်တုန်းကဆို.. အိုက်န တဖလား.. အိုက်စိုင်းတခွက် ဆိုပြီး.. တက်ညီလက်ညီ.. ကစ်ခဲ့တာ..။ ခုတော့.. နပိုက်က ပေးကစ်တော့မယ် မထင်ဘူး.. နောက်ပြီး... သူ့ကို ဖက်အိပ်လို့ရနိုင်တော့မယ်မထင်... နပိုက်ငုဝါက... သ၀န်တိုတတ်တယ်ဆိုလားပဲ....။
အင်းဗျာ... ဘာပဲဖြစ်ဖြစ်.. နပိုက်တယောက်ရလိုက်တာတော့ပျော်ပါတယ်..။ နပိုက်ငုဝါနဲ့က လည်း.. အွန်လိုင်းမှာ.. ခင်မင်ခဲ့ပါတယ်.. စလိုက် နောက်လိုက်နဲ့ပဲ.. တခါက ကျတော်အစ လွန်သွားတာ.. နပိုက်ငုဝါက တကယ်ထင်ပြီး... ငိုပါလေရော...။ အမေလေးလေး.... အီနက ဖုန်းဆက်ဦးဆိုလို့.. ဆက်ကြည့်လိုက်ပါတယ်... ကျတော်စလိုက်တာကို.. နပိုက်ငုဝါက တကယ်ထင်ပြီး.. ငိုကြီးချက်မ ဖြစ်နေတယ်ဆိုပဲ.. ။ နောက်နေ့.. ဂျီတော့မှာ.... မနဲကို ပြန်ချော့လိုက်ရတယ်...။ အဲ့လို.. အဲ့လို.. နပိုက်ငုဝါက အိုက်နခီလောက် ကိုအဲ့လိုမျိုးချစ်တာ.. အဟဲ...။
နားလည်း နားလည်ပေးတယ်... ဟို.. နားလည်ပေးဆိုတာ.. ပုလင်းမြင်ရင်... အမြည်းပြင်ပေးတာမျိုးကို ပြောတာမဟုတ်ဘူးနော်.. အပေါင်းအသင်းနဲ့ တခါတလေ.. သောက်တာလောက်တော့.. ထားပါတဲ့.. အရက်သမားမဖြစ်ရင်ပြီးရောတဲ့... အင်းလေ.. အိုက်ခီလောက်လို့.. နံမည်ရသွားတာတောင်.. နားလည်ပေးသေးတယ်... ။ အိုက်နကို အတော်ချစ်တာပါ.. ငယ်ငယ်ကတည်းကဆိုပဲ.. အလယ်တန်းကတည်းက ဆိုလားပဲ.. အဲ့လို.. အဲ့လို ခိုင်မြဲတာ.. သူတို့အချစ်က စံပြ ပဲ.. အဟဲ.. ခီခန့်လေးအတွက်ပေါ့..။ စံပြဖြစ်တာ..ူတို့လေ.. အဟဲ.. ။
အဲ.. အဲ... ဒါနဲ့.. ဒီနေ့.. ဂဲဖိုးလှမ်းတောင်းရဦးမယ်... ကျတော်ကတော့.. ၁၂ နာရီတိတိ.. မှာ.. လှမ်းတောင်းမှာ.. ။ မပေးလို့ကတော့ကွာ.. အရစ်ကို ရှည်ပလိုက်မှာ.. အဟဲ...။ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေလဲ.. ဂဲဖိုးလှမ်းတောင်းဖို့မနေ့နဲ့ဦးနော်.. :P
အင်းဗျာ.. တခုခု တော့.. ရင်ထဲဟာသွားသလိုဖြစ်သား.. အရင်လို.. သူနားအိပ်လို့မရတော့ဘူးလေ...။ အရင်လို.. တူတူ ကစ်လို့မရတော့ဘူးလေ.. ။ အရင်တုန်းကဆို.. အိုက်န တဖလား.. အိုက်စိုင်းတခွက် ဆိုပြီး.. တက်ညီလက်ညီ.. ကစ်ခဲ့တာ..။ ခုတော့.. နပိုက်က ပေးကစ်တော့မယ် မထင်ဘူး.. နောက်ပြီး... သူ့ကို ဖက်အိပ်လို့ရနိုင်တော့မယ်မထင်... နပိုက်ငုဝါက... သ၀န်တိုတတ်တယ်ဆိုလားပဲ....။
အင်းဗျာ... ဘာပဲဖြစ်ဖြစ်.. နပိုက်တယောက်ရလိုက်တာတော့ပျော်ပါတယ်..။ နပိုက်ငုဝါနဲ့က လည်း.. အွန်လိုင်းမှာ.. ခင်မင်ခဲ့ပါတယ်.. စလိုက် နောက်လိုက်နဲ့ပဲ.. တခါက ကျတော်အစ လွန်သွားတာ.. နပိုက်ငုဝါက တကယ်ထင်ပြီး... ငိုပါလေရော...။ အမေလေးလေး.... အီနက ဖုန်းဆက်ဦးဆိုလို့.. ဆက်ကြည့်လိုက်ပါတယ်... ကျတော်စလိုက်တာကို.. နပိုက်ငုဝါက တကယ်ထင်ပြီး.. ငိုကြီးချက်မ ဖြစ်နေတယ်ဆိုပဲ.. ။ နောက်နေ့.. ဂျီတော့မှာ.... မနဲကို ပြန်ချော့လိုက်ရတယ်...။ အဲ့လို.. အဲ့လို.. နပိုက်ငုဝါက အိုက်နခီလောက် ကိုအဲ့လိုမျိုးချစ်တာ.. အဟဲ...။
နားလည်း နားလည်ပေးတယ်... ဟို.. နားလည်ပေးဆိုတာ.. ပုလင်းမြင်ရင်... အမြည်းပြင်ပေးတာမျိုးကို ပြောတာမဟုတ်ဘူးနော်.. အပေါင်းအသင်းနဲ့ တခါတလေ.. သောက်တာလောက်တော့.. ထားပါတဲ့.. အရက်သမားမဖြစ်ရင်ပြီးရောတဲ့... အင်းလေ.. အိုက်ခီလောက်လို့.. နံမည်ရသွားတာတောင်.. နားလည်ပေးသေးတယ်... ။ အိုက်နကို အတော်ချစ်တာပါ.. ငယ်ငယ်ကတည်းကဆိုပဲ.. အလယ်တန်းကတည်းက ဆိုလားပဲ.. အဲ့လို.. အဲ့လို ခိုင်မြဲတာ.. သူတို့အချစ်က စံပြ ပဲ.. အဟဲ.. ခီခန့်လေးအတွက်ပေါ့..။ စံပြဖြစ်တာ..ူတို့လေ.. အဟဲ.. ။
အဲ.. အဲ... ဒါနဲ့.. ဒီနေ့.. ဂဲဖိုးလှမ်းတောင်းရဦးမယ်... ကျတော်ကတော့.. ၁၂ နာရီတိတိ.. မှာ.. လှမ်းတောင်းမှာ.. ။ မပေးလို့ကတော့ကွာ.. အရစ်ကို ရှည်ပလိုက်မှာ.. အဟဲ...။ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေလဲ.. ဂဲဖိုးလှမ်းတောင်းဖို့မနေ့နဲ့ဦးနော်.. :P
အိုက်ခီလောက် မင်္ဂလာဆောင် ဖိတ်စာ...။
ရေးသားသူ ။ ။
ခီခန့် (ငပျင်း)
လူအိုကြီး(အသက်ကြီးနေလို့)အိုက်ခီလောက် တယောက်တော့.. ၁၃၇၁ခု ၊ တန်ဆောင်မုန်းလဆန်း(၈)ရက် ၊ (၂၅.၁၁.၂၀၀၉) တနင်္ဂနွေနေ့ ၊ နေ့လည် (၁၂) နာရီမှ ညနေ (၃) နာရီ မှစ၍ လူပျိုဘ၀ကိုစွန့်ပြီး.. တရားဝင်လူအိုဘ၀(သို့) အိမ်ထောင်သည်ဘ၀ ကိုပြောင်းတော့မှာပါ..။ အဟဲ.... နာသကွာ... နာလိုက်မပြန်ရတာ... ကြည့်နေ.. အချိန်ကောင်းမှာ... ဂဲ(အုတ်ဂဲ)ဖိုးလှမ်းတောင်းဦးမယ်..။
ကဲ့.. ကဲ့.. ကျနော် ခီခန့်တယောက် လေဖောနေတာနဲ့... ဖိတ်စာတင်ဖို့မေ့နေဦးမယ်...။
ကြည့်လိုက်ပေဦးဗျာ.. ကျတော့် နပိုက်(ဒေါ်လေး) အသစ်စက်စက်လေးပေါ့...
ကြည့်လိုက်ပေဦးဗျာ.. ကျတော့် နပိုက်(ဒေါ်လေး) အသစ်စက်စက်လေးပေါ့...


အနော်မပြန်ရပေမဲ့လည်းဝမ်းမနည်းပါဖူးဗျာ...။ ယောက်ကျားပဲ.. ရင်ထဲကဆန္ဒကို အသိဉာဏ်နဲ့ သုံးသပ်တတ်ပါတယ်.. ။အဟဲ.. ဒါပေမဲ့.. သူပြန်လာရင်တော့.. အမှုးတိုက်ခိုင်းဦးမှာ.. အဟတ်.. အဟတ်..။ နောက်မှ.. ပုံတွေ.. ထပ်တင်ပေးမယ်ဗျာ...ကျတော့်ဦးလေး.. မင်္ဂလာဆောင်ကို.. ဒီဘလော့ကနေပဲ.. ဂုဏ်ပြုနိုင်တယ်ဗျာ... အဲ့တခုတော့ နဲနဲဝမ်းနည်းမိပါလေရဲ့...။
အမေ့ ကိုလွမ်းတယ်...။
ရေးသားသူ ။ ။
ခီခန့် (ငပျင်း)

ဒီနေ့ အမေနဲ့ ဖုန်းပြောရတယ်ဗျာ....။ အရင်နေ့ကလည်း ပြောရပါတယ်... ဒီနေ့ ဘာလို့ အိပ်လို့မရတာလဲ.. မသိဘူးဗျာ...။
အမေလေ နဲနဲ အိုလာပြီ... ။ အမေက နင့်အဖေလဲ အိုနေပြီ ဆိုပြီး... ပြောပြီး.. ရီ(ရယ်)နေတာ.. အမေ့ရီ(ရယ်) သံလေး ကြားရတာ.. စိတ်အရမ်းချမ်းသာတယ်...။
အမေရယ်... အားအရင်က ဆိုးခဲ့တာကို ဗွေမယူခဲ့ဘူးနော်...။ နောက်ပိုင်းသား ဆင်ခြင်ပါ့မယ်..။
သားတခုပြောချင်တယ်... သားအမေ့ကို ချစ်တယ်!!!!!!!!!
မိုင်းကိုင်မြို့လေးရဲ့ ကြေကွဲဖွယ် မှတ်တမ်း တစ်ပုဒ် (သို့မဟုတ်) ခွန်ဆမ်လော နဲ့ နန်းဦးပြင်
ရေးသားသူ ။ ။
ခီခန့် (ငပျင်း)
မိုင်းကိုင် - တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်.... မိုင်တရာကျော်ဝေးပါတယ်...။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်းသွားမယ်ဆိုရင်တော့....တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ.. ပင်လုံ > လဲချား> မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့...။
ခွန်ဆမ်လောကို... ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့ နန်းဦးပျဉ်း နဲ့တိတ်တဆိတ်သဘောတူထားတာပါ...။ ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့ လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့ သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ... လက်ထပ်ပြီး.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာသတဲ့..။ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကိုပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ် ဆိုပြီးတော့ နန်းဦးပြင်ကို မနှစ်သက်၊ မကြည်ဖြူ ပါဘူး.. ။ ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေဟာ နန်းဦးပြင်လေး အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က ဆင်းသွားအောင်.. ခွန်ဆမ်လော.. အိမ်မှာမရှိတဲ့ အခိုက်... နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ၊ ကောက်ညင်းဆန်ကို.. အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ...စသဖြင့် နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေးကို အမျိုးမျိုးနှိပ်စက်ပါတော့တယ်.. ။ နန်းဦးပြင်လေးကတော့... ခွန်ဆမ်လောကို ချစ်လွန်းတာကြောင့်.. ဘယ်လိုနည်းနဲ့နှိပ်စက် နှိပ်စက် ခင်ပွန်းသည် ခွန်ဆမ်လော စိတ်မကောင်းဖြစ်မှာစိုးလို့.... ဖွင့်မပြောပဲနဲ့.ကြိုတ်မှိတ်ပြီးနေရှာပါတယ်.. .။ သိပ်စိတ်ဆင်းရဲလာတဲ့ အခါမျိုးမှာ ဆို နန်းဦးပြင်လေးဟာ အိပ်ယာထဲမှာ တယောက်ထဲ တိတ်တဆိတ် ခိုး,ခိုးငိုရရှာပါ သတဲ့...။
ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ ရင်သွေးကို လွယ်ဖို့ဖြစ်လာပါတော့တယ်.... ။ နှစ်ယောက်သား ကြည့်နူးနေကြတာပေါ့... ဒါပေမဲ့ ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့ အချိန်မှာတော့.. ခွန်ဆမ်လောက.. ကုန်သွယ်သွားရမဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတော့တယ်..။ ခွန်ဆမ်လောကတော့.... ကလေးမမွေးခင်မှာ.. အချိန်မှီ ပြန်လာခဲ့မယ်လို့.. နန်းဦးပြင်ကို ကတိတွေ ပေးပြီး.. ခရီးထွက်ခဲ့သတဲ့..။ ခွန်ဆမ်လော ခရီးထွက်သွားတာနဲ့တပြိုင်နက် .ခွန်ဆမ်လော အမေက နန်းဦးပြင်လေးကို ထုံးစံ အတိုင်း နှိပ်စက်ပြန်ပါတော့တယ်... ။ ကိုယ်ဝန်နဲ့ အရင့်မာ ဖြစ်နေတဲ့... နန်းဦးပြင်ကို လှေကားက ပြုတ်ကျအောင်ဆိုပြီး.. လှေကားကို ပြုတ်ခံနီးအထိ တမင်ဖြုတ်ထားသတဲ့..။ ဒါကိုမသိတဲ့ နန်းဦးပြင်က လှေကားကနေဆင်းတော့ ပြုတ်ကျတော့တာပေါ့..။ ဒီတစ်ကြိမ်မှာတော့ နန်းဦးပင် ခမျာ... မိန်းခလေး လဲဖြစ်တဲ့ အလျှောက်အားငယ်ပြီး.. သူ့အဖော်နဲ့... သူ့အမေတွေဆီကို ပြန်သွားပါတော့တယ်...။ကိုယ်ဝန်ကလဲ အရင့်အမာနဲ့ဆိုတော့.. လမ်းခရီး.. တ၀က်မှာပဲ..ဗိုက်အရမ်းနာလာပြီး... ကလေးကို ပါလာတဲ့ အဖော်အကူညီနဲ့ပဲ မွေးဖွားခဲ့ပါတော့တယ်... ။ သို့ပေမဲ့ ကံဆိုးချင်တော့.. ကလေးက အသက်မရှင်ခဲ့ပါဘူး..။ဒီတော့ နန်းဦးပြင်က စိတ်နှလုံး ထိခိုက်ကြေကွဲစွာနဲ့ “သြော်.. ကံဆိုးလှတဲ့ သားလေးရယ်... နင့်အဖေမျက်နှာကိုတောင် မြင်ခွင့်မရှိပဲ... လူ့လောက ကနေပြန်လည်ထွက်ခွာသွားရပြီ... နင့်အဖေကိုသွားရှာပါတော့... ” ဆိုပြီး.. ၀ါးနှစ်ပင်ရဲ့ ခွကြားမှာ.. တင်ထားခဲ့လိုက်ပါတယ်..။ အဲဒီ ကလေးဟာ.. သေဆုံးသွားပြီး.. ဥသြ ဌက်လေး ဖြစ်သွားသတဲ့... ဒါကြောင့် သူ့အသံလေးဟာ.. “ပေါ့ဝေ့” (အဖေရေ)လို့ကြားနေရတယ်....။ သူ့အဖေ ခွန်ဆမ်လောကို... အော်ခေါ်ပြီးလိုက်ရှာ... နေတာလို့..ဆိုကြပါတယ်။
ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး... ကျိုင်းတောင်း မြို့ မှာ နေတာဖြစ်ပါတယ်... ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်... ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်> လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်.. ကြားထဲမှာ.. မိုင် ၁၀၀ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။
သူတို့ ချစ်သူ နှစ်ဦးဟာ နမ့်တိန်းချောင်းကလေးအနီးမှာ... ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။ နံဘေးက နမ့်တိန်းချောင်းရေစီးသံ က ဆူညံနေတဲ့အတွက် ချစ်သူ ခွန်ဆမ်လောပြောတဲ့ ချစ်စကား လေးတွေကို.. နန်းဦးပြင်လေးဟာ ကေင်းကောင်း မကြားရဘူးဖြစ်နေပါတယ်။ဒီအခါ နန်းဦးပြင်ဟာ “ နမ့်တိန်းချောင်းရယ်.. ပီဆမ်လောပြောလာမဲ့စကားကို နားထောင်ပါအုံး...မဆူနဲ့ ”လို့ပြောတော့တာပေါ့။အဲဒါနဲ့ နမ့်တိန်းချောင်းလေးဟာ နန်းဦးပြင် အလိုကျ တိတ်ဆိတ် ငြိမ်သက်သွားလိုက်တာ.....ခုချိန်အထိတိုင်အောင် ရေစီးသံ မကြားရတော့ဘူးလို့ ဆိုပါတယ်..။ နန်းဦးပြင်ပြောလိုက်လို့..နန့်တိန်းချောင်းဟာ ငြိမ်သက်သွားတယ်လို့ခေတ်အဆက်ဆက် လက်ခံ ယူဆ ခဲ့ကြပါတယ်..။မိုင်းကိုင်မြို့ရဲ့ ထူးခြားချက်တွေထဲက တစ်ခု ဆိုပါတော့။
ခွန်ဆမ်လောကို... ခွန်ဆမ်လော အမေက သူ့ရွာမှာ..သွက်သွက်လက်လက် ရှိတဲ့ နန်းဦးပျဉ်း နဲ့တိတ်တဆိတ်သဘောတူထားတာပါ...။ ခွန်ဆမ်လောကို နန်းဦးပျဉ်းနဲ့ လက်ထပ်ပေးမယ်လို့လဲ.. နန်းဦးပျဉ်းကို ကတိပေးထားတာပေါ့..။ ခွန်ဆမ်လော ကတော့ သူ့ချစ်သူ နန်းဦးပြင်ကိုပဲ လက်ထက်နိုင်မယ်လို့ပြောပြီး.. နန်းဦးပြင်ကိုပဲ... လက်ထပ်ပြီး.. သူနေတဲ့ ကျိုင်းတောင်းမြို့လေးကို ခေါ်ဆောင်လာသတဲ့..။ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေက နန်းဦးပျဉ်းကိုပေးထားတဲ့ ကတိ နန်းဦးပြင်ကြောင့် ပျက်ရတယ် ဆိုပြီးတော့ နန်းဦးပြင်ကို မနှစ်သက်၊ မကြည်ဖြူ ပါဘူး.. ။ ဒါကြောင့် ခွန်ဆမ်လောရဲ့ အမေဟာ နန်းဦးပြင်လေး အိမ်မှာ မနေနိုင်အောင်.. အိမ်ပေါ်က ဆင်းသွားအောင်.. ခွန်ဆမ်လော.. အိမ်မှာမရှိတဲ့ အခိုက်... နန်းဦးပြင် စားမဲ့ထမင်းထဲမှာ.. ဆူးတွေ ထည့်ထားတာတို့ ၊ ကောက်ညင်းဆန်ကို.. အပ်တွေထည့်ပြီးပေါင်း.. ပြီးမှ နန်းဦးပြင်ကို ခူးခိုင်းတာ...စသဖြင့် နည်းပေါင်းစုံနဲ့ နန်းဦးပြင်လေး
ဒီလိုနဲ့ ... နန်းဦးပြင်ဟာ.. ခွန်ဆမ်လောရဲ့ ရင်သွေးကို လွယ်ဖို့ဖြစ်လာပါတော့တယ်.... ။ နှစ်ယောက်သား ကြည့်နူးနေကြတာပေါ့... ဒါပေမဲ့ ကိုယ်ဝန်အရင့်အမာ ဖြစ်နေတဲ့ အချိန်မှာတော့.. ခွန်ဆမ်လောက.. ကုန်သွယ်သွားရမဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတော့တယ်
ဒီလိုနဲ့ နန်းဦးပြင်ဟာ..ခရီးကလည်း ပန်း....မီးဖွားပြီးကားစ လည်းဖြစ်..ရင်သွေးလေး ကလည်း အသက်မရှင် စတဲ့အမျိုးအမျိုး သော ဒုက္ခဝေဒနာတွေကြောင့် စိတ်ထိခိုက်ပင်ပန်းပြီး အိမ်ရောက်တာနဲ့.... သေဆုံးသွားရှာပါတယ်..။နန်းဦးပြင်ဟာ.. သူမ မသေဆုံးခင်မှာ... မိုင်းကိုင်သူတွေ သူ့လိုအဖြစ်ဆိုးနဲ့ ကြုံရမှာစိုးရိမ်ရှာ တဲ့အတွက်... “မိုင်းကိုင် သူတွေ သူ့လိုမျိုး... အလုံးစုံမပြည့်စုံပါစေနဲ့... ချို့ယွင်းချက်တခုအမြဲတမ်းရှိနေပါစေ...။ မိုင်းကိုင်က ထွက်တဲ့ ပစ္စည်းတွေ အားလုံး သူများတွေထက် အရည်အသွေးကောင်းပါစေ..။ ” ဆိုပြီး.. ကျိန်စာတိုက်ခဲ့ပြီးဆုံးသွားသတဲ့...။ခွန်စံလောဟာ.. ကုန်သွယ်ရာကနေပြန်ရောက်လာတော့...နန်းဦးပြင်သတင်းကိုကြားကြားချင်း... ချက်ချင်းမိုင်းကိုင်ကို မြင်းနဲ့ အပြေးလာခဲ့ပါတယ်..။ အလာကောင်းပေမဲ့ အခါညောင်းသွားခဲ့ပါပြီ... နန်းဦးပြင်လေးဟာ.. သေဆုံးသွားခဲ့ပါပြီ..။ ခွန်ဆမ်လောဟာ.. နန်းဦးပြင်တို့အိမ်ကိုရောက်တော့.. ရွာသူရွာသားတွေက.. ခွန်ဆမ်လောကို နန်းဦးပြင်အိမ်ထဲပေးမ၀င်ပါဖူး.. နန်းဦးပြင်အလောင်းကိုမပြချင်လို့... တံခါးဝမှာ.. ၀ိုင်းပိတ်ထားကြတယ်..။ ခွန်ဆမ်လောလဲ သူကုန်သွယ်ရာက ရလာတဲ့ ငွေဒင်္ဂါးငွေကို ကြဲလိုက်ပါတယ်တဲ့..။ သူ့ကိုဝိုင်းပိတ်တဲ့ သူတွေက ငွေင်္ဂါးကိုကိုဝိုင်လုကောက်နေကြတဲ့ အချိန်မှာမှ.. ခွန်ဆမ်လောအိမ်ထဲကိုဝင်ပါတော့တယ်...။ အိမ်ပေါ်ရောက်တော့.. နန်းဦးပြင်အလောင်းကို တွေ့တော့တာပေါ့....။ ခွန်ဆမ်လောဟာ.. အရမ်းစိတ်ထိခိုက် ကြေကွဲသွားပြီး.. သူ့မှာပါလာတဲ့.. ဆောင်ဓါးနဲ့ပဲ.. သူ့ကိုယ်သူ... အဆုံးစီရင်လိုက်ပါတော့တယ်... နန်းဦးပြင်အလောင်းပေါ်လဲကျသွားပြီး..... နန်းဦးပြင်အလောင်းပေါ်မှာပဲသေဆုံးသွားပါတော့တယ်...။
ခွန်ဆမ်လော ဆုံးတဲ့ သတင်းကြားတော့... ခွန်ဆမ်လောအမေဟာ.. အနောက်နေလိုက်လာတာပေါ့...။ သူတို့အလောင်း... ယှဉ်ရက်... ပြင်ထားတာကိုတွေ့တော့.. အရမ်းစိတ်ဆိုးသွားပြီး... နန်းဦးပြင်ကိုအမုန်း မပြေသေးတာကြောင့် သူ့မှာပါလာ တဲ့ ဝါးထမ်းပိုးနဲ့... အလောင်းနှစ်ခုရဲ့ ကြားကို ချထားပြီး ခြားလိုက်ပါတယ်တဲ့.. နောက်ဘ၀မှာလဲ သူတို့ နှစ်ယောက်ပြန်မဆုံနိုင်ပါစေနဲ့.. ဆိုပြီး.. ကျိန်လိုက်ပါတယ်..။ အဲ့ထမ်းပိုးကိုလဲ....သူတို့ကိုမြုပ်တဲ့နေရာအထိ ယူဆောင်သွားပြီး... အလောင်းမြုပ်တဲ့နေရာမှာလဲ... လိုက်ခြားလိုက်တယ်တဲ့..။ပြီးတော့ ထမ်းပိုးကို နေရာ ရွေ့ မသွားအောင်အာင် စို့ နဲ့ ခိုင်ခိုင်မာမာ ထိုးစိုက်ထား ပြန်ပါသေး တယ်။
ခွန်ဆမ်လောနဲ့ နန်းဦးပြင်တို့ဟာ သေဆုံးသွားပြီးတဲ့နောက်မှာ ကောင်းကင်မှာ ကြယ်ကလေး တွေ ဖြစ်သွားကြပါသတဲ့..။ သို့သော်လည်းအမေ ဖြစ်သူရဲ့ ကြီးမားတဲ့ အမုန်း အာဃာတ ကြောင့် ကြယ်ကလေး တွေ ဘဝမှာ တောင် ချစ်သူနှစ်ဦးဟာ အေးချမ်းစွာ ပေါင်းဆုံခွင့် မရကြရှာပါဘူး...။ ခွန်ဆမ်လော ရဲ့ အမေ ကြားမှာ ခြားပေးလိုက်တဲ့ဝါးထမ်းပိုးဟာ အဆစ်သုံးဆစ်ပါရှိတဲ့အတွက် ကြယ်သုံးလုံး (မောင်ရင်ဆိုင်းထမ်းကြယ်) အဖြစ် သူတို့ နှစ်ဦးကြားမှာ တန်းကာ ခြားနားထား လို့ မပေါင်းဆုံနိုင်ကြပဲ ရှိပြန်ပါသတဲ့။ ၀ါးထမ်းပိုးရဲ့ အဆစ်တဆစ်ဟာ ကြယ်တလုံး အနေဖြစ်ကိုယ်စားပြုတာပေါ့..။ အဆစ်၃ ဆစ်ဆိုတော့.. ၃ လုံးပေါ့ စို့ နဲ့ ရိုက်ထားတဲ့နေရာက တော့ မှေးမှိန်နေတဲ့ ကြယ်တန်း စွေစောင်းစောင်းလေးအဖြစ် အေဲဒီထမ်းပိုးသဏ္ဍာန် ကြယ်သုံးလုံး ရဲ့ အောက်ခြေ နားမှာ စို့သဖွယ်တည်ရှိနေတာကို ယနေ့တိုင် မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ.. ကြာပေမဲ့ ခုထိတိုင် နန်းဦးပြင်ရဲ့ အိမ်မြေကွက်နေရာဟာ.. ဘာအပင်မှ မပေါက်ရောက်ပဲ..၊ မပျောက်ပျက်ပဲတည်ရှိနေပါသေးတယ်...။ မိုင်းကိုင်မြို့ရဲ့အရှေ့ မနီးမဝေးမှာ တည်ရှိနေပါတယ်...။ နန်းဦးပြင်ရဲ့.. မြေကွက်ဘေးတွင်.. စေတီတဆူ ကိုတည်ထားကိုးကွယ်ထားပါတယ်...။ မိုင်းကိုင် မြို့ကို အလည်အပတ်များရောက်ဖြစ်ရင်.. သွားရောက်လေ့လာဖို့တိုက်တွန်းလိုက်ချင်ပါတယ်...။
စာကြွင်း။ ။ ခွန်ဆမ်လောနဲ့ နန်းဦးပြင် တို့ရဲ့ ကြေကွဲဖွဲ ဇာတ်လမ်းလေးကို ပြည့်ပြည့်စုံစုံ ရှင်းပြ ပေးခဲ့ မိုင်းကိုင်သူ နန်းနောင့်နောင့် ကို အထူးပဲ ကျေးဇူးတင်ပါတယ်...။ ဒီစာကို ရေးဖြစ်အောင် တိုက်တွန်း အားပေးခဲ့တဲ့ ပီအိုက်ကူးလွေ့ ကိုလည်းကျေးဇူးတင်ပါတယ်။
Subscribe to:
Posts (Atom)


