(၁)။ ။ မိသားစုနဲ့အတူတူနေချင်တယ်..
ကျတော်တို့မိသားစုမှာ လိုအပ်ချက်တွေ များပါတယ် ကျတော့်အနေနဲ့တော့ မိသားစုဝင်တွေ တစုတစည်းပျော်ပျော်ရွင်ရွင် နေချင်တယ်ဗျာ။ ကျတော် (၆) နှစ်လောက်မှာ မိသားစုကိုခွဲပြီး တောင်ကြီးမှာကျောင်း သွားတက်ရတယ်။ အဲတုန်းက အိမ်၊ အဖေ၊ အမေ တို့ကို လွမ်းလိုက်တာဗျာ။ လူတိုင်းမိသားစုနဲ့ ခွဲခွာရတဲ့ ခံစားချက်ကို ခံစားဖူးကြမယ် ထင်တယ်။ ကျတော်ကတော့ ကျတော်ခံစားခဲ့ဖူးသလို ကျတော့်ညီမလေးကိုမခံစားစေချင်ဘူးဗျာ။ အခုတော့ (၁၀) နှစ်အရွယ်ညီမလေးက မိသားစုနဲ့ခွဲနေရပြီ (၂) နှစ်လောက်ရှိပြီပေါ့။ သူ့ကိုသနားမိတယ် သူ့ကိုအမေတို့နဲ့ပဲပြန်နေစေချင်တယ်ဗျာ။ ကျတော်တို့မိသားစုထမင်းလက်ဆုံ မစားရတာကြာပေါ့။ အဖေရယ် အမေရယ် ကျတော်ရယ် ညီမလေးရယ် အားလုံးထမင်းလက် ဆုံစားချင်သေးတယ်ဗျာ အခုတော့....။
(၂)ပညာရေး
ပညာရေးတော့ ငယ်ငယ်ကတည်းက အလေးမစားခဲ့လို့ အခုအချိန်ထိလိုအပ်နေပါတယ်ဗျာ။ ဒါကလည်း မိမိ ကိုယ်ကိုယ် အပြစ်တင်ရမယ်။ မကြိုးစားခဲ့လို့လေ စိတ်မ၀င်စားခဲ့လို့လေ။ ရွာမှာနေတုန်းကတော့ ဘာမှမတတ်ခဲ့ဘူး တောင်ကြီးရောက်တော့လည်း မြန်မာစာကို မဖတ်တတ်သေးဘူး။ (၄) တန်းမှာ ကာတွန်းစာအုပ်တွေ လိုက်ဖတ်ရင်း ကာတွန်းစာအုပ်ကြောင့် မြန်မာစာကို ကောင်းကောင်းဖတ်တတ်သွားတယ်။ အင်္ဂလိပ်လိုတော့ ခုထိကောင်းကောင်းမဖတ်တတ်သေးဘူး သိသလောက် မှတ်သလောက်လေးတော့ ဖတ်ကြည့်တယ်။ (၁၀)တန်းကိုတောင် ကံကလေးမဆိုစလောက် လေးကောင်းနေလို့ ကပ်အောင်လာတာ။ အမှတ်ကြည့်လိုက်တော့ စိတ်ပျက်သွားတယ် ဒါကြောင့်လဲ မလေး ထွက်လာတာ ဒါလဲလာရတဲ့အကြောင်းရင်းတခု ဆိုပါတော့။ ပညာရေးပိုင်းတော့ အများကြီးလိုနေသေးတယ် ကျတော့်အတွက်ပေါ့။
(၃)စီးပွားရေး (ခ) ငွေရေးကြေးရေး
အဟီး
(၄)ဘ၀ဘက်တွဲဖော်၊ ချစ်သူ
အင်း.. ဒါလဲ လိုအပ်တယ်နော်
အင်း အလိုအပ်ဆုံးကတော့ များနေတယ် စဉ်းစားလိုက်တိုင်း ဘယ်အရာကိုချရေးရမယ် မှန်းမသိဖူး.. ဘာမှမလိုအပ်တာမဟုတ်ပါဘူး.. များလွန်းလို့ပါ..။ အဖေနဲ့ အမေ စိတ်ချမ်းသာပါစေ ဆိုတဲ့ ဆုလေးပဲ တောင်းလိုက်တော့မယ် လူ့ဘ၀ကိုပဲ လိုချင်တယ် နောင်ဘ၀မှာလဲ ဒီမိသားစု ဒီအဖေအမေတွေနဲ့ ပဲပြန်နေချင်တယ်ဗျာ။ ဒါကတော့ အလိုအပ်ဆုံးထဲ ကတခုပေါ့...။ ကဲ့ အဆိပ်ကျေနပ်တော့နော် ...ငါလဲသူများကိုတပ်လိုက်ဦးမယ်..
(၁) ဂျီတော့မှာကတည်းက တပ်ဖို့ပြောထားပြီးတဲ့ ကိုလားရိုး
(၂) ကျတော့် ဘလော့မှာ အားရင်လာလာအော်တဲ့ မယို
(၃) ကျတော့်အစ်ကို ကိုမိုးတိမ် ဘလော့ဂါ အသစ်လေးပါ
သူတို့ကိုပဲတပ်တော့မယ်ဗျာ ..အားမှရေးကြပါ.. ရေးမယ်ထင်တယ်.. ခီခန့်လေးကို ချစ်ရင်ပေါ့..။
ခီခန့် (လူပျင်းလေး)
7 ဝေဖန်ချက်များ ။ ။:
ခီခန့်လေးက ဒီလိုဆိုတော့လည်း လိမ္မာသားပဲ။ မိမိဘာတွေလိုအပ်တယ် ဘာတွေလိုနေတယ်ဆိုတာ ဝေဖန်နိုင်တယ်ဆိုကတည်းက ကောင်ဖို့ဖြစ်နေပြီလေ။ တခုပဲရှိတယ် ငပျင်းလေး မဖြစ်ဖို့ပဲနော်။ ကြိုးစာရင် ရနိုင်ပါတယ်မောင်လေးရယ်။ ခီခန့်လေးရဲ့ လိုအပ်ချက်လေးတွေ အချိန်တိုတို အတွင်းမှာ ပြည့်ဝနိုင်ပါစေနော်။
ခင်မင်လျှက်
မကြီး
ပြေးလို့လည်းမလွတ်မှတော့ ရင်ဆိုင်လိုက်ရုံပေါ့ကွာ အိုက်ချိခန့်ရာ......
လာမဲ့တက်ပ် ပြေးတွေ့လိုက်ရုံပေါ့.....
ရောက်လာတယ် သယ်ရင်.... ကောင်းတယ် ခံစားချက်တစ်ယောက်တစ်မျိုး ပေါ့....
သယ်ရင်း
အဆိပ်ခွက်
ပျင်းပျင်းနဲ့ ရေးလိုက်တယ် ထင်ပါ့
ဖတ်လို့ ကောင်းတယ် လိုအပ်တဲ့ ခံစားချက်တွေကို။
ငါ့ညီ ဆန္ဒ တွေ အမြန်ဆုံး ပြည့်စုံပါစေကွာ
ကို ရီနိုး
ကောင်းတဲ့လိုအပ်ချက်လေးပါ။
ပါပြီဟ . .သေရော
ရေးထားတာမိုက်တယ်
လိုအပ်ချက်တွေ ဆန္ဒတွေ အမြန်ဆုံးပြည့်စုံပါစေ ..း)
Post a Comment