ဟူး.. ကျတော် စာမရေး၊ ဘလော့တွေကို လိုက်မအော်တာ ကြာနေပြီ ဘာရယ် မဟုတ်ပါဖူး ကော်နက်ရှင်မကောင်းလို့ နောက်ပြီး ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာလေးတွေ ရှိလို့ အခုတော့ စိတ်ထဲနဲနဲရှင်းသွားပြီ ။ တဂ့် ပိုစ့်တော့ ရေးထားတယ် အချိန်ယူပြီးရေးလို့ မပြီးသေးဖူး အဟီး နဲနဲရှည်တယ် ။ ဟိုကောင် သောက်ဆိပ်ခွက်ပေါ့ ကျတော့်ကိုမညာမသာ တဂ့်ထားတာ သူက ကျတော့် ပညာသားပါပါရေးသွားတယ် ဟွန့် မပြောလိုက်ချင်ဖူး အင်းနောက်ပြီး ကဗျာလေး တပုဒ်လဲ ရေးနေတယ် မပြီးသေးဖူး အဲဒါက စကားလုံး ဝေါဟာရ မကြွယ်ဝလို့ နဲနဲခက်နေတယ် ရေးဖို့ ပြီးအောင်တော့ အချိန်ယူပြီးရေးရမယ်ထင်တယ် ။ ဒါနဲ့ ကျတော့် ဘလော့ မှာပိုစ့်မတင်တာ လဲကြာနေပြီ ဒါကြောင့် ဒီနေ့ ဦးရှင်ကြီးနဲ့ချက်တင်ထိုင်ခဲ့တာကို တင်လိုက်မယ် အဟီး.. တင်ရတဲ့ရည်ရွယ်ချက်ကတော့ လက်တန်းကဗျာလေးတွေ စပ်တာရီချင်လို့ အဟီး.. ဦးရှင်ကြီးနဲ့ချက်တာလေ... ဖတ်ကြည့်နော်....။ ( ဦးရှင်ကြီး ဒီမှာတခါတည်း ခွင့်တောင်းလိုက်တယ်နော် အဟီး.. သူက အရင်အိပ်သွားတာကိုး..)
ကျတော့်နစ်မှာ ကျတော်က ( ကော်နက်ရှင်လုံးဝမကောင်းပါ ပြောချင်သောစကားများချန်ထားနိုင်ပါသည် ) ဆိုပြီးရေးထားတယ်လေ
အဲဒါသူကစတာပေါ့.. ဖတ်ကြည့်နော်..။
စိုင်းလားရိုး:
မကောင်းရင် မသုံးနဲ့
ပိတ်လိုက်ပေါ့
အိုက်:
မရဖူး
ပိုစ့်တင်မလို့
စိုင်းလားရိုး:
ကွန်ပြတာကို
အိုက်:
၃ရက်လောက်ရှိနေပြီ
ဝင်လို့ကိုမရတာ
စိုင်းလားရိုး:
ဟင်
ရေချိုးခန်းထဲလား
ဝင်မရတာ
အိုက်:
ဘလော့ကိုဝင်လို့မရတာကိုပြောတာ
လုပ်ပေါ့
လုပ်ပေါ့
သူတို့ကစလုံးကဆိုတော့
စိုင်းလားရိုး:
လုပ်မယ်လေ
လုပ်မယ်
အိုက်:
ဘာလဲ
လုပ်ပြီ...
တော်ပြီ
စိတ်ညစ်နေတာ...
ကောင်မလေးနဲ့လဲ
စိတ်ညစ်
ကော်နက်ရှင်ကိုလဲစိတ်ညစ်
စိုင်းလားရိုး:
မိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်
အိုက်:
ရူးချင်နေပြီ
အခု ဂျောက်ဂျက်နားထောင်နေယ်
စိုင်းလားရိုး:
ရူးချင်ယောင်ဆောင်မနေနဲ့ သွက်သွက်ခါအောင်ရူး
ထမင်းမေ့ဟင်းမေ့ရူး
အိုက်:
ဘယ်ရမတုန်း
အဲလိုတော့
လုပ်ဦး
ကဗျာရေးမလို့
စာသားဝေါဟာရမကြွယ်လို့
နဲနဲပြောပြနိုင်မလား..
ဘယ်လိုစာသားကို ဘယ်လိုသုံးသင့်တယ်ဆိုတာ
စိုင်းလားရိုး:
မပြောနိုင်သေးဘူး
အိပ်ချင်နေတာ ခုမှပြန်ရောက်တာ
အိုက်:
ခဏတာအချိန်ကို ဘယ်လိုတင်စားကြလဲ
အဲဒါလေး..
တချက်လောက်
နောက်ပြီး “ခြေမှုန်”
ဆိုတာ..
ဟုတ်လား...
ခြေထောက်နားက ဖုန်မှုန့်လေ.
စိုင်းလားရိုး:
ရေတစ်ဗွက်လိုပဲ
လေတစ်ဝှေ့လိုပဲ
ဘာညာပေါ့
အိုက်:
မဟုတ်ဖူး.
ရှိပါသေးတယ်
ကျတော်တို့ ၁၀တန်းတုန်းကသင်ခဲ့ရသလိုပဲ
ခက်ဆစ်ထဲမှာလားမသိဖူး
မျက်စီတမိုက် ၊ ခဏတာအချိန်..
တ..
ဘာလဲမသိဖူး
တဂင်တ...
ဆိုတာ အသံထွက်တူသလိုပဲ
မရေးတတ်လို့
Sent at 7:52 AM on Monday
အိုက်:
မပြောတော့ဖူးလား..
စိုင်းလားရိုး:
ဟင်
ပြောနေတယ်လေ
အိုက်:
လုပ်ဦး...
ခေါင်းစားနေလို့
စာသားတွေမရလို့
စိုင်းလားရိုး:
မစားနဲ့ အိပ်တော့
အိုက်:
ကိုလားရိုးရ
စိုင်းလားရိုး:
နင်ရေးမယ့်ကဗျာ ဘာမှန်းမသိ ဘယ်လိုပြောရမှာတုန်း
အိုက်:
အင်း..
သူ့ကိုမြင်တဲ့ အချိန်ခဏလေးအတွင်းမှာ
ဆိုတာကို
ရေးချင်တာ...
အဲဒါအချိန်ခဏလေးအတွင်းဆိုတာကို
စာသားလေး တင်စားချင်တာ
အဲဒါ..နဲနဲရှုပ်နေတယ်
စိုင်းလားရိုး:
ဖျက်ခနဲ တွေ့လိုက်တာနဲ့ ငါရင်တွေ ဟက်ခနဲ ကွဲပေါ့
အိုက်:
ဟိုက်...
ခနဲ့ ပြေးနမ်းလိုက်တော့
သူက ဖြန်းခနဲ့
လှန်တွယ်လိုက်ပါရောလား...
စိုင်းလားရိုး:
ပါးရိုက်တာပါ
မလှန်ပါဘူး
အိုက်:
တူတူပဲလေ...
အဓိပါယ်က
“း” ဒါလေးကျန်ခဲ့တာ
အဟီး
လက်မောင်းကိုလှန်ပြီးတွယ်တာလေ...
မြင်ရောင်ကြည့်
င်္အကျီလက်မောင်းကို လှန်လိုက်တာ...
စိုင်းလားရိုး:
ထားပါတော့
အိုက်:
အင်းလေ...
ထားပါတယ်
ထားပါတယ်
မှားမိပါတယ်လို့အခါခါ...
ပြောရင်းပေါ့
နင်ကိုယ်တိုင်က ထားစေချင်ခဲ့တာမလား...
စိုင်းလားရိုး:
ဟုတ်တယ်
အိုက်:
ဟုတ်တယ်လို့ အပြတ် ပိတ်ပြောလိုက် လို့
ငါစိတ်ပျက်ပြီး လှည့်ပြန်သွားမယ်ထင်လား...
စိုင်းလားရိုး:
မထင်ဘူး
နွားသိုးကြိုးပြက်တာကိုး
အိုက်:
ငါ့ကိုနွားနဲ့နိုင်းပြောလဲ ငါရင်မနာပဲ ဆက်ကြင်နာနေပါ့မယ်
ဒါပေမဲ့ နင်သိထားဖို့က နင့်အတွက် နဲ့ ငါနွားအဖြစ်ခံတာပါဆိုတာကိုပဲနော်
စိုင်းလားရိုး:
ကြင်နာနေလည်း ဘာထူးမှာလည်း
နွားဖြစ်လည်းဘာထူးမှာလည်း မကြာခင် ငါဟာ ရင်ခွင်သစ်မှာ အပီချစ်တော့မဲ့ဟာ
အိုက်:
ရပါတယ် နင့်ကိုခွင့်လွတ်ပါတယ် နင်သွားနိုင်ပါတယ် ဘာလို့လဲဆိုတော့ အစကတည်းက နင့်ကိုပိုင်ဆိုင်ဖို့မကြိုးစား ခဲ့လို့ပဲ နင့်ကိုဆက်ပြီးချစ်နေရရင် ငါပျော်ပါတယ်
တာရာမင်းဝေပြောသလိုပေါ့ “အားလုံးကို စွန့်လွတ်ရမယ်ဆိုရင် တောင် သတိရခြင်းကို ငါပိုင်တယ်”
စိုင်းလားရိုး:
အင်း ငယ်တုန်းတော့ ဒီစကား ပြောတတ်ကြပါတယ်
အိုက်:
ကြီးလာတော့ကော...
ငါပြောင်းလဲသွားမယ်ထင်လား..
စိုင်းလားရိုး:
လုပ်သက်ရင့်လာတော့လည်း ရီစရာပေါ့
အိုက်:
အင်းလေ..လူသာပြောင်းလဲသွားမှာပါ...
ဒီရင်ခွင်တော့...
ဒီရင်ခွင်ပါပဲ
စိုင်းလားရိုး:
အိပ်ချင်လာပြီ
အိုက်:
ဝါး..
အိပ်တော့
ကျတော်တွေလဲ ဆော်တွေလိုက်ဖွန်ရင်တော့
အသုံးဝင်မယ်ထင်တယ်
အဟီး..
သီချင်းဒေါင်းနေတာ
အဲဒါစောင့်နေတာ
ပြီးရင်နားထောင်ကြည့်ပြီး
ကျတော်လဲအိပ်တော့မယ်
စိုင်းလားရိုး:
ဆက်ဆောင့်နေတော့
အိုက်:
ဟဟ...
ဘာလဲ
ထိုင်နေတာ...
အခု...
ကလေးကို ဟွန့်...
သူလုပ်ချင်တာတွေလာပြောနေတယ်
စိုင်းလားရိုး:
အိပ်ပြီ တာ့တာ
အိုက်:
ချယ်ရီယို....
ဖလက်ဖလက် တိုလားရိုး...
မမ အိပ်ချင်ပြီ...
အဟီး...
ချိုချို ချာဒယ်...
အဟတ်...အဟတ်...
lakuneain@gmail.com/Talk.v1040955A29C is offline and can't receive messages right now.
ဦးရှင်ကြီးနဲ့ ချက်တင်ထိုင်ခြင်း..။
ိလိုအပ်ချက်နဲ့ အလိုအပ်ဆုံး...
လိုအပ်ချက်နဲ့အလိုအပ်ဆုံးတဲ့ အဆိပ်ကတပ်ထားတာလေ ဘာရေးရမယ် မှန်းမသိဖူး။ အားလုံးပြီးပြည့်စုံနေလို့ မဟုတ်ပါဘူးဗျာ။ ကျတော့်ဘ၀က လိုအပ်ချက် ကွက်လပ်တွေ အရမ်းများနေလို့ပါ ဘယ်ကစရေးရမယ် မသိဘူး။ ကျတော့်ဘ၀က မပြည့်စုံဘူးလေ ပညာရေး၊ စီးပွားရေး၊ အရာရာအားလုံးပေါ့ဗျာ။ အခုတော့ အဆိပ် ကျေနပ်အောင် အခုလောလော ဆယ်လိုအပ်နေတာလေးတွေ ရေးချလိုက်မယ်ဗျာ။ အခုလိုအပ်နေတာတွေလဲ နောင်တချိန်မှာ လိုအပ်ချင်မှလိုအပ်မှာပါ။
(၁)။ ။ မိသားစုနဲ့အတူတူနေချင်တယ်..
ကျတော်တို့မိသားစုမှာ လိုအပ်ချက်တွေ များပါတယ် ကျတော့်အနေနဲ့တော့ မိသားစုဝင်တွေ တစုတစည်းပျော်ပျော်ရွင်ရွင် နေချင်တယ်ဗျာ။ ကျတော် (၆) နှစ်လောက်မှာ မိသားစုကိုခွဲပြီး တောင်ကြီးမှာကျောင်း သွားတက်ရတယ်။ အဲတုန်းက အိမ်၊ အဖေ၊ အမေ တို့ကို လွမ်းလိုက်တာဗျာ။ လူတိုင်းမိသားစုနဲ့ ခွဲခွာရတဲ့ ခံစားချက်ကို ခံစားဖူးကြမယ် ထင်တယ်။ ကျတော်ကတော့ ကျတော်ခံစားခဲ့ဖူးသလို ကျတော့်ညီမလေးကိုမခံစားစေချင်ဘူးဗျာ။ အခုတော့ (၁၀) နှစ်အရွယ်ညီမလေးက မိသားစုနဲ့ခွဲနေရပြီ (၂) နှစ်လောက်ရှိပြီပေါ့။ သူ့ကိုသနားမိတယ် သူ့ကိုအမေတို့နဲ့ပဲပြန်နေစေချင်တယ်ဗျာ။ ကျတော်တို့မိသားစုထမင်းလက်ဆုံ မစားရတာကြာပေါ့။ အဖေရယ် အမေရယ် ကျတော်ရယ် ညီမလေးရယ် အားလုံးထမင်းလက် ဆုံစားချင်သေးတယ်ဗျာ အခုတော့....။
(၂)ပညာရေး
ပညာရေးတော့ ငယ်ငယ်ကတည်းက အလေးမစားခဲ့လို့ အခုအချိန်ထိလိုအပ်နေပါတယ်ဗျာ။ ဒါကလည်း မိမိ ကိုယ်ကိုယ် အပြစ်တင်ရမယ်။ မကြိုးစားခဲ့လို့လေ စိတ်မ၀င်စားခဲ့လို့လေ။ ရွာမှာနေတုန်းကတော့ ဘာမှမတတ်ခဲ့ဘူး တောင်ကြီးရောက်တော့လည်း မြန်မာစာကို မဖတ်တတ်သေးဘူး။ (၄) တန်းမှာ ကာတွန်းစာအုပ်တွေ လိုက်ဖတ်ရင်း ကာတွန်းစာအုပ်ကြောင့် မြန်မာစာကို ကောင်းကောင်းဖတ်တတ်သွားတယ်။ အင်္ဂလိပ်လိုတော့ ခုထိကောင်းကောင်းမဖတ်တတ်သေးဘူး သိသလောက် မှတ်သလောက်လေးတော့ ဖတ်ကြည့်တယ်။ (၁၀)တန်းကိုတောင် ကံကလေးမဆိုစလောက် လေးကောင်းနေလို့ ကပ်အောင်လာတာ။ အမှတ်ကြည့်လိုက်တော့ စိတ်ပျက်သွားတယ် ဒါကြောင့်လဲ မလေး ထွက်လာတာ ဒါလဲလာရတဲ့အကြောင်းရင်းတခု ဆိုပါတော့။ ပညာရေးပိုင်းတော့ အများကြီးလိုနေသေးတယ် ကျတော့်အတွက်ပေါ့။
(၃)စီးပွားရေး (ခ) ငွေရေးကြေးရေး
အဟီး.ပိုက်ပိုက်ကလဲ လိုတယ်ဗျာ။ တချိုကဆို ပိုက်ဆံကို ဒုတိယ ဘုရားသခင်လို့ တင်စားကြတယ်။ ကျတော်စဉ်းစားကြည့်တော့လဲ သူတို့ တင်စားတာ သဘာဝကြပါတယ်။ ဒါပေမဲ့ ကျတော်တော့ မတင်စားပါဘူး ဒါပေမဲ့လိုအပ်တယ်ဗျာ။ ငယ်ငယ်တုန်းကတည်းက အသုံးဖြုန်းကြီးခဲ့တယ် ရချင်တဲ့ ဗမာဏ ကိုရအောင်တောင်းတတ်တယ်။ နည်းအမျိုးမျိုးသုံးပြီးတော့ပေါ့။ အမေက ချစ်တော့ ပေးတယ် စားသောက်လိုက်တယ် လို့အကြောင်းပြလိုက်ရင် အမေက ဘာမှမပြောပါဘူး။ အခုလဲ ပိုက်ပိုက် အတွက်နဲ့ပဲ သူများနိုင်ငံမှာ ကျွန်လာလုပ်နေရတယ်။ အင်းလေ နော့.. ဒီပိုက်ပိုက်တွေက ကျတော်တို့ရဲ့ စိတ်ကူးယဉ်အိမ်မက် ကိုအကောင်အထည်ဖော်ရာမှာ ဒုတိယ မရှိမဖြစ်အရာတခု ပဲလေ..။ပိုက်ပိုက်လဲ လိုအပ်တယ်ဗျာ။
(၄)ဘ၀ဘက်တွဲဖော်၊ ချစ်သူ
အင်း.. ဒါလဲ လိုအပ်တယ်နော် ဘ၀ကို တကိုယ်တည်း ဖြတ်သန်းလို့ မဖြစ်ဘူးလေ။ ဘေးအနားမှာ အားပေးနေမဲ့ ဘ၀လက်တွဲဖော် တယောက် လောက်တော့ လိုအပ်တယ်နော်။ သူကကိုယ်ကျရှံး တဲ့အခါ အားငယ်နေတဲ့ အခါ စိတ်ညစ်နေတဲ့ အခါတွေ မှာ ကိုယ့်ကို ဖေးမပေးမဲ့ ချစ်သူတယောက်ပေါ့။ ဘ၀လက်တွဲဖော်ပေါ့ အခုတော့ စိတ်ကူးလေးယဉ်ထားတုန်း အကောင်ထည်မဖော်သေးပါဘူး နောက် (၅) နှစ်လောက်မှ အကောင်ထည်ဖော်မယ်။ အခုတော့ ချစ်သူ အဖြစ်ရှိနေပါတယ် ဘ၀လက်တွဲဖော်အဖြစ်တော့ နောက်မှပေါ့။ သူနဲ့ အနာဂတ်ကို စိတ်ကူးလေးယဉ်ထားတယ် ဖြစ်လာတာ မဖြစ်လာတာကတော့ ဖူးစာရေစက်နဲ့ ဆိုင်မယ် ထင်တယ်။ အဖေကပြောခဲ့တာပါ “ငါ့သားတဲ့ ဒါမျိုးတွေက ဖူးစာပါရင် ဘယ်ဘ၀ရောက်ရောက် ပေါင်းဖက်ရမှာပါ” တဲ့ ..သူမနဲ့ ဖူးစာရေစက် ပါပါစေ လို့ပဲဆုတောင်းတော့မယ်ဗျာ..။
အင်း အလိုအပ်ဆုံးကတော့ များနေတယ် စဉ်းစားလိုက်တိုင်း ဘယ်အရာကိုချရေးရမယ် မှန်းမသိဖူး.. ဘာမှမလိုအပ်တာမဟုတ်ပါဘူး.. များလွန်းလို့ပါ..။ အဖေနဲ့ အမေ စိတ်ချမ်းသာပါစေ ဆိုတဲ့ ဆုလေးပဲ တောင်းလိုက်တော့မယ် လူ့ဘ၀ကိုပဲ လိုချင်တယ် နောင်ဘ၀မှာလဲ ဒီမိသားစု ဒီအဖေအမေတွေနဲ့ ပဲပြန်နေချင်တယ်ဗျာ။ ဒါကတော့ အလိုအပ်ဆုံးထဲ ကတခုပေါ့...။ ကဲ့ အဆိပ်ကျေနပ်တော့နော် ...ငါလဲသူများကိုတပ်လိုက်ဦးမယ်..
(၁) ဂျီတော့မှာကတည်းက တပ်ဖို့ပြောထားပြီးတဲ့ ကိုလားရိုး
(၂) ကျတော့် ဘလော့မှာ အားရင်လာလာအော်တဲ့ မယို
(၃) ကျတော့်အစ်ကို ကိုမိုးတိမ် ဘလော့ဂါ အသစ်လေးပါ
သူတို့ကိုပဲတပ်တော့မယ်ဗျာ ..အားမှရေးကြပါ.. ရေးမယ်ထင်တယ်.. ခီခန့်လေးကို ချစ်ရင်ပေါ့..။
ခီခန့် (လူပျင်းလေး)
င့ါ..အမေ....။
“ယောက်ကျားဖောင်စီး မိန်းမမီးနေ” တဲ့..သူ့အသက်နဲ့ရင်းပြီး ဒီမြေကြီးကိုနှင်းခွင့်ရအောင်..
ငါ့ကိုမွေးထုတ်ပေးခဲ့တယ်..
“ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”
“လူငယ်ဆိုတာ အမှားမကင်းကြပါဘူး” တဲ့..
သူပြောဖူးတယ် ငါမိုက်မဲစွာနဲ့အမှားများစွာလုပ်ပြီးချိန်ပေါ့..
အမှားလုပ်ခဲ့မိတဲ့ ငါ့ကိုအပြစ်မမြင်တဲ့..
“ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”
“အမေ့အိမ်ဆိုတာ ရွှေငွေတွေ အောင်မြင်မှုတွေမပါလာလည်း..
သားသမီးတွေကို တံခါးဖွင့်ပြီးအမြဲကြိုဆိုလျှက်ပါပဲ” တဲ့..
“ငါ့သား အရာရာဆုံးရှံးသွားခဲ့ရင်လည်း..
ငါ့သားအတွက် အမေ့အိမ်နဲ့ အမေ့ရင်ခွင်ကျန်ရှိနေသေးတယ်”တဲ့...
ငါ့ကိုပြောခဲ့တဲ့ “ဤကျေးဇူးရှင် ငါ့အမေပါပဲ..။”
“မိဘတို့မေတ္တာ ရေစုန်သာရှိ၏”
ဆိုတဲ့အတိုင်း သားသမီးတွေဆီက ဘာမှမမျှော်လင့်ခဲ့ကြဘူး..
ငါ့ကိုပေးဆပ်ခြင်းများစွာနဲ့ ချစ်တဲ့
“င့ါကျေးဇူးရှင် ငါ့အမေပါပဲ”..။
ဖြေပေးကြပါဗျာ..။
အင်း..ဒီနေ့သူငယ်ချင်းထိုင်တွေးနေရင်းနဲ့ ဒီပိုစ့်ကိုရေးဖို့ဖြစ်လာတာပဲဗျာ။ ရွာကသူငယ်ချင်းပေါ့ ငယ်သူငယ်ချင်းပါ ကျတော်တို့ရွာကတောခေါင်တယ်ဗျ။ အလယ်တန်းအထိစာသင်ကျောင်းတော့ရှိတယ် ဒါပေမဲ့ချမ်းသာကြွယ်ဝတဲ့မိသားစု အချို့ကလွဲလို့ဘယ်သူမှအစိုးရပညာရေး ကိုသိပ်အလေးမထားကြဘူးဗျ အလယ်တန်းအထိတာအောင်တယ် တချို့ဆိုမြန်မာစကားကိုကောင်းကောင်းမပြော တတ်ကြဘူးဗျတချို့ဆို ကျောင်းကိုမတက်ကြဘူး တ၀က်တပျက်နဲ့ထွက်လိုက်ကြတာကများပါတယ်။ အဲအထဲမှာကျတော့်သူငယ်ချင်းလဲပါတာပေါ့ ။ သူတို့အိမ်က ကျတော့်အိမ်နဲ့မျက်စောင်းထိုးမှာ ရှိတယ် သူတို့ခြံထဲမှာငယ်ငယ်ကတည်းကကြီးလာတဲ့အထိအတူတူဆော့ကြတယ်ဗျ။ ၀ါးတွေခုတ်ပြီးဝါးနဲ့ဓါးလုပ်ပြီး သိုင်းသမားလုပ်တိုင်းဆော့ကြတာပေါ့ သူတို့ခြံကကျယ်တာကိုးကျတော်တို့ ကစားကွင်းဆိုလဲမမှားပါဘူး။ အဲခြံထဲမှာအမျိုးမျိုးဆော့ကြတာပေါ့ အသက်ငယ်ငယ်တုန်းကခင်ခဲ့တာမို့ သူ့ကိုအခြားသူငယ်ချင်းတွေထက်သံယောဇဉ်တွယ် မိပါတယ်ဗျာ။ တယောက်နဲ့တယောက်စိတ်ဆိုးရင် ညနေစောင်းဆိုကျတော်ကအမြဲတမ်းစပြီးသူ့ကိုခေါ်တယ် နေ့ကူးမခံဘူးကျတော်မှားခဲ့လဲ ကျတော်စပြီးခေါ်တယ်သူ့ကိုပေါ့။ နွေရာသီကျောင်းပိတ်မှကျတော်တို့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံကြရတာ အတူတူဆော့ကြတာပေါ့ အဲဒါကြောင့်ကျတော်က နွေရာသီကျောင်းပိတ်ရက်တွေဆို အရမ်းပျော်တယ်ဗျ။ ဒါပေမဲ့သူကတော့ (၆) တန်းလောက်ကတည်းက ကျောင်းထွက်ပြီးမိဘလုပ်ငန်းကို ၀င်ကူခဲ့တယ်ဗျ အခုအချိန်ဆိုသူက သူ့အဖေအားကိုးရတဲ့သားတယောက်ဖြစ်နေပါပြီဗျာ။ လယ်ယာလုပ်ငန်းကိုသူ့ကောင်းကောင်းလုပ်တတ်နေပြီ ကျတော်ကတော့လှည်းတောင်မမောင်းတတ်ဘူး အဟီး.. လှည်းကိုငယ်ငယ်တုန်းကမောင်းတတ်တယ်။ အခုမမောင်းတတ်တော့ဘူး အဟီး ရွာမှာဆိုသူတို့ရဲ့တပည့်ပေါ့ ကျတော်ကဘာမှမတတ်တာ သူတို့ကကျတော့်ကိုပြောတယ် “မင်းကအားကြီးစိတ်ပျက်ဖို့ကောင်းတယ်”တဲ့ ဘာမှမတတ်လို့တဲ့ အဟီးခံပေါ့ တကယ်မတတ်တာကိုး ဘောပင်ပဲကိုင်လာတဲ့လက်နဲ့ ဘာမှလုပ်စားလို့မရဘူးဆိုတာ အဲအချိန်မှာသိလိုက်ရတယ်ဗျာ။ တခါတလေအမေတို့ ကျတော့်ကိုလာတွေ့ရင် ကျတော်တို့အိမ်ကိုသူတယောက်ထဲလာအိမ်စောင့်ပေးတယ်။ သူနဲ့ကျတော်ကအရမ်းရင်းနှီးတယ်ဗျာ.. အဲကျတော်ဒီရောက်ပြီးမကြာလိုက်ဘူး ကျတော်ဖုန်းဆက်တော့ သူအိမ်ထောင်ကျသွားပြီတဲ့ဗျာ။ကျတော်ဝမ်းနဲ ၊၀မ်းသာဖြစ်မိတယ် ၀မ်းသာတာကသူ့ရဲ့မင်္ဂလာဆောင်သတင်းကိုပေါ့။ ၀မ်းနဲတာကတော့ အချစ်ဆုံးသူငယ်ချင်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာကိုပေါ့။ ကျတော့်သူငယ်ချင်းအိမ်ထောင်ကိုနိုင်အောင်ထိန်းနိုင်ပါ့မလား..? သူတို့အိမ်ထောင်ရေးခိုင်မြဲပါ့မလား..? ဆိုပြီးစိတ်ပူမိတယ်ဗျာ။ ဒီအချိန်အိမ်ထောင်ပြုတာအရမ်းစောသေးတယ် ထင်တယ်အသက်(၁၈)နှစ်က အိမ်ထောင်ပြုဖို့အရမ်းစောမနေဘူးလားဗျာ..။ ရွာမှာဒီလိုမျိုးတွေပါပဲ ဘယ်သူ့ကိုအပြစ်တင်ရမှန်းတောင်မသိဘူး မိဘတွေကလဲခွင့်ပြုတယ် သူတို့ကိုယ်တိုင်ကလဲပြုချင်နေကြတယ် အိမ်ထောင်ရေးကိုကလေးကစားစရာလို့များမှတ်နေကြတာလားမသိဘူးဗျာ။ လွယ်လွယ်ကူကူအိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်ကူကူပဲအိမ်ထောင်ကွဲကြပြန်တယ်။ အခုထိတော့ကျတော့်သူငယ်ချင်းအိမ်ထောင်ကွဲပြီလို့ တော့မကြားမိပါဘူးသူတို့အိမ်ထောင်ရေးခိုင်မာပါစေလို့တော့ ဆုတောင်းပေးပါတယ်ဗျာ။ ကျတော့်သူငယ်ချင်းတွေထဲမှာလဲ တလင်ကွာ၊ တခုလပ်၊ တွေရှိကြပါတယ် လွယ်လွယ်နဲ့လက်ထက် အိမ်ထောင်ပြုခဲ့ကြသလို လွယ်လွယ်နဲ့အိမ်ထောင်ကွဲခဲ့ကြတဲ့ သူတွေပါ။ မိန်းခလေးသူငယ်ချင်းတယောက်ဆို အိမ်ထောင်သက်တမ်း (၃)လလောက်ပဲကြာတယ် နောက်တော့ကွဲသွားကြပြီတဲ့။ ဘယ်သူ့ဘက်ကနစ်နာလဲဗျာ မိန်းခလေးဘက်ပဲမလား (၃) ဆိုတဲ့အချိန်မှာသူ့ကိုပြောင်းလဲလိုက်တယ် အိမ်ထောင်ပြုတာကို ကလေးကစားစရားများမှတ်နေကြလားမသိဘူးဗျာ။ မလိုချင်တော့ရင် ဆောရီး၊ ဘွာတေး၊ ဆိုပြီးပြန်ပြင်လို့ရတာမှမဟုတ်တာ ပညာဗဟုသုတ မပြည့်စုံကြတာကို အပြစ်တင်ရမှာလား..? ဘယ်သူ့ကိုအပစ်တင်ရမှာလဲ..?
စောစီးစွာအိမ်ထောင်ပြုပြီးဖြစ်ကြတဲ့ပြသနာတွေက ငွေရေးကြေးရေးအဆင်မပြေဖြစ်ကြပြီးတော့ နောက်ဆုံးကလေးမျက်နှာကိုတောင် မထောက်တော့ပဲကွဲကြပြန်တယ်။ ကလေးကံဆိုးတာပေါ့ဗျာ ကြီးလာရင်ဘယ်သူ့ကိုအဖေအမေခေါ်ရမှာလဲဗျာ..? အဘိုးအဖွားတွေနဲ့ထားခဲ့ပြီးတယောက်တပေါက် နိုင်ငံခြားလို့ခေါ်တဲ့ (ထိုင်း) နိုင်ငံထဲကိုဝင်သွားကြတယ် ကျတော်တို့ဘက်က ထိုင်းနဲ့နီးတယ်လေ။ ကလေးခမျာအမေဘက် အဘိုးအဖွားတွေနဲ့နေရင် “နင့်အဖေဘယ်မှာလဲ” လို့လာမေးရင်“သေသွားပြီ” လို့ပဲပြန်ပြောတတ်တယ်။ အဖေနံမည်ကို ကြားသာကြားဖူးပြီးမ မှတ်မိတဲ့ဘ၀ အဖေဘက်က အဘိုးအဘွားနဲ့နေရင် အမေဆိုတာနံမည်သာကြားဖူးပြီး “နင့်အမေကော” လို့မေးလာရင် “မသိဘူး” လို့ပြန်ဖြေကြတဲ့အဖြစ်..တကယ်သနားစရာကောင်းပါတယ်ဗျာ။ ထိုင်းထဲမှာလဲလူမျိုးတွေစုံကြတယ် ဆိုတော့ တချို့တွေကထိုင်းထဲမှာပဲ နောက်အိမ်ထောင်ပြုလိုက်ကြတယ်ဗျာ။ ကြည့်.. သူတို့ကလေးမျက်နှာကိုထောက်လားဆိုတာ..။ တကယ်တော့ကလေးကံဆိုးတာပါ ဗုဒ္စဘာသာပီပီ ကံကိုပဲပုံချတော့မယ်ဗျာ..။
တချို့ကြတော့ ပင်ပင်ပန်းပန်းနဲ့ရုန်းကန်ကြရှာတယ် ငယ်ရွယ်သေးတော့ပင်ပန်းတာပေါ့ ဒါပေမဲ့လူနည်းစုပဲပေါ့ဗျာ..။
ဘယ်သူ့ကိုအပြစ်ရမှာလဲ.. ပညာရေးမစုံတာကိုလား..? ခွင့်ပြုခဲ့တဲ့သူတို့မိဘကိုလား..? အိမ်ထောင်ပြုချင်ကြတဲ့သူတို့ကိုယ်တိုင်ကိုလား..? ပျော်စရာတွေများတဲ့ နိုင်ငံခြားအချစ်ဇတ်လမ်းတွဲတွေကိုပဲလား..?
ကျတော့်ကိုဝိုင်းဖြေပေးကြပါဦးဗျာ...။
ခီခန့်
ဒါကဒီလိုရှိတယ်
အဟီး ဒီနေ့တော့ပိုစ့်တင်လိုက်ဦ
.။ ဒီလောက်လေးပဲချရေးလိုက်တော့မယ် အကုန်သာချရေးရင်ပြီးတော့မှာမဟု
သူများသိကုန်ရင်လဲရှက်စရာကြီး လမ်းမှာတွေ့လို့ နင့်က ဟိုတုန်းက ဟိုလိုရေးထားတာမလား..? ဆိုပြီးလူအလည်မှာ လာမေးရင်သွားပြီ.. အဟီး
..။
(၁) အပျင်းကြီး
အဟတ် အပျင်းကြီးတာကတော့မပြောနဲ့တော့..။ ထမင်းစားနေတုန်း တခုခုကို(ငရုတ်သီး ဘာညာ ကွိ ကွပေါ့ )ယူခိုင်းရင် ဆင်ခြေအမျိုးမျိုးပေးတတ်တယ် ထမင်းစားနေတုန်းတင်မဟုတ်ပါဘူး တခုခုခိုင်းတိုင်းပဲ ဆင်ခြင်ပေးတတ်တာ “ဒီထမင်းလေးစားပါရစေဦး စားပြီးရင်ယူပေးမယ် ပြတ်တိပြတ်ထောင်း ဟိုထဒီထနဲ့ဆိုစားရတာ သိပ်မ၀င်ဘူးစားမကုန်ရင်လွင့်ပစ်
အမေကတော့ဘာမှမပြောပါဘူး ပြောလဲဒီအတိုင်းပဲလေ ချီခန့်တို့ကတော့အမေ့ကိုပိုင်
(၂)ကစ်ကန်ကန်
အပျင်းလဲကြီးတယ် နောက်ပြီးကစ်ကန်ကန်ကြီး ကျတော်ကအဖေအမေရှေ့မှာဆို “ဟုတ်ကဲ့ဗျာ” ပဲ အဟီး နောက်ကွယ်မှာလုပ်ချင်တာလုပ်တော့
အဖမ်းတော့မခံရဘူး။ မစီးနဲ့ဆိုမရဘူးထုတ်စီးတယ် သော့သိမ်းထားလဲ ထုတ်စီးတာပဲ ဆီကုန်တော့ သော့ဖျက်ရတယ် ဆီထည့်ဖို့သော့မှမထုတ်ပေးတာ ဖျက်လိုက်တာပေါ့ အဟီး
ချီခန့်တော့အဖမ်းမခံရဘူးလွတ်တယ်
..။
(၃)နောက်ကျတတ်
အဟီး ဒါတော့မယိုနဲ့တူတယ်ဟ နောက်ကျတတ်တယ် အိမ်မှာတုန်းကအိပ်ယာထနောက်ကျ ၊ အဆောင်မှာလဲစာသင်ခန်းထဲဝင်လဲနော
၊ အခုအလုပ်ထဲမှာလဲ နောက်ကျမှဝင်တယ် အမြဲတမ်း(၁၅)မိနစ်နောက်ကျတတ်တယ် ။ အိမ်မှာတော့အဖေအမြဲတမ်းဆူတယ် အိပ်ယာထနောက်ကျလို့ အမေကတော့သားတော်မောင်ကိုလွတ်လပ်
.။ အဆောင်မှာလဲစာကျက်ခန်း စာသင်ခန်းထဲနောက်ကျမှဝင်တတ်တယ် ဆရာမကစာသင်ချိန်မရှိလို့ဆဲမနေေ
။ အဟီး စာကျက်ခန်းထဲကိုတော့(၃၀)မိနစ်ေ
.. ဂိုက်ဆရာမကိုတော့ပိုင်တယ်အေးဆေး ။ ဂိုက်ဆရာမကကျတော်တို့နဲ့မတိမ်း
တိုးတော့တာပဲ
ဲ အဲတုန်းက မျက်နှာနီပြီးထွက်သွားတာ နောက်တခါသူ့အသံပဲဝင်လာတော့တယ် “နောက်၁၅ မိနစ်ဆိုစာကျက်ခန်းထဲရောက်နေပေ
သူလေးရှက်သွားတယ် ထင်ပါ့ အဟီး
။
(၄)အစားရွေး
အဟ.. အစားကလဲရွေးပါ့ အိမ်မှာနေတုန်းကတော့ ပြသနာမရှိဘူးဟ အမေကမကြိုက်တာကိုမချက်ကျွေးဘူးအေဆောင်မှာငါးဟင်းချက်တော့အခက်ေ
ကစ်ကန်ကန်ကောင်ဆိုတော့ ထမင်းပန်းကန်ထဲကို ငါးဟင်းလေးထည့် ဟင်းရည်လေးထည့် တလုတ်လောက်စားပြီးသူတို့ရှေ့မှာ သွန်ပစ်လိုက်တယ် သူတို့က“ဟဲ့ ဘာလို့သွန်ပစ်လိုက်တာတုန်း” ဆိုရင် “မကုန်လို့ ငါးဟင်းမကြိုက်လို့” ပြောလိုက်တယ် အဲဆိုဆရာမငယ်က ကလေးကိုကြက်ဥကြော်ပေးလိုက် လို့အမြဲတမ်းပြောတယ် နောက်ပိုင်းငါးဟင်းမစားတဲ့သူအတွ
..။တခါတလေအငတ်ခံလိုက်တယ် ဆရာမငယ်မရှိရင်ပေါ့။ အဟီး အဲ့လောက်အစားရွေးတာ
အဟီး ။
ဟူး မကောင်းတဲ့အကျင့် ပြန်ပြင်သင့်တာတွေကိုချရေးရင်ေ
ကဲ့မယို ကျတော်ရေးလိုက်ပြီးပြီနော် နောက်လဲတဂ်ဦး မဟုတ်ရင်ပိုစ့်တင်ဖြစ်မှာမဟုတ်


